ဘရိုက်တန်မန်နေဂျာ ဂရေဟမ်ပေါ်တာက လီဗာပူးနဲ့ပွဲကြိုမှာ ပရီးမီးယားလိဂ် ချန်ပီယံတွေကို ချီးကျူးလိုက်ပြီး ကမ္ဘာအကောင်းဆုံး တိုက်စစ်ကို ပိုင်ဆိုင်ထားတယ်လို့ ထုတ်ပြောလာပါတယ်။

ဘရိုက်တန်ဟာ ပေါ်တာလက်ထက်မှာ ကစားပုံ တိုးတက်လာတဲ့အသင်းဖြစ်သလို ကြံ့ခိုင်စွာ ကစားနိုင်မှုနဲ့ ပက်သက်လို့လည်း နာမည်ကြီးပါတယ်။ လီဗာပူးကစားသမားဟောင်း လယ်လာနာနဲ့ ချယ်ဆီးကစားသမားဟောင်း လမ့်တေးတို့ တောက်ပနေပြီး အမှတ်ပေးဇယား ရပ်တည်မှုကတော့ သိပ်မကောင်းလှသေးပါဘူး။

ဂရေဟမ် ပေါ်တာက ” ဆာလက်ကို အထောင်တိုက်စစ်နေရာထားပြီး ဖာမင်နိုကို နံပါတ် ၁၀ နေရာထားတာက အလုပ်ဖြစ်နိုင်ပါတယ်။ လီဗာပူးက ကမ္ဘာအကောင်းဆုံး လေးယောက်တန်း တိုက်စစ်ကိုတောင် ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

လီဗာပူးကိုလည်း အသိအမှတ်ပြုဖို့ လိုပါတယ်။ သူတို့က အသင်းကို အင်အားတောင့်တင်းပြီး ကူညီနိုင်မယ့် ကစားသမားကို ခေါ်ယူခဲ့သလို သူတို့ အကောင်းဆုံး လုပ်နိုင်ခဲ့တယ်လို့လည်း ထင်ပါတယ်။

လီဗာပူးက ဖြုံလောက်တဲ့ တိုက်စစ်ကြောင်းကို ပိုင်ဆိုင်ထားတာက သိပ်သေချာပါတယ်။ သူတို့အသင်းရဲ့ အခြားသော ကစားသမားတွေလည်း ကောင်းပေမယ့် တိုက်စစ်လေးယောက်ကတော့ သိပ်ကို အန္တရာယ်ကြီးလွန်းပါတယ်။

သူတို့က ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပါတယ်။ သူတို့က ဥရောပချန်ပီယံလည်းဖြစ်ပါတယ်။ ထူးချွန်လှတဲ့ မန်နေဂျာနဲ့ အရမ်းကောင်းတဲ့ လူစာရင်းကိုလည်း ပိုင်ဆိုင်ထားတယ်။ ကျနော်ကတော့ လီဗာပူးအသင်းကို သိပ်လေးစားပါတယ်။ သူတို့ကို ရင်ဆိုင်ကစားရတယ်ဆိုတာက သိပ်သိပ်ကို ကြီးမားတဲ့ စမ်းသပ်ခံရမှုပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဒီအပတ်မှာတော့ ချယ်ဆီးနဲ့ စပါးတို့ ထိပ်တိုက်တွေ့တဲ့ပွဲစဉ် ရှိနေတာကြောင့် လီဗာပူးဟာ ဘရိုက်တန်ကို အနိုင်ယူပြီး အမှတ်ပေးဇယား ထိပ်ဆုံးရောက်လာနိုင်ချေရှိမှုကို အရယူထားနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ZAWGYI

ဘရိုက္တန္မန္ေနဂ်ာ ဂေရဟမ္ေပၚတာက လီဗာပူးနဲ႔ပြဲၾကိဳမွာ ပရီးမီးယားလိဂ္ ခ်န္ပီယံေတြကို ခ်ီးက်ဴးလိုက္ျပီး ကမၻာအေကာင္းဆံုး တိုက္စစ္ကို ပိုင္ဆိုင္ထားတယ္လို႔ ထုတ္ေျပာလာပါတယ္။

ဘရိုက္တန္ဟာ ေပၚတာလက္ထက္မွာ ကစားပံု တိုးတက္လာတဲ့အသင္းျဖစ္သလို ၾကံ႕ခိုင္စြာ ကစားႏုိင္မႈနဲ႔ ပက္သက္လို႔လည္း နာမည္ၾကီးပါတယ္။ လီဗာပူးကစားသမားေဟာင္း လယ္လာနာနဲ႔ ခ်ယ္ဆီးကစားသမားေဟာင္း လမ့္ေတးတို႔ ေတာက္ပေနျပီး အမွတ္ေပးဇယား ရပ္တည္မႈကေတာ့ သိပ္မေကာင္းလွေသးပါဘူး။

ဂေရဟမ္ ေပၚတာက ” ဆာလက္ကို အေထာင္တိုက္စစ္ေနရာထားျပီး ဖာမင္ႏိုကို နံပါတ္ ၁၀ ေနရာထားတာက အလုပ္ျဖစ္ႏုိင္ပါတယ္။ လီဗာပူးက ကမၻာအေကာင္းဆံုး ေလးေယာက္တန္း တိုက္စစ္ကိုေတာင္ ပိုင္ဆုိင္ထားတာျဖစ္ပါတယ္။

လီဗာပူးကိုလည္း အသိအမွတ္ျပဳဖို႔ လိုပါတယ္။ သူတို႔က အသင္းကို အင္အားေတာင့္တင္းျပီး ကူညီႏုိင္မယ့္ ကစားသမားကို ေခၚယူခဲ့သလို သူတို႔ အေကာင္းဆံုး လုပ္ႏုိင္ခဲ့တယ္လို႔လည္း ထင္ပါတယ္။

လီဗာပူးက ျဖံဳေလာက္တဲ့ တိုက္စစ္ေၾကာင္းကို ပိုင္ဆိုင္ထားတာက သိပ္ေသခ်ာပါတယ္။ သူတို႔အသင္းရဲ႕ အျခားေသာ ကစားသမားေတြလည္း ေကာင္းေပမယ့္ တိုက္စစ္ေလးေယာက္ကေတာ့ သိပ္ကို အႏၱရာယ္ၾကီးလြန္းပါတယ္။

သူတို႔က ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ပါတယ္။ သူတို႔က ဥေရာပခ်န္ပီယံလည္းျဖစ္ပါတယ္။ ထူးခၽြန္လွတဲ့ မန္ေနဂ်ာနဲ႔ အရမ္းေကာင္းတဲ့ လူစာရင္းကိုလည္း ပိုင္ဆိုင္ထားတယ္။ က်ေနာ္ကေတာ့ လီဗာပူးအသင္းကို သိပ္ေလးစားပါတယ္။ သူတို႔ကို ရင္ဆိုင္ကစားရတယ္ဆိုတာက သိပ္သိပ္ကို ၾကီးမားတဲ့ စမ္းသပ္ခံရမႈပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဒီအပတ္မွာေတာ့ ခ်ယ္ဆီးနဲ႔ စပါးတို႔ ထိပ္တိုက္ေတြ႔တဲ့ပြဲစဥ္ ရွိေနတာေၾကာင့္ လီဗာပူးဟာ ဘရိုက္တန္ကို အႏုိင္ယူျပီး အမွတ္ေပးဇယား ထိပ္ဆံုးေရာက္လာႏုိင္ေခ်ရွိမႈကို အရယူထားႏုိင္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။