လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ ပြီးခဲ့တဲေ့နွကမှ လီဗာပူးအသင်းထံ ရောက်လာပြီး မာဆေးဆိုဒ်ကလပ် အတွက် သက်ရောက်မှုကောင်းတွေ ပြသထားပြီ ဖြစ်တဲ့ ပေါ်တူဂီသား တိုက်စစ်မှူး ဂျိုတာရဲ့ စွမ်းဆောင်ရည်တွေကို အံ့သြနှစ်ခြိုက်နေပါတယ်။ ဂျိုတာရဲ့ လတ်တလော ခြေစွမ်းက ဘယ်လိုမှ လျစ်လျူရှုမထားသင့်တဲ့ အနေအထား ဖြစ်နေပြီလို့ အိုဝင်က ယုံကြည်နေပါတယ်။

တကယ်လို့သာ လီဗာပူးအသင်းဟာ မနက်ဖြန်သာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမယ့် ဆိုရင် ဂျိုတာဟာ လီဗာပူး အစဉ်တစိုက် အားထားလာရတဲ့ တိုက်စစ်မှူး ဖာမီနို ကိုတောင် ကျော်ပြီး ပွဲထွက်ခွင့် ရနိုင်တယ်လို့လည်း အိုဝင်က တင်စား သုံးသပ်ပြောဆိုခဲ့ပါတယ်။

” ဂျိုတာ ဘယ်လောက်ထိ ကောင်းလာနိုင်သေးလဲ ဆိုတာက ဘယ်သူမှ မှန်းမမြင်နိုင်သေးတော့ ဖာမီနို နေရာက ခြိမ်းခြောက်မှု ခံနေရပြီလို့ ကျနော် ထင်ပါတယ်။ ဂျိုတာကတော့ ကျနော့်ကို အံ့အားသင့်စေခဲ့တယ်။ သူ့ကို ဝုဗ်မှာတည်းက သဘောကျခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ လီဗာပူးမှာ ကစားနေတာ မြင်တော့ သူဟာ ဒီအသင်း အတွက် ကစားဖို့ မွေးလာသလိုကို အံဝင်နေခဲ့တယ်။

သူက ကျနော် ထင်ထားတာထက် ပိုမြန်နေတယ်။ သူက နည်းစနစ်ပိုင်း ကျေညက် ကောင်းမွန်သူ ဆိုတာတော့ သိထားပြီးသားပါ။ ဒါပေမယ့် သူ့ရဲ့ အချိန်ကိုက် ပြေးလွှားမှုတွေ၊ ချိတ်ဆက်မှုတွေက အသင်းမှာ ကွက်တိ အံဝင်နေရာကျနေတာ တွေ့ခဲ့ရတယ်။ အသင်းမှာ ဒီလို တိုက်စစ်သမားတွေ ပိုင်ဆိုင်ထားတော့ အချိန်တိုင်း သွင်းဂိုးတွေ အတွက် ပါဝင်လာကြမှာကို သိထားရတာ ကောင်းမွန်ပါတယ်။

သူတို့က ခင်ဗျားတို့ ထင်ထားတာထက် ပို သန်မာပါတယ်။ အထူးသဖြင့် ဆာလက်နဲ့ မာနေးပေါ့။ သူတို့က နွားပေါက် တစ်ကောင်လိုကို သန်မာတယ်။ ချက်ချင်း ခင်ဗျားတို့ဆီ ပြေးလားပြီး ဘယ်သူမဆို တိုက်စစ် အထောင် ဖြစ်သွားနိုင်တယ်။ ဒါပေမယ့် ဂျိုတာကတော့ ဒါတွေအားလုံး သက်တောင့်သက်သာ ပါဝင်နေနိုင်တယ်။ ဂျိုတာက ပွဲထွက်မှာ ပါကို ပါရတော့မှာပါ။ မနက်ဖြန် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ကစားရမယ် ဆိုရင်တောင် သူ့ကို ချန်လှပ်ထားခဲ့လို့ မရဘူး။” လို့ အိုဝင်က ပြောဆိုခဲ့ပါတယ်။

အသက် ၂၃ နှစ် အရွယ် ပေါ်တူဂီသားဟာ လီဗာပူးအတွက် ၁၃ ပွဲ ကစားပြီးချိန်မှာ ၈ ဂိုးထိ သွင်းယူထားပြီ ဖြစ်ပြီး သွင်းဂိုးတွေ လိုအပ်နေတဲ့ လီဗာပူးကို အမြဲ ဖြည့်ဆည်းဖို့ အသင့် ရှိနေတာကို ပြသထားပါတယ်။

Zawgyi – လီဗာပူးတိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ ျပီးခဲ့တဲေ့ႏြကမွ လီဗာပူးအသင္းထံ ေရာက္လာျပီး မာေဆးဆိုဒ္ကလပ္ အတြက္ သက္ေရာက္မႈေကာင္းေတြ ျပသထားျပီ ျဖစ္တဲ့ ေပၚတူဂီသား တိုက္စစ္မွဴး ဂ်ိဳတာရဲ႕ စြမ္းေဆာင္ရည္ေတြကို အံ့ၾသနွစ္ျခိဳက္ေနပါတယ္။ ဂ်ိဳတာရဲ႕ လတ္တေလာ ေျခစြမ္းက ဘယ္လိုမွ လ်စ္လ်ဴရႈမထားသင့္တဲ့ အေနအထား ျဖစ္ေနျပီလို႔ အို၀င္က ယံုၾကည္ေနပါတယ္။

တကယ္လို႔သာ လီဗာပူးအသင္းဟာ မနက္ျဖန္သာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ကစားရမယ့္ ဆိုရင္ ဂ်ိဳတာဟာ လီဗာပူး အစဥ္တစိုက္ အားထားလာရတဲ့ တိုက္စစ္မွဴး ဖာမီနို ကိုေတာင္ ေက်ာ္ျပီး ပြဲထြက္ခြင့္ ရနုိင္တယ္လို႔လည္း အို၀င္က တင္စား သံုးသပ္ေျပာဆိုခဲ့ပါတယ္။

” ဂ်ိဳတာ ဘယ္ေလာက္ထိ ေကာင္းလာနုိင္ေသးလဲ ဆိုတာက ဘယ္သူမွ မွန္းမျမင္နုိင္ေသးေတာ့ ဖာမီနို ေနရာက ျခိမ္းေျခာက္မႈ ခံေနရျပီလို႔ က်ေနာ္ ထင္ပါတယ္။ ဂ်ိဳတာကေတာ့ က်ေနာ့္ကို အံ့အားသင့္ေစခဲ့တယ္။ သူ႔ကို ၀ုဗ္မွာတည္းက သေဘာက်ခဲ့ပါတယ္။ ဒါေပမယ့္ ခ်က္ခ်င္းဆိုသလိုပဲ လီဗာပူးမွာ ကစားေနတာ ျမင္ေတာ့ သူဟာ ဒီအသင္း အတြက္ ကစားဖို႔ ေမြးလာသလုိကို အံ၀င္ေနခဲ့တယ္။

သူက က်ေနာ္ ထင္ထားတာထက္ ပိုျမန္ေနတယ္။ သူက နည္းစနစ္ပိုင္း ေက်ညက္ ေကာင္းမြန္သူ ဆိုတာေတာ့ သိထားျပီးသားပါ။ ဒါေပမယ့္ သူ႔ရဲ႕ အခ်ိန္ကိုက္ ေျပးလႊားမႈေတြ၊ ခ်ိတ္ဆက္မႈေတြက အသင္းမွာ ကြက္တိ အံ၀င္ေနရာက်ေနတာ ေတြ႔ခဲ့ရတယ္။ အသင္းမွာ ဒီလို တိုက္စစ္သမားေတြ ပိုင္ဆိုင္ထားေတာ့ အခ်ိန္တိုင္း သြင္းဂိုးေတြ အတြက္ ပါ၀င္လာၾကမွာကို သိထားရတာ ေကာင္းမြန္ပါတယ္။

သူတို႔က ခင္ဗ်ားတို႔ ထင္ထားတာထက္ ပို သန္မာပါတယ္။ အထူးသျဖင့္ ဆာလက္နဲ႕ မာေနးေပါ့။ သူတို႔က ႏြားေပါက္ တစ္ေကာင္လိုကို သန္မာတယ္။ ခ်က္ခ်င္း ခင္ဗ်ားတို႔ဆီ ေျပးလားျပီး ဘယ္သူမဆို တိုက္စစ္ အေထာင္ ျဖစ္သြားနိုင္တယ္။ ဒါေပမယ့္ ဂ်ိဳတာကေတာ့ ဒါေတြအားလံုး သက္ေတာင့္သက္သာ ပါ၀င္ေနနိုင္တယ္။ ဂ်ိဳတာက ပြဲထြက္မွာ ပါကို ပါရေတာ့မွာပါ။ မနက္ျဖန္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ကစားရမယ္ ဆိုရင္ေတာင္ သူ႔ကို ခ်န္လွပ္ထားခဲ့လို႔ မရဘူး။” လို႔ အို၀င္က ေျပာဆိုခဲ့ပါတယ္။

အသက္ ၂၃ နွစ္ အရြယ္ ေပၚတူဂီသားဟာ လီဗာပူးအတြက္ ၁၃ ပြဲ ကစားျပီးခ်ိန္မွာ ၈ ဂိုးထိ သြင္းယူထားျပီ ျဖစ္ျပီး သြင္းဂိုးေတြ လိုအပ္ေနတဲ့ လီဗာပူးကို အျမဲ ျဖည့္ဆည္းဖို႔ အသင့္ ရွိေနတာကို ျပသထားပါတယ္။