ချန်ပီယံလိဂ်ပြိုင်ပွဲအဖြစ် အုပ်စုတွင်းပွဲစဉ် နောက်ဆုံးပွဲဖြစ်လာမယ့် လီဗာပူးနဲ့ မစ်ဂျီရန်ပွဲကို ဒိန်မတ်မြေမှာ မကစားဘဲ ဂျာမနီမြေမှာ ကစားဖို့အတွက် အတည်ပြုခဲ့ကြပြီဖြစ်ပါတယ်။

ဒိန်းမတ်ဟာ ဗြိတိန်အစိုးရရခဲ့ ကန်သတ်ထားတဲ့ နိုင်ငံစာရင်းထဲ ပါဝင်သွားခဲ့ပြီဖြစ်တယ်။ ဒိန်းမတ်ကနေ ပြန်လာတဲ့သူတိုင်း ၁၄ ရက် ကွာရန်တင်းနေရမယ်လို့ ဗြိတိန်အစိုးရက သက်မှတ်ခဲ့ရာက ပရိသတ်ပါဝင်ခွင့်မရှိတဲ့ အဆိုပါပွဲကို ကြားကွင်းမှာ ကစားဖို့ စီစဉ်ခဲ့ကြပါတယ်။

ယူအီးအက်ဖ်အေက လီဗာပူးပွဲအတွက် ကြားကွင်းတစ်ခုကို ရှာပေးခဲ့ပြီး ဒီဇင်ဘာလ ၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲကိုတော့ ဒေါ့မွန်တို့ရဲ့ Signual Iduna Park မှာ ကစားမှာဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။

မန်နေဂျာကလော့ပ်ရဲ့ အသင်းဟောင်းကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်အကြောင်း သတင်းထောက် အများအပြားက အတည်ပြုလာတယ်။ သို့ပေမယ့်လို့ ကွင်းပြောင်းကစားမယ့် အခြေအနေကို ယူအီးအက်ဖ်အေကော လီဗာပူးအသင်းကပါ အတည်ပြု သတင်းထုတ်ပြန်လာခြင်း မရှိသေးပါဘူး။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ရံှူးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အေဂျက်နဲ့ ယှဉ်ပြိုင်ရမယ့် အိမ်ကွင်းပွဲကို သရေရလဒ်ရယူနိုင်ဖို့လိုအပ်တယ်။ မဟုတ်ခဲ့ရင်တော့ မစ်ဂျီရန်အသင်းကို အနိုင်ကစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

အုပ်စုတွင်းမှာတော့ လီဗာပူးအသင်းဟာ ရမှတ် ၉ မှတ်ဖြင့် အုပ်စု ဗိုလ်နေရာမှာ ရှိနေပြီး အေဂျက်နဲ့ အတ္တလန်တာက ရမှတ်တူ ၇ မှတ်တွေဖြင့် အုပ်စု ဒုတိယနဲ့ တတိယနေရာတွေမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

ZAWGYI

ခ်န္ပီယံလိဂ္ျပိဳင္ပြဲအျဖစ္ အုပ္စုတြင္းပြဲစဥ္ ေနာက္ဆံုးပြဲျဖစ္လာမယ့္ လီဗာပူးနဲ႔ မစ္ဂ်ီရန္ပြဲကို ဒိန္မတ္ေျမမွာ မကစားဘဲ ဂ်ာမနီေျမမွာ ကစားဖို႔အတြက္ အတည္ျပဳခဲ့ၾကျပီျဖစ္ပါတယ္။

ဒိန္းမတ္ဟာ ျဗိတိန္အစိုးရရခဲ့ ကန္သတ္ထားတဲ့ ႏုိင္ငံစာရင္းထဲ ပါဝင္သြားခဲ့ျပီျဖစ္တယ္။ ဒိန္းမတ္ကေန ျပန္လာတ့ဲသူတိုင္း ၁၄ ရက္ ကြာရန္တင္းေနရမယ္လို႔ ျဗိတိန္အစိုးရက သက္မွတ္ခဲ့ရာက ပရိသတ္ပါဝင္ခြင့္မရွိတဲ့ အဆိုပါပြဲကို ၾကားကြင္းမွာ ကစားဖို႔ စီစဥ္ခဲ့ၾကပါတယ္။

ယူအီးအက္ဖ္ေအက လီဗာပူးပြဲအတြက္ ၾကားကြင္းတစ္ခုကို ရွာေပးခဲ့ျပီး ဒီဇင္ဘာလ ၉ ရက္ေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ ခ်န္ပီယံလိဂ္ပြဲကိုေတာ့ ေဒါ့မြန္တို႔ရဲ႕ Signual Iduna Park မွာ ကစားမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့တာပါ။

မန္ေနဂ်ာကေလာ့ပ္ရဲ႕ အသင္းေဟာင္းကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ပြဲစဥ္အေၾကာင္း သတင္းေထာက္ အမ်ားအျပားက အတည္ျပဳလာတယ္။ သို႔ေပမယ့္လို႔ ကြင္းေျပာင္းကစားမယ့္ အေျခအေနကို ယူအီးအက္ဖ္ေအေကာ လီဗာပူးအသင္းကပါ အတည္ျပဳ သတင္းထုတ္ျပန္လာျခင္း မရွိေသးပါဘူး။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ကို တက္ေရာက္ႏုိင္ဖို႔ ေအဂ်က္နဲ႔ ယွဥ္ျပိဳင္ရမယ့္ အိမ္ကြင္းပြဲကို သေရရလဒ္ရယူႏုိင္ဖို႔လိုအပ္တယ္။ မဟုတ္ခဲ့ရင္ေတာ့ မစ္ဂ်ီရန္အသင္းကို အႏုိင္ကစားဖို႔ လိုအပ္မွာျဖစ္ပါတယ္။

အုပ္စုတြင္းမွာေတာ့ လီဗာပူးအသင္းဟာ ရမွတ္ ၉ မွတ္ျဖင့္ အုပ္စု ဗိုလ္ေနရာမွာ ရွိေနျပီး ေအဂ်က္နဲ႔ အတၱလန္တာက ရမွတ္တူ ၇ မွတ္ေတြျဖင့္ အုပ္စု ဒုတိယနဲ႔ တတိယေနရာေတြမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။