အတ္တလန်တာ ရံှူးပွဲအပြီးမှာ မန်နေဂျာ ကလော့ပ်က ” ပွဲကောင်းတစ်ပွဲ မဟုတ်ခဲ့ပါဘူး။ နှစ်သင်းလုံး အခွင့်အရေး ဖန်တီးမှုတွေ သိပ်မလုပ်နိုင်ခဲ့ဘူး။ အတ္တလန်တာဘက်က သွင်းဂိုး ၂ ဂိုး မသွင်းနိုင်ချိန်ထိပေါ့။ ခက်ခဲတဲ့ပွဲနဲ့အတူ ထိုက်တန်တဲ့ ရံှူးပွဲလည်း ဖြစ်ခဲ့ပါတယ်။ ” လို့ ဝန်ခံခဲ့တယ်။

မီဒီယာတွေ့ဆုံမှုမှာ လီဗာပူး ညံ့ဖျင်းခဲ့ပါတယ်ဆိုတာကို ဝန်ခံမှုနဲ့အတူ ကျရောက်လာမယ့် ဝေဖန်မှုတွေကို ခံယူသွားမယ်ဆိုတာကို ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အရံှူးရလဒ်ကို အကြာကြီး ခံစားနေဖို့ အချိန်မရှိပါဘူး။ စနေနေ့မှာပဲ လီဗာပူးဟာ ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားရဦးမှာပါ။

မန်နေဂျာကလော့ပ်က အသင်းအဝတ်လဲခန်းထဲမှာ ကစားသမားတွေကို မှာကြားစရာရှိတာတွေကို မှာကြားခဲ့တယ်။ အတ္တလန်တာကို ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေဖြင့် ယှဉ်ပြိုင်ကစားခဲ့တဲ့ အသင်းသားတွေကိုလည်း နာကျင်ချိန် အကြာကြီး မရတာကို သတိထပ်ပေးခဲ့တယ်။

ကလော့ပ်က “ ကောင်လေးတွေကို စိတ်ပျက်ဖို့ အချိန် ၁၀ မိနစ် ပေးခဲ့ပါတယ်။ အဝတ်လဲခန်းထဲမှာ အသင်းသားတွေကို’အရံှူးရဲ့ ခါးသီးမှုကို ခံစားလိုက်ကြစမ်းကွာ၊ ဒီအခြေအနေမှာ ခံစားရမှာပဲ ဒါပေမယ့် ဒီအချိန်ပြီးရင် ပြန်လည် အားဖြည့်မှုတွေ စတင်မယ်၊ ငါတို့ နောက်တစ်ကြိမ် ထပ်ပြီး ယှဉ်ပြိုင်ရမယ်’ လို့ သတိပေးခဲ့တယ် ” ဆိုပြီး ပြောပြတယ်။

မန်နေဂျာကလော့ပ်က BT Sport ကိုပဲ စနေနေ့ အစောပိုင်းမှာ ပြန်လည် ယှဉ်ပြိုင်ရမယ့်ပွဲက ရာဇဝတ်မှု ကျူးလွန်ခံရတာနဲ့ အတူတူပဲလို့ ပြတ်ပြတ်သားသား ပြောခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ အိုရီဂီ၊ ကိုစတက်တို့ဟာ အရန်ခုံမှာပဲ ရှိနေမှာဖြစ်ကာ တောင့်တင်းတဲ့ လူစာရင်းနဲ့အတူ အနိုင်ရမှတ် ရယူဖို့ကိုပဲ မန်နေဂျာက အာရုံစိုက်သွားဖို့ ရှိနေပါတယ်။

ZAWGYI

အတၱလန္တာ ရံွဴးပြဲအျပီးမွာ မန္ေနဂ်ာ ကေလာ့ပ္က ” ပြဲေကာင္းတစ္ပြဲ မဟုတ္ခဲ့ပါဘူး။ ႏွစ္သင္းလံုး အခြင့္အေရး ဖန္တီးမႈေတြ သိပ္မလုပ္ႏုိင္ခဲ့ဘူး။ အတၱလန္တာဘက္က သြင္းဂိုး ၂ ဂိုး မသြင္းႏုိင္ခ်ိန္ထိေပါ့။ ခက္ခဲတဲ့ပြဲနဲ႔အတူ ထိုက္တန္တဲ့ ရံွဴးပြဲလည္း ျဖစ္ခဲ့ပါတယ္။ ” လို႔ ဝန္ခံခဲ့တယ္။

မီဒီယာေတြ႔ဆံုမႈမွာ လီဗာပူး ညံ့ဖ်င္းခဲ့ပါတယ္ဆိုတာကို ဝန္ခံမႈနဲ႔အတူ က်ေရာက္လာမယ့္ ေဝဖန္မႈေတြကုိ ခံယူသြားမယ္ဆိုတာကို ေၾကညာခဲ့ျခင္း ျဖစ္ပါတယ္။ ဒါေပမယ့္လို႔ အရံွဴးရလဒ္ကို အၾကာၾကီး ခံစားေနဖို႔ အခ်ိန္မရွိပါဘူး။ စေနေန႔မွာပဲ လီဗာပူးဟာ ဘရိုက္တန္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားရဦးမွာပါ။

မန္ေနဂ်ာကေလာ့ပ္က အသင္းအဝတ္လဲခန္းထဲမွာ ကစားသမားေတြကို မွာၾကားစရာရွိတာေတြကို မွာၾကားခဲ့တယ္။ အတၱလန္တာကို ဆိုးရြားတဲ့ စြမ္းေဆာင္ရည္ေတြျဖင့္ ယွဥ္ျပိဳင္ကစားခဲ့တဲ့ အသင္းသားေတြကိုလည္း နာက်င္ခ်ိန္ အၾကာၾကီး မရတာကို သတိထပ္ေပးခဲ့တယ္။

ကေလာ့ပ္က “ ေကာင္ေလးေတြကို စိတ္ပ်က္ဖို႔ အခ်ိန္ ၁၀ မိနစ္ ေပးခဲ့ပါတယ္။ အဝတ္လဲခန္းထဲမွာ အသင္းသားေတြကို’အရံွဴးရဲ႕ ခါးသီးမႈကို ခံစားလိုက္ၾကစမ္းကြာ၊ ဒီအေျခအေနမွာ ခံစားရမွာပဲ ဒါေပမယ့္ ဒီအခ်ိန္ျပီးရင္ ျပန္လည္ အားျဖည့္မႈေတြ စတင္မယ္၊ ငါတို႔ ေနာက္တစ္ၾကိမ္ ထပ္ျပီး ယွဥ္ျပိဳင္ရမယ္’ လို႔ သတိေပးခဲ့တယ္ ” ဆိုျပီး ေျပာျပတယ္။

မန္ေနဂ်ာကေလာ့ပ္က BT Sport ကိုပဲ စေနေန႔ အေစာပိုင္းမွာ ျပန္လည္ ယွဥ္ျပိဳင္ရမယ့္ပြဲက ရာဇဝတ္မႈ က်ဴးလြန္ခံရတာနဲ႔ အတူတူပဲလို႔ ျပတ္ျပတ္သားသား ေျပာခဲ့တယ္။ ဒီတစ္ၾကိမ္မွာေတာ့ အိုရီဂီ၊ ကိုစတက္တို႔ဟာ အရန္ခံုမွာပဲ ရွိေနမွာျဖစ္ကာ ေတာင့္တင္းတဲ့ လူစာရင္းနဲ႔အတူ အႏုိင္ရမွတ္ ရယူဖို႔ကိုပဲ မန္ေနဂ်ာက အာရံုစိုက္သြားဖို႔ ရွိေနပါတယ္။