ကမ္ဘာဘောလုံးဂန္တဝင်ကြီးဖြစ်တဲ့ မာရာဒိုနာဟာ သူဟာ လီဗာပူးအသင်းကို ရင်ထဲကနေ စွဲမြဲစွာ အားပေးမယ့်အကြောင်းကို နုတ်ကနေ ထုတ်ပြောခဲ့ဖူးပါတယ်။

၂၀၀၅ ခုနှစ်မှာ လီဗာပူးက အေစီမီလန်ကို ပထမပိုင်း ၄၅ မိနစ်မှာ ၃ ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ဒုတိယပိုင်းမှာ ခြေပဂိုး ၃ ဂိုးပြန်သွင်းခဲ့တယ်။ နာကျင်အချိန်ပို မိနစ် ၃၀ ကို ကြံ့ကြံ့ခံခဲ့ကာ ပင်နယ်တီမှာတော့ အနိုင်ရပြီး ၅ ကြိမ်မြောက် ဥရောပ ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။

Istanbul ပွဲအပြီးမှာ မာရာဒိုနာက “ အံ့ဖွယ်ထူးကဲ ကိစ္စဆိုတာ တကယ်ရှိပါလားဆိုတာကို အင်္ဂလန်ကလပ်က သက်သေပြခဲ့ပါပြီ။ အခုကစပြီး လီဗာပူးဟာ ကျနော် အားပေးတဲ့ အင်္ဂလန်ကလပ်ဖြစ်လာခဲ့ပါပြီ။ လီဗာပူးအသင်းက အားကစားရဲ့ အလှတရားကို အပေါ်လွင်ဆုံး ထုတ်ပြခဲ့တာပါပဲ ” လို့ ဆိုခဲ့တာပါ။

ဘုရာပေးသောလက်ဖြင့် နာမည်ကြီးခဲ့တဲ့ မာရာဒိုနာဟာ မနေ့ကပဲ အသက် ၆၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ဘောလုံးလောကရဲ့ မဟာဂန္တဝင်ကြီးကို ဆုံးရံှူးရမှုဖြစ်ပြီး ဒီဆုံးရံှူးမှုနဲ့ ပက်သက်လို့ ဝမ်းနည်းမိကြောင်းကို မန်နေဂျာကလော့ပ်က ထုတ်ဖော်ခဲ့ပါတယ်။

လီဗာပူးမန်နေဂျာက “ ကျနော်အသက် ၅၃ နှစ်ရှိပါပြီ။ ဘဝတစ်လျှောက်လုံးမှာ သူ ပါဝင်ခဲ့သလို ခံစားရတယ်။ ကျနော် အရမ်းငယ်ရွယ်တဲ့ ၈ နှစ် ၉ နှစ်လို အရွယ်မှာပဲ သူကတော့ ၁၆၊ ၁၇ နှစ်အရွယ်ရျိနေပါပြီ။

သူ ဘောလုံးကစားတာတွေကို မြင်ခဲ့ရပြီး အတော်လေး အားကျခဲ့ရတယ်။ ပီလီ၊ မာရာဒိုနာ၊ မက်ဆီတို့က လက်ရွေးစင်တွေရဲ့ စံနမူနာတွေပါပဲ။ သူ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို ကျနော် ကြည့်ခဲ့ရတာ မကြာသေးပါဘူး။ ဒီယေဂိုကတော့ သိပ်ကို ထူးချွန်တဲ့ ဘဲကြီးဖြစ်ပြီး မာရာဒိုနာကတော့ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ အဲ့လိုပဲ ပြောပါရစေ၊ နှစ်ဦးလုံးကိုတော့ လွမ်းနေမှာပါ ” လို့ ဆိုခဲ့ပါတယ်။

မာရာဒိုနာဟာ ကစားသမားဘဝမှာ စံနမူနာယူရအောင် ထူးချွန်ခဲ့သလောက် ကစားသမားဘဝ နောက်ပိုင်းမှာတော့ မှားယွင်းတဲ့ အပြုအမှုတွေ အကျင့်စရိုက်တွေနဲ့အတူ အနိမ့်အမြင့် အတက်အကျ များလှတဲ့ အားကစားသမားတစ်ယောက်ရဲ့ဘဝကို ကျော်ဖြတ်ခဲ့သူပဲ ဖြစ်ပါတယ်။

ZAWGYI

ကမၻာေဘာလံုးဂႏၱဝင္ၾကီးျဖစ္တဲ့ မာရာဒိုနာဟာ သူဟာ လီဗာပူးအသင္းကို ရင္ထဲကေန စြဲျမဲစြာ အားေပးမယ့္အေၾကာင္းကို ႏုတ္ကေန ထုတ္ေျပာခဲ့ဖူးပါတယ္။

၂၀၀၅ ခုႏွစ္မွာ လီဗာပူးက ေအစီမီလန္ကို ပထမပိုင္း ၄၅ မိနစ္မွာ ၃ ဂိုးျပတ္ အေရးနိမ့္ခဲ့ျပီး ဒုတိယပိုင္းမွာ ေျခပဂိုး ၃ ဂိုးျပန္သြင္းခဲ့တယ္။ နာက်င္အခ်ိန္ပို မိနစ္ ၃၀ ကို ၾကံ႕ၾကံ႕ခံခဲ့ကာ ပင္နယ္တီမွာေတာ့ အႏုိင္ရျပီး ၅ ၾကိမ္ေျမာက္ ဥေရာပ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမာက္ႏုိင္ခဲ့ပါတယ္။

Istanbul ပြဲအျပီးမွာ မာရာဒိုနာက “ အံ့ဖြယ္ထူးကဲ ကိစၥဆိုတာ တကယ္ရွိပါလားဆိုတာကို အဂၤလန္ကလပ္က သက္ေသျပခဲ့ပါျပီ။ အခုကစျပီး လီဗာပူးဟာ က်ေနာ္ အားေပးတဲ့ အဂၤလန္ကလပ္ျဖစ္လာခဲ့ပါျပီ။ လီဗာပူးအသင္းက အားကစားရဲ႕ အလွတရားကို အေပၚလြင္ဆံုး ထုတ္ျပခဲ့တာပါပဲ ” လို႔ ဆိုခဲ့တာပါ။

ဘုရာေပးေသာလက္ျဖင့္ နာမည္ၾကီးခဲ့တဲ့ မာရာဒိုနာဟာ မေန႔ကပဲ အသက္ ၆၀ အရြယ္မွာ ကြယ္လြန္သြားခဲ့ပါျပီ။ ေဘာလံုးေလာကရဲ႕ မဟာဂႏၱဝင္ၾကီးကို ဆံုးရံွဴးရမႈျဖစ္ျပီး ဒီဆံုးရံွဴးမႈနဲ႔ ပက္သက္လို႔ ဝမ္းနည္းမိေၾကာင္းကို မန္ေနဂ်ာကေလာ့ပ္က ထုတ္ေဖာ္ခဲ့ပါတယ္။

လီဗာပူးမန္ေနဂ်ာက “ က်ေနာ္အသက္ ၅၃ ႏွစ္ရွိပါျပီ။ ဘဝတစ္ေလွ်ာက္လံုးမွာ သူ ပါဝင္ခဲ့သလို ခံစားရတယ္။ က်ေနာ္ အရမ္းငယ္ရြယ္တဲ့ ၈ ႏွစ္ ၉ ႏွစ္လို အရြယ္မွာပဲ သူကေတာ့ ၁၆၊ ၁၇ ႏွစ္အရြယ္ရ်ိေနပါျပီ။

သူ ေဘာလံုးကစားတာေတြကို ျမင္ခဲ့ရျပီး အေတာ္ေလး အားက်ခဲ့ရတယ္။ ပီလီ၊ မာရာဒိုနာ၊ မက္ဆီတို႔က လက္ေရြးစင္ေတြရဲ႕ စံနမူနာေတြပါပဲ။ သူ႔ရဲ႕ မွတ္တမ္းရုပ္ရွင္ကို က်ေနာ္ ၾကည့္ခဲ့ရတာ မၾကာေသးပါဘူး။ ဒီေယဂိုကေတာ့ သိပ္ကို ထူးခၽြန္တဲ့ ဘဲၾကီးျဖစ္ျပီး မာရာဒိုနာကေတာ့ အေတာ္ေလး ရုန္းကန္ခဲ့ရပါတယ္။ အဲ့လိုပဲ ေျပာပါရေစ၊ ႏွစ္ဦးလံုးကိုေတာ့ လြမ္းေနမွာပါ ” လို႔ ဆိုခဲ့ပါတယ္။

မာရာဒိုနာဟာ ကစားသမားဘဝမွာ စံနမူနာယူရေအာင္ ထူးခၽြန္ခဲ့သေလာက္ ကစားသမားဘဝ ေနာက္ပိုင္းမွာေတာ့ မွားယြင္းတဲ့ အျပဳအမႈေတြ အက်င့္စရိုက္ေတြနဲ႔အတူ အနိမ့့္အျမင့္ အတက္အက် မ်ားလွတဲ့ အားကစားသမားတစ္ေယာက္ရဲ႕ဘဝကို ေက်ာ္ျဖတ္ခဲ့သူပဲ ျဖစ္ပါတယ္။