ဘရိုက်တန်ပွဲကြို လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးမှာတော့ ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန် ပြန်သက်သာလာပြီး အသင်းနဲ့ အပြည့်အဝ ပြန်လည် ပူးပေါင်းခဲ့ပါပြီ။

ဒါပေမယ့်လို့ သီယာဂို၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ထရန့်၊ ရှာကွီရီတို့ကတော့ အသင်းနဲ့အတူ ပူးပေါင်းနိုင်ခဲ့ခြင်း မရှိပါဘူး။ အတွင်းသတင်းအဖြစ် ထွက်ပေါ်လာနေရာမှာ သောကြာနေ့ လေ့ကျင့်ရေးမှာ သီယာဂိုဟာ အသင်းနဲ့ ပါဝင်သွားနိုင်ပါတယ်။ ဒါပေမယ့်လို့ လီဗာပူးက သူ့ရဲ့ ပုံရိပ်တွေကို ထုတ်ပြမှာ မဟုတ်သလို ဘရိုက်တန်နဲ့ပွဲအတွက်လည်း ရွေးချယ်မှာ မဟုတ်ဘူး။

မန်နေဂျာကလော့ပ်က ကစားသမားတွေရဲ့ အခြေအနေကို သူကိုယ်တိုင်တောင် မသိဘဲ ဆေးအဖွဲ့က မီးစိမ်းပြသူတွေကိုပဲ လေ့ကျင့်ရေးကွင်းထဲ ဝင်လာစေခဲ့တယ်။ သီယာဂိုကို လီဗာပူး ရည်မှန်းထားတာက ဒီဇင်ဘာပွဲတွေမှာ ပါဝင်စေဖို့ဖြစ်တယ်လို့ သိရတယ်။

လီဗာပူးအသင်းဟာ ကာလရှည် ဒဏ်ရာအဖြစ် ဗန်ဒိုက်၊ ဂိုးမက်စ်တို့ ဒဏ်ရာရှိနေပြီး သီယာဂို အပါအဝင် စီနီယာ ၅ ဦးက ဒီဇင်ဘာထဲမှာ ပြန်ကစားလာနိုင်ချေ ရှိပါတယ်။ ဒါပေမယ့်လို့ ပြိုင်ဘက်အသင်းတွေကတော့ မတူညီကြပါဘူး။

မန်စီးတီးအသင်းရဲ့ ခံစစ်မှူး အကီဟာ လေ့ကျင့်ရေးကွင်းထဲ ပြန်ဝင်လာပါပြီ။ ၎င်းတို့ဟာ ၂၀၂၀ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်သင်းလုံး ဒဏ်ရာပြဿနာ လုံးဝ မရှိဘဲ လေ့ကျင့်ရေး ဆင်းနိုင်ခဲ့ပြီဖြစ်တယ်။ မန်စီးတီးဟာ နွေတုန်းက ခံစစ်သမား ၂ ဦး တိုက်စစ်သမား ၁ ဦး ခေါ်ယူမှုနဲ့အတူ အခုဆိုရင်တော့ နေရာစုံ အင်အားတောင့်တင်းနေပါပြီ။

ချယ်ဆီးအသင်းဟာ တိုက်စစ်သမားဖြစ်တဲ့ ပူလီဆစ် တစ်ဦးတည်းကိုပဲ ဒဏ်ရာကြောင့် လက်လွတ်ထားရတယ်။ ဒါပေမယ့် ဒီအပတ်အကုန် စပါးနဲ့ပွဲမှာ အမေရိကန် တိုက်စစ်သမားကို ပြန်သုံးနိုင်မှာဖြစ်လို့ သူတို့ အသင်းမှာလည်း ဒဏ်ရာပြဿနာ လုံးဝ ကင်းစင်လာတော့မှာပါ။

ထိပ်သီးအသင်းတွေထဲမှာ ကြံ့ခိုင်မှု ရုန်းကန်နေရတာက လီဗာပူးတစ်သင်းတည်း ကျန်ခဲ့ပြီး ဒီဇင်ဘာနဲ့ ဇန်နဝါရီလတွေမှာတော့ ကြပ်တည်းတဲ့ ပွဲတွေအတွက် အင်အားပြည့်စေဖို့ မန်နေဂျာကလော့ပ် ကြိုးစားရတော့မှာ ဖြစ်ပါတယ်။

ZAWGYI

ဘရိုက္တန္ပြဲၾကိဳ လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရးမွာေတာ့ ဒဏ္ရာရေနတဲ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ျပန္သက္သာလာျပီး အသင္းနဲ႔ အျပည့္အဝ ျပန္လည္ ပူးေပါင္းခဲ့ပါျပီ။

ဒါေပမယ့္လို႔ သီယာဂို၊ ကိတ္တာ၊ ခ်ိန္ဘာလိန္၊ ထရန္႔၊ ရွာကီြရီတို႔ကေတာ့ အသင္းနဲ႔အတူ ပူးေပါင္းႏုိင္ခဲ့ျခင္း မရွိပါဘူး။ အတြင္းသတင္းအျဖစ္ ထြက္ေပၚလာေနရာမွာ ေသာၾကာေန႔ ေလ့က်င့္ေရးမွာ သီယာဂိုဟာ အသင္းနဲ႔ ပါဝင္သြားႏုိင္ပါတယ္။ ဒါေပမယ့္လို႔ လီဗာပူးက သူ႔ရဲ႕ ပံုရိပ္ေတြကို ထုတ္ျပမွာ မဟုတ္သလို ဘရိုက္တန္နဲ႔ပြဲအတြက္လည္း ေရြးခ်ယ္မွာ မဟုတ္ဘူး။

မန္ေနဂ်ာကေလာ့ပ္က ကစားသမားေတြရဲ႕ အေျခအေနကို သူကိုယ္တိုင္ေတာင္ မသိဘဲ ေဆးအဖြဲ႔က မီးစိမ္းျပသူေတြကိုပဲ ေလ့က်င့္ေရးကြင္းထဲ ဝင္လာေစခဲ့တယ္။ သီယာဂိုကို လီဗာပူး ရည္မွန္းထားတာက ဒီဇင္ဘာပြဲေတြမွာ ပါဝင္ေစဖို႔ျဖစ္တယ္လို႔ သိရတယ္။

လီဗာပူးအသင္းဟာ ကာလရွည္ ဒဏ္ရာအျဖစ္ ဗန္ဒိုက္၊ ဂိုးမက္စ္တို႔ ဒဏ္ရာရွိေနျပီး သီယာဂို အပါအဝင္ စီနီယာ ၅ ဦးက ဒီဇင္ဘာထဲမွာ ျပန္ကစားလာႏုိင္ေခ် ရွိပါတယ္။ ဒါေပမယ့္လို႔ ျပိဳင္ဘက္အသင္းေတြကေတာ့ မတူညီၾကပါဘူး။

မန္စီးတီးအသင္းရဲ႕ ခံစစ္မွဴး အကီဟာ ေလ့က်င့္ေရးကြင္းထဲ ျပန္ဝင္လာပါျပီ။ ၄င္းတို႔ဟာ ၂၀၂၀ ခုႏွစ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ တစ္သင္းလံုး ဒဏ္ရာျပႆနာ လံုးဝ မရွိဘဲ ေလ့က်င့္ေရး ဆင္းႏုိင္ခဲ့ျပီျဖစ္တယ္။ မန္စီးတီးဟာ ေႏြတုန္းက ခံစစ္သမား ၂ ဦး တိုက္စစ္သမား ၁ ဦး ေခၚယူမႈနဲ႔အတူ အခုဆိုရင္ေတာ့ ေနရာစံု အင္အားေတာင့္တင္းေနပါျပီ။

ခ်ယ္ဆီးအသင္းဟာ တိုက္စစ္သမားျဖစ္တဲ့ ပူလီဆစ္ တစ္ဦးတည္းကိုပဲ ဒဏ္ရာေၾကာင့္ လက္လြတ္ထားရတယ္။ ဒါေပမယ့္ ဒီအပတ္အကုန္ စပါးနဲ႔ပြဲမွာ အေမရိကန္ တိုက္စစ္သမားကို ျပန္သံုးႏုိင္မွာျဖစ္လို႔ သူတို႔ အသင္းမွာလည္း ဒဏ္ရာျပႆနာ လံုးဝ ကင္းစင္လာေတာ့မွာပါ။

ထိပ္သီးအသင္းေတြထဲမွာ ၾကံ႕ခိုင္မႈ ရုန္းကန္ေနရတာက လီဗာပူးတစ္သင္းတည္း က်န္ခဲ့ျပီး ဒီဇင္ဘာနဲ႔ ဇန္နဝါရီလေတြမွာေတာ့ ၾကပ္တည္းတဲ့ ပြဲေတြအတြက္ အင္အားျပည့္ေစဖို႔ မန္ေနဂ်ာကေလာ့ပ္ ၾကိဳးစားရေတာ့မွာ ျဖစ္ပါတယ္။