အန်ဖီးကွင်းမှာ လီဗာပူးက အတ္တလန်တာကို အရေးနိမ့်ခဲ့ရာမှာ လူထုတ်ပုံနဲ့ ပက်သက်ပြီး မန်နေဂျာကလော့ပ်ကို ဝေဖန်မှု လုပ်ကြတာတွေ အများကြီး ရှိခဲ့ပါတယ်။

အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဂိုးပေါက် တည့်မှု တစ်ကြိမ်တောင် မရှိခဲ့သလို ၂ ဂိုးပြတ် အရေးနိမ့်တယ်ဆိုတာက ယာဂင်ကလော့ပ် လက်ထက်မှာ လုံးဝ မရှိဖူးတဲ့ မှတ်တမ်းဖြစ်တယ်။ တကယ်တမ်း ပြောရရင် ဒီမှတ်တမ်းမျိုးကို နောက်ဆုံး မြင်ခဲ့ရတာက လွန်ခဲ့တဲ့ ၁၇ နှစ်ဖြစ်တဲ့ ဂျရတ်ဟူးလီယာခေတ်လောက်က ဖြစ်ပါတယ်။

ဒီလို ဆိုးရွာတဲ့ ပုံစံဖြင့် အရေးနိမ့်ခဲ့တာအတွက် ပရိသတ်တွေ စိတ်ပျက်သင့်တာကာ ဖြစ်သင့်ပေမယ့် ရွေးချယ်မှုတွေကလည်း အခြေအနေအရဖြစ်ပြီး လက်ခံပေးရမယ်ဆိုတာကို လီဗာပူးဖန်ဆိုဒ့်ဖြစ်တဲ့ TIA က အခုလို ဖော်ပြပါတယ်။

ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကြောင့် ညံ့ဖျင်းတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့ရတယ်။ အချို့ ကစားသမားတွေရဲ့ ကွင်းတွင်း ပုံစံတွေက လောက်လောက်လားလား မရှိခဲ့ပေမယ့် အမှန်တရားကတော့ ကလော့ပ်ဟာ သူလုပ်ရမယ့် ရှေ့ဆက်တိုးမှုကို လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

၇ ရက် (သို့) ၈ ရက်တိုင်းမှာ ၃ ပွဲ ယှဉ်ပြိုင်နေရချိန်မှာ ပွဲတိုင်းအတွက် တူညီတဲ့ လူစာရင်းကို မထုတ်သုံးနိုင်ပါဘူး။ ဒါက စွန့်စားမှု သိပ်ကြီးပါတယ်။ အစွန်သမားတွေ၊ ခံစစ်မှူးနဲ့ ကွင်းလယ်အပြင် တိုက်စစ်မှူးနေရာတွေမှာ လီဗာပူးက အတိမ်းအစောင်း မခံနိုင်ပါဘူး။ ဒီနေရာတွေမှာ အပြောင်းအလဲတွေနဲ့ ကုစားမှုက လုပ်ကို လုပ်ရမယ့် အနေအထားဖြစ်တယ်။

ထရန့်နဲ့ ရော်ဘတ်ဆန်လို အကောင်းဆုံး အစွန်လူတွေ မထည့်နိုင်ချိန်မှာ အစွန်တွေက လိုအပ်သလို တိုက်စစ်ကို ထောက်ပံ့မှု မလုပ်ပေးနိုင်ဘူး။ ထရန့်က ဒဏ်ရာရနေပြီး ရော်ဘတ်ဆန်ကလည်း နိုင်ငံပွဲ ပွဲဆက်များမှု ကလပ်မှာ ပွဲဆက် များမှုတွေအရ နားခွင့်ပေးနိုင်သလောက် ပွဲမိနစ်တွေကို အနားပေးဖို့ လိုအပ်ခဲ့တယ်။

သီယာဂို၊ ချိန်ဘာလိန်၊ ကိတ်တာ၊ ရှာကွီရီတို့ ဒဏ်ရာရနေပြီး ဟန်ဒါဆန် မပါနိုင်ချိန်မှာ ကွင်းလယ်ပိုင်းက ဂျုံးကို ဆက်တိုက် သုံးလာရတာကလည်း ဖြစ်သင့်တဲ့ အနေအထားပဲ ဖြစ်ပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း လူစာရင်း ပြတ်လှပ်လာလို့ ခံစစ်အဖြစ် သုံးနေရတဲ့ ဖာဘင်ညိုကိုတောင် ဝိုက်နယ်ဒမ်နဲ့ လူစားလဲခဲ့ရတယ်။

ဂီနီ တစ်ပွဲလုံး မကစားခဲ့တာ၊ ရိုဘို၊ မာတစ်၊ ဖာမင်နို၊ ဂျိုတာနဲ့ ဖာဘင်ညိုတို့ တစ်ပွဲလုံး မကစားခဲ့တာတွေဟာ ဘရိုက်တန်နဲ့ပွဲအတွက် သူတို့ရဲ့ အင်အားတွေကို ကျန်နေစေမယ်ဆိုတာ သံသယမရှိပါဘူး။

ချန်ပီယံလိဂ်မှာ လူစားလဲမှု ၅ ခုလုံးကို အပြည့် သုံးနေတဲ့ အနေအထားအရ ကလော့ပ်ဟာ ဒဏ်ရာပြဿနာ အကြီးအကျယ် ထိုးနှက်ခံနေရတဲ့ လူစာရင်းဖြင့် ဒီဇင်ဘာလို ကာလကို ဝင်ရောက်ဖို့ ဘယ်လောက်တောင် အလေးအနက်ထားနေလဲဆိုတာ သိသာပါတယ်။

လီဗာပူးဟာ အတ္တလန်တာကို စိတ်ပိုင်းဖြတ် ယှဉ်ပြိုင်နိုင်ခြင်း မရှိဘူး။ စွမ်းဆောင်ရည် မကောင်းသလို၊ ပုံမှန် ကစားနိုင်စွမ်းတွေကိုလည်း မပြသနိုင်ပါဘူး။ ဒါပေမယ့်လို့ ချန်ပီယံလိဂ် အုပ်စုတွင်းမှာ အုပ်စုဗိုလ် အနေအထားဖြစ်ပြီး အေဂျက်နဲ့ အိမ်ကွင်းပွဲ၊ မစ်ဂျီရန်နဲ့ အဝေးကွင်းပွဲဆိုတဲ့ ချန်ပီယံလိဂ် လက်ကျန် ၂ ပွဲထဲက ၁ ပွဲနိုင်ရင်ကို ရံှူးထွက်ရောက်မှာဖြစ်တယ်။

လူစာရင်းနဲ့ ရလဒ်တွေ ပြောင်းခဲ့ပေမယ့် လီဗာပူးရဲ့ ဦးတည်ချက်တွေက ယိမ်းယိုင်သွားဦးမှာ မဟုတ်ဘဲ ဒီအပတ် အကုန်မှာ ပြည်တွင်းပွဲစဉ်တွေထံ ဦးပြန်လှည့်မှာဖြစ်တယ်။ အရံှူးရလဒ်အတွက်တော့ ဘယ်လို ရံှူးရံှူး အားလုံးက စိတ်ပျက်ကြတာပါပဲ။ အရေးကြီးတာကတော့ လမ်းကြောင်း လွဲချော်မသွားစေဖို့ ဘရိုက်တန်ကို အကောင်းဆုံး တုန့်ပြန်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။

ZAWGYI

အန္ဖီးကြင္းမွာ လီဗာပူးက အတၱလန္တာကို အေရးနိမ့္ခဲ့ရာမွာ လူထုတ္ပံုနဲ႔ ပက္သက္ျပီး မန္ေနဂ်ာကေလာ့ပ္ကို ေဝဖန္မႈ လုပ္ၾကတာေတြ အမ်ားၾကီး ရွိခဲ့ပါတယ္။

အိမ္ကြင္းမွာ ယွဥ္ျပိဳင္တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ ဂိုးေပါက္ တည့္မႈ တစ္ၾကိမ္ေတာင္ မရွိခဲ့သလို ၂ ဂိုးျပတ္ အေရးနိမ့္တယ္ဆိုတာက ယာဂင္ကေလာ့ပ္ လက္ထက္မွာ လံုးဝ မရွိဖူးတဲ့ မွတ္တမ္းျဖစ္တယ္။ တကယ္တမ္း ေျပာရရင္ ဒီမွတ္တမ္းမ်ိဳးကို ေနာက္ဆံုး ျမင္ခဲ့ရတာက လြန္ခဲ့တဲ့ ၁၇ ႏွစ္ျဖစ္တဲ့ ဂ်ရတ္ဟူးလီယာေခတ္ေလာက္က ျဖစ္ပါတယ္။

ဒီလို ဆိုးရြာတဲ့ ပံုစံျဖင့္ အေရးနိမ့္ခဲ့တာအတြက္ ပရိသတ္ေတြ စိတ္ပ်က္သင့္တာကာ ျဖစ္သင့္ေပမယ့္ ေရြးခ်ယ္မႈေတြကလည္း အေျခအေနအရျဖစ္ျပီး လက္ခံေပးရမယ္ဆိုတာကို လီဗာပူးဖန္ဆိုဒ့္ျဖစ္တဲ့ TIA က အခုလို ေဖာ္ျပပါတယ္။

ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ ညံ့ဖ်င္းတဲ့ ရလဒ္ကို ပိုင္ဆိုင္ခဲ့ရတယ္။ အခ်ိဳ႔ ကစားသမားေတြရဲ႕ ကြင္းတြင္း ပံုစံေတြက ေလာက္ေလာက္လားလား မရွိခဲ့ေပမယ့္ အမွန္တရားကေတာ့ ကေလာ့ပ္ဟာ သူလုပ္ရမယ့္ ေရွ႔ဆက္တိုးမႈကို လုပ္ခဲ့တာပဲ ျဖစ္ပါတယ္။

၇ ရက္ (သို႔) ၈ ရက္တိုင္းမွာ ၃ ပြဲ ယွဥ္ျပိဳင္ေနရခ်ိန္မွာ ပြဲတိုင္းအတြက္ တူညီတဲ့ လူစာရင္းကို မထုတ္သံုးႏုိင္ပါဘူး။ ဒါက စြန္႔စားမႈ သိပ္ၾကီးပါတယ္။ အစြန္သမားေတြ၊ ခံစစ္မွဴးနဲ႔ ကြင္းလယ္အျပင္ တိုက္စစ္မွဴးေနရာေတြမွာ လီဗာပူးက အတိမ္းအေစာင္း မခံႏုိင္ပါဘူး။ ဒီေနရာေတြမွာ အေျပာင္းအလဲေတြနဲ႔ ကုစားမႈက လုပ္ကို လုပ္ရမယ့္ အေနအထားျဖစ္တယ္။

ထရန္႔နဲ႔ ေရာ္ဘတ္ဆန္လို အေကာင္းဆံုး အစြန္လူေတြ မထည့္ႏုိင္ခ်ိန္မွာ အစြန္ေတြက လိုအပ္သလို တိုက္စစ္ကို ေထာက္ပံ့မႈ မလုပ္ေပးႏုိင္ဘူး။ ထရန္႔က ဒဏ္ရာရေနျပီး ေရာ္ဘတ္ဆန္ကလည္း ႏုိင္ငံပြဲ ပြဲဆက္မ်ားမႈ ကလပ္မွာ ပြဲဆက္ မ်ားမႈေတြအရ နားခြင့္ေပးႏုိင္သေလာက္ ပြဲမိနစ္ေတြကို အနားေပးဖို႔ လိုအပ္ခဲ့တယ္။

သီယာဂို၊ ခ်ိန္ဘာလိန္၊ ကိတ္တာ၊ ရွာကီြရီတို႔ ဒဏ္ရာရေနျပီး ဟန္ဒါဆန္ မပါႏုိင္ခ်ိန္မွာ ကြင္းလယ္ပိုင္းက ဂ်ံဳးကို ဆက္တိုက္ သံုးလာရတာကလည္း ျဖစ္သင့္တဲ့ အေနအထားပဲ ျဖစ္ပါတယ္။ ကြင္းလယ္ပိုင္းမွာလည္း လူစာရင္း ျပတ္လွပ္လာလို႔ ခံစစ္အျဖစ္ သံုးေနရတဲ့ ဖာဘင္ညိဳကိုေတာင္ ဝိုက္နယ္ဒမ္နဲ႔ လူစားလဲခဲ့ရတယ္။

ဂီနီ တစ္ပြဲလံုး မကစားခဲ့တာ၊ ရိုဘို၊ မာတစ္၊ ဖာမင္ႏို၊ ဂ်ိဳတာနဲ႔ ဖာဘင္ညိဳတို႔ တစ္ပြဲလံုး မကစားခဲ့တာေတြဟာ ဘရိုက္တန္နဲ႔ပြဲအတြက္ သူတို႔ရဲ႕ အင္အားေတြကို က်န္ေနေစမယ္ဆိုတာ သံသယမရွိပါဘူး။

ခ်န္ပီယံလိဂ္မွာ လူစားလဲမႈ ၅ ခုလံုးကို အျပည့္ သံုးေနတဲ့ အေနအထားအရ ကေလာ့ပ္ဟာ ဒဏ္ရာျပႆနာ အၾကီးအက်ယ္ ထိုးႏွက္ခံေနရတဲ့ လူစာရင္းျဖင့္ ဒီဇင္ဘာလို ကာလကို ဝင္ေရာက္ဖို႔ ဘယ္ေလာက္ေတာင္ အေလးအနက္ထားေနလဲဆိုတာ သိသာပါတယ္။

လီဗာပူးဟာ အတၱလန္တာကို စိတ္ပိုင္းျဖတ္ ယွဥ္ျပိဳင္ႏုိင္ျခင္း မရွိဘူး။ စြမ္းေဆာင္ရည္ မေကာင္းသလို၊ ပံုမွန္ ကစားႏုိင္စြမ္းေတြကိုလည္း မျပသႏုိင္ပါဘူး။ ဒါေပမယ့္လို႔ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ အုပ္စုဗိုလ္ အေနအထားျဖစ္ျပီး ေအဂ်က္နဲ႔ အိမ္ကြင္းပြဲ၊ မစ္ဂ်ီရန္နဲ႔ အေဝးကြင္းပြဲဆိုတဲ့ ခ်န္ပီယံလိဂ္ လက္က်န္ ၂ ပြဲထဲက ၁ ပဲြႏုိင္ရင္ကို ရံွဴးထြက္ေရာက္မွာျဖစ္တယ္။

လူစာရင္းနဲ႔ ရလဒ္ေတြ ေျပာင္းခဲ့ေပမယ့္ လီဗာပူးရဲ႕ ဦးတည္ခ်က္ေတြက ယိမ္းယိုင္သြားဦးမွာ မဟုတ္ဘဲ ဒီအပတ္ အကုန္မွာ ျပည္တြင္းပြဲစဥ္ေတြထံ ဦးျပန္လွည့္မွာျဖစ္တယ္။ အရံွဴးရလဒ္အတြက္ေတာ့ ဘယ္လို ရံွဴးရံွဴး အားလံုးက စိတ္ပ်က္ၾကတာပါပဲ။ အေရးၾကီးတာကေတာ့ လမ္းေၾကာင္း လြဲေခ်ာ္မသြားေစဖို႔ ဘရိုက္တန္ကို အေကာင္းဆံုး တုန္႔ျပန္ဖို႔ပဲ ျဖစ္ပါလိမ့္မယ္။