လီဗာပူးအသင်းက အတ္တလန်တာကို ၂-၀ ဖြင့် အရေးနိမ့်ပြီး အေဂျက်က မစ်ဂျီရန်ကို ၃-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် အုပ်စု D အတွင်းမှာ အပြောင်းအလဲ အနည်းငယ် မြင်လာရပြီဖြစ်ပါတယ်။

လီဗာပူးက ၄ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်ဖြင့် ထိပ်ဆုံးမှာ ဆက်ရှိနေခဲ့ပြီး အတ္တလန်တာနဲ့ အေဂျက်တို့က ၄ ပွဲကစား ရမှတ် ၇ မှတ်တွေ ရထားကြပြီဖြစ်ပါတယ်။ သို့ပေမယ့် ဒိန်းမတ်ကလပ် မစ်ဂျီရန်ကတော့ ချန်ပီယံလိဂ်ကို အုပ်စုအဆင့်ကနေ လက်ပြခဲ့ရပြီဖြစ်ကာ ယူရိုပါလိဂ်မှာလည်း ကစားခွင့်ရတော့မှာ မဟုတ်ပါဘူး။

လက်ကျန် ၂ ပွဲအနက် လီဗာပူးက အေဂျက်ကို အိမ်ကွင်း၊ မစ်ဂျီရန်ကို အဝေးကွင်းတွေမှာ သွားရောက် ယှဉ်ပြိုင်ရမယ်။ အတ္တလန်တာကတော့ အေဂျက်၊ မစ်ဂျီရန်တို့နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ အေဂျက်ဟာ အုပ်စုအဆင့်ကို ကျော်လွန်သွားနိုင်တဲ့ ၂ သင်းလုံးကို ထိပ်တိုက် ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။

လက်တလော အခြေအနေအရ လီဗာပူးဟာ လက်ကျန်ပွဲ ၂ ပွဲထဲက ၁ ပွဲ နိုင်လိုက်တာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့က ရာနှုန်းပြည့် သေချာတယ်။ မဟုတ်လို့ အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမယ့် အေဂျက်နဲ့ပွဲမှာ သရေကျခဲ့မယ်ဆိုရင်လည်း မစ်ဂျီရန်ပွဲ ရလဒ်ကို စောင့်စရာမလိုဘဲ နောက်တစ်ဆင့်ကို တက်ရောက်သွားတော့မှာ ဖြစ်ပါတယ်။

အေဂျက်က နောက်တစ်ဆင့်ကို တက်လိုတယ်ဆိုရင် လီဗာပူးနဲ့ပွဲ မည်သည့်ရလဒ် ထွက်ပေါ်သည်ဖြစ်စေ အနည်းဆုံး အတ္တလန်တာကို အနိုင်ရဖို့ လိုအပ်မှာဖြစ်တယ်။ အတ္တလန်တာကတော့ မစ်ဂျီရန်ကို အနိုင်ယူထားပြီး အေဂျက်နဲ့ပွဲကို အရေးမနိမ့်ခဲ့ရင်ကိုပဲ နောက်တစ်ဆင့်ကို တက်ရောက်သွားပါမယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်မှာက ရမှတ်တူနေရင် နှစ်သင်း ထိပ်တိုက်တွေ့မှုမှာ အသာစီးရမှုကို အရင်ကြည့်မှာဖြစ်ပြီး ပြီးမှ ဂိုးကွာခြားချက်နဲ့ ဂိုးသွင်းတဲ့ အနေအထားတွေကို ဆက်လက် ကြည့်သွားမှာပါ။

အုပ်စုအဆင့် ထိပ်တိုက် တွေ့ဆုံမှု၊ ဂိုးကွာခြားမှုတွေအရ အုပ်စုအဆင့်ကနေ ကျော်လွန်ဖို့အတွက် လီဗာပူးက အချောင်ဆုံး အနေအထားဖြစ်ပြီး အေဂျက်ကတော့ အကြပ်တည်းဆုံး အနေအထားကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက အတၱလန္တာကို ၂-၀ ျဖင့္ အေရးနိမ့္ျပီး ေအဂ်က္က မစ္ဂ်ီရန္ကို ၃-၁ ျဖင့္ အႏုိင္ရခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ အုပ္စု D အတြင္းမွာ အေျပာင္းအလဲ အနည္းငယ္ ျမင္လာရျပီျဖစ္ပါတယ္။

လီဗာပူးက ၄ ပြဲကစား ၃ ပြဲႏုိင္ ရမွတ္ ၉ မွတ္ျဖင့္ ထိပ္ဆံုးမွာ ဆက္ရွိေနခဲ့ျပီး အတၱလန္တာနဲ႔ ေအဂ်က္တို႔က ၄ ပြဲကစား ရမွတ္ ၇ မွတ္ေတြ ရထားၾကျပီျဖစ္ပါတယ္။ သို႔ေပမယ့္ ဒိန္းမတ္ကလပ္ မစ္ဂ်ီရန္ကေတာ့ ခ်န္ပီယံလိဂ္ကို အုပ္စုအဆင့္ကေန လက္ျပခဲ့ရျပီျဖစ္ကာ ယူရိုပါလိဂ္မွာလည္း ကစားခြင့္ရေတာ့မွာ မဟုတ္ပါဘူး။

လက္က်န္ ၂ ပြဲအနက္ လီဗာပူးက ေအဂ်က္ကို အိမ္ကြင္း၊ မစ္ဂ်ီရန္ကို အေဝးကြင္းေတြမွာ သြားေရာက္ ယွဥ္ျပိဳင္ရမယ္။ အတၱလန္တာကေတာ့ ေအဂ်က္၊ မစ္ဂ်ီရန္တို႔နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ေအဂ်က္ဟာ အုပ္စုအဆင့္ကို ေက်ာ္လြန္သြားႏုိင္တဲ့ ၂ သင္းလံုးကို ထိပ္တိုက္ ယွဥ္ျပိဳင္ရဦးမွာျဖစ္ပါတယ္။

လက္တေလာ အေျခအေနအရ လီဗာပူးဟာ လက္က်န္ပြဲ ၂ ပြဲထဲက ၁ ပြဲ ႏုိင္လိုက္တာနဲ႔ ေနာက္တစ္ဆင့္ကို တက္ေရာက္ဖို႔က ရာႏႈန္းျပည့္ ေသခ်ာတယ္။ မဟုတ္လို႔ အန္ဖီးမွာ ယွဥ္ျပိဳင္ကစားရမယ့္ ေအဂ်က္နဲ႔ပြဲမွာ သေရက်ခဲ့မယ္ဆိုရင္လည္း မစ္ဂ်ီရန္ပြဲ ရလဒ္ကို ေစာင့္စရာမလိုဘဲ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားေတာ့မွာ ျဖစ္ပါတယ္။

ေအဂ်က္က ေနာက္တစ္ဆင့္ကို တက္လိုတယ္ဆိုရင္ လီဗာပူးနဲ႔ပြဲ မည္သည့္ရလဒ္ ထြက္ေပၚသည္ျဖစ္ေစ အနည္းဆံုး အတၱလန္တာကို အႏုိင္ရဖို႔ လိုအပ္မွာျဖစ္တယ္။ အတၱလန္တာကေတာ့ မစ္ဂ်ီရန္ကို အႏုိင္ယူထားျပီး ေအဂ်က္နဲ႔ပြဲကို အေရးမနိမ့္ခဲ့ရင္ကိုပဲ ေနာက္တစ္ဆင့္ကို တက္ေရာက္သြားပါမယ္။

ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာက ရမွတ္တူေနရင္ ႏွစ္သင္း ထိပ္တိုက္ေတြ႔မႈမွာ အသာစီးရမႈကို အရင္ၾကည့္မွာျဖစ္ျပီး ျပီးမွ ဂိုးကြာျခားခ်က္နဲ႔ ဂိုးသြင္းတဲ့ အေနအထားေတြကို ဆက္လက္ ၾကည့္သြားမွာပါ။

အုပ္စုအဆင့္ ထိပ္တိုက္ ေတြ႔ဆံုမႈ၊ ဂိုးကြာျခားမႈေတြအရ အုပ္စုအဆင့္ကေန ေက်ာ္လြန္ဖို႔အတြက္ လီဗာပူးက အေခ်ာင္ဆံုး အေနအထားျဖစ္ျပီး ေအဂ်က္ကေတာ့ အၾကပ္တည္းဆံုး အေနအထားကို ေရာက္ရွိေနျပီ ျဖစ္ပါတယ္။