ဗြိတိန်မှာတော့ ဒီဇင်ဘာလ ၂ ရက်နေ့ကနေစပြီး လော့ဒေါင်းတွေကို ဖြေလျော့မှုတွေ ပြုလုပ်ပေးတော့မှာဖြစ်ကာ အားကစားကွင်းတွေထဲ ပရိသတ် ဝင်ခွင့်တွေကို ပြန်လည် ခွင့်ပြုလာပါတော့မယ်။

အစောပိုင်းမှာ ကိုဗစ်ဗိုင်းရပ်စ် ပျံ့နှံ့မှုမြင့်တဲ့ လီဗာပူးဟာ အန္တရာယ်ကြီးတဲ့ ဒေသဖြစ်ခြင်းကြောင့် ပရိသတ်တွေ ဝင်ခွင့်မရဘဲ ကွင်းပိတ်ပဲ ဆက်ကစားရမယ်လို့ သိထားရတယ်။ သို့ပေမယ့်လို့ လီဗာပူးမြို့ကော်စီရဲ့ နယ်ပယ်တွင်း ထိန်းချုပ်မှုတွေကို လုပ်ဆောင်နိုင်ခြင်းကြောင့် Tier 2 အဆင့်ထဲ ဝင်ရောက်လာပါတယ်။

Tier 2 မှာတော့ အားကစားကွင်းထဲ ပရိသတ် ၂၀၀၀ ထက် မပိုတဲ့ အရေအတွက်နဲ့ ကွင်းဝင်ဆံ့မှုရဲ့ ၅၀% ထက် မပိုတဲ့ ပရိသတ်တွေကို ဝင်ခွင့်ပေးမှာဖြစ်တယ်။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် အန်ဖီးကွင်းက ပရိသတ် ၅ သောင်းကျော်ဆံ့ပေမယ့် လူ ၂၀၀၀ ဝင်ခွင့်ရမှာဖြစ်ပြီး အနားက ပရိသတ် ၅ ထောင်ဆံ့ ကွင်းအတွက်လည်း ၅၀% ထက်မကျော်တဲ့ လူ ၂၀၀၀ ဝင်ခွင့်ရပါမယ်။

လီဗာပူးရဲ့ လာမယ့် အိမ်ကွင်းပွဲဟာ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဝုဗ်နဲ့ပွဲဖြစ်ကာ အဆိုပါပွဲမှာတင် ပရိသတ်တွေ စတင် ဝင်ရောက်လာဖို့ ကလပ်က စီစဉ်ဖွယ်ရှိပါတယ်။ အဝေးကွင်း ပရိသတ်တွေကတော့ ဝင်ခွင့်ရဦးမှာ မဟုတ်ခြင်းကြောင့် အန်ဖီးကွင်းမှာ လီဗာပူးပရိသတ် သီးသန့်သာ ရှိနေဦးမှာပါ။

Tier 2 အတွက် သက်မှတ်ချက်ထဲမှာတော့ အဆိုပါအဆင့် သက်မှတ်ခံထားရတဲ့ နယ်အချင်းချင်းကို အများပြည်သူ ခရီးသွားခွင့်ရှိပြီး အန္တရာယ်ဇုံအဖြစ် သက်မှတ်ထားဆဲ Tier 3 ကိုတော့ သွားခွင့်ရမှာ မဟုတ်ပါဘူး။

ဗြိတိန်အစိုးရက ကိုဗစ်ကာလအတွင်း အားကစားကွင်းထဲမှာ ပရိသတ်တွေရဲ့ အားပေးနိုင်ခွင့် ပုံစံတွေကို အကန့်အသတ် လုပ်ထားသေးတာကြောင့် အော်ဟစ်အားပေးခြင်း၊ သီချင်းဆိုခြင်းလို ကိစ္စတွေကိုတော့ ခွင့်ပြုသွားမှာ မဟုတ်ပါဘူး။

ZAWGYI

ျဗိတိန္မွာေတာ့ ဒီဇင္ဘာလ ၂ ရက္ေန႔ကေနစျပီး ေလာ့ေဒါင္းေတြကို ေျဖေလ်ာ့မႈေတြ ျပဳလုပ္ေပးေတာ့မွာျဖစ္ကာ အားကစားကြင္းေတြထဲ ပရိသတ္ ဝင္ခြင့္ေတြကို ျပန္လည္ ခြင့္ျပဳလာပါေတာ့မယ္။

အေစာပိုင္းမွာ ကိုဗစ္ဗိုင္းရပ္စ္ ပ်ံ႔ႏွံ႔မႈျမင့္တဲ့ လီဗာပူးဟာ အႏၱရာယ္ၾကီးတဲ့ ေဒသျဖစ္ျခင္းေၾကာင့္ ပရိသတ္ေတြ ဝင္ခြင့္မရဘဲ ကြင္းပိတ္ပဲ ဆက္ကစားရမယ္လို႔ သိထားရတယ္။ သို႔ေပမယ့္လို႔ လီဗာပူးျမိဳ႔ေကာ္စီရဲ႕ နယ္ပယ္တြင္း ထိန္းခ်ဳပ္မႈေတြကို လုပ္ေဆာင္ႏုိင္ျခင္းေၾကာင့္ Tier 2 အဆင့္ထဲ ဝင္ေရာက္လာပါတယ္။

Tier 2 မွာေတာ့ အားကစားကြင္းထဲ ပရိသတ္ ၂၀၀၀ ထက္ မပိုတဲ့ အေရအတြက္နဲ႔ ကြင္းဝင္ဆံ့မႈရဲ႕ ၅၀% ထက္ မပိုတဲ့ ပရိသတ္ေတြကို ဝင္ခြင့္ေပးမွာျဖစ္တယ္။ ဥပမာအားျဖင့္ ေျပာရမယ္ဆိုရင္ အန္ဖီးကြင္းက ပရိသတ္ ၅ ေသာင္းေက်ာ္ဆံ့ေပမယ့္ လူ ၂၀၀၀ ဝင္ခြင့္ရမွာျဖစ္ျပီး အနားက ပရိသတ္ ၅ ေထာင္ဆံ့ ကြင္းအတြက္လည္း ၅၀% ထက္မေက်ာ္တဲ့ လူ ၂၀၀၀ ဝင္ခြင့္ရပါမယ္။

လီဗာပူးရဲ႕ လာမယ့္ အိမ္ကြင္းပြဲဟာ ဒီဇင္ဘာလ ၅ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ ဝုဗ္နဲ႔ပြဲျဖစ္ကာ အဆိုပါပြဲမွာတင္ ပရိသတ္ေတြ စတင္ ဝင္ေရာက္လာဖို႔ ကလပ္က စီစဥ္ဖြယ္ရွိပါတယ္။ အေဝးကြင္း ပရိသတ္ေတြကေတာ့ ဝင္ခြင့္ရဦးမွာ မဟုတ္ျခင္းေၾကာင့္ အန္ဖီးကြင္းမွာ လီဗာပူးပရိသတ္ သီးသန္႔သာ ရွိေနဦးမွာပါ။

Tier 2 အတြက္ သက္မွတ္ခ်က္ထဲမွာေတာ့ အဆိုပါအဆင့္ သက္မွတ္ခံထားရတဲ့ နယ္အခ်င္းခ်င္းကို အမ်ားျပည္သူ ခရီးသြားခြင့္ရွိျပီး အႏၱရာယ္ဇုံအျဖစ္ သက္မွတ္ထားဆဲ Tier 3 ကိုေတာ့ သြားခြင့္ရမွာ မဟုတ္ပါဘူး။

ျဗိတိန္အစိုးရက ကိုဗစ္ကာလအတြင္း အားကစားကြင္းထဲမွာ ပရိသတ္ေတြရဲ႕ အားေပးႏုိင္ခြင့္ ပံုစံေတြကို အကန္႔အသတ္ လုပ္ထားေသးတာေၾကာင့္ ေအာ္ဟစ္အားေပးျခင္း၊ သီခ်င္းဆိုျခင္းလို ကိစၥေတြကိုေတာ့ ခြင့္ျပဳသြားမွာ မဟုတ္ပါဘူး။