ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ အဖြစ် ဒီအပတ်မှာတော့ လီဗာပူးဟာ ဘရိုက်တန်းအသင်း အိမ်ကွင်းကို သွားရောက်ပြီး ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လူငယ်နဲ့ အရန်တွေ ထုတ်သုံးပြီး အတ္တလန်တာကို အရေးနိမ့်ခဲ့ပေမယ့် ဒီပွဲမှာတော့ အသင်းခေါင်းဆောင် ဟန်ဒါဆန်နဲ့ ဗဟိုခံစစ်သမားအဖြစ် ဖာဘင်ညိုတို့ကို ထုတ်သုံးနိုင်တယ်။ တိုက်စစ်မှာလည်း အိုရီဂီအစား အဓိက ကစားသမားတွေ ပြန်ပါလာမှာ ဖြစ်ပါတယ်။

ပွဲနဲ့ ပက်သက်လို့ လော်ရိုးက ” အရင်အပတ်က အက်စတွန်ဗီလာကို အနိုင်ယူခဲ့တဲ့ ဘရိုက်တန်က အတော်လေး အထင်ကြီးဖို့ ကောင်းပါတယ်။ သူတို့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ်။ ပွဲအပြီးမှာ အနီကဒ်ရခဲ့တာကြောင့် သူတို့ရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ လမ့်တေး မပါဝင်ဘဲ လီဗာပူးနဲ့ပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လီဗာပူးနဲ့ပွဲမှာတော့ ဘရိုက်တန်က ရလဒ်ကောင်းယူနိုင်မယ်လို့ မထင်ပါဘူး။

အကယ်လို့ ဘရိုက်တန်က ပြီးခဲ့တဲ့ ဂျူလိုင်က လီဗာပူးကို ရင်ဆိုင်ကစားတုန်းကလို ခံစစ်ကို အထိုင်ထားပြီး အတင်းဝင်လုမှုတွေဖြင့် ကစားမယ်ဆိုရင်တော့ အစောပိုင်းမှာတင် သွင်ဂိုး ၂ ဂိုးလောက် မြင်ရမှာဖြစ်ပြီး သူတို့ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒီပွဲက ဂရေဟမ်ပေါ်တာရဲ့ အသင်းအတွက် ခက်ခဲတဲ့ စမ်းသပ်ခံပွဲဖြစ်လာမှာပါ။

ပရီးမီးယားလိဂ်မှာတော့ ပြီးခဲ့တဲ့ ၃ ရာသီအတွင်း လီဗာပူးအသင်းက ဘရိုက်တန်နဲ့ ၆ ကြိမ် ယှဉ်ပြိုင်ထားကာ အားလုံးကို အနိုင်ရထားပါတယ်။ လီဗာပူးက ဒဏ်ရာပြဿနာတွေကြောင့် ကစားသမားတွေ ဆုံးရံှူးထားပေမယ့် သူတို့ ၇ ပွဲမြောက် နိုင်ပွဲကို ရယူသွားနိုင်မယ်လို့ ထင်ပါတယ် ” ဆိုပြီး သုံးသပ်သွားခဲ့တာဖြစ်တယ်။

ဘရိုက်တန်နဲ့ လီဗာပူးပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ လီဗာပူးက ၂-၀ ဖြင့် အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၀ အျဖစ္ ဒီအပတ္မွာေတာ့ လီဗာပူးဟာ ဘရိုက္တန္းအသင္း အိမ္ကြင္းကို သြားေရာက္ျပီး ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ လူငယ္နဲ႔ အရန္ေတြ ထုတ္သံုးျပီး အတၱလန္တာကို အေရးနိမ့္ခ့ဲေပမယ့္ ဒီပြဲမွာေတာ့ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္နဲ႔ ဗဟိုခံစစ္သမားအျဖစ္ ဖာဘင္ညိဳတို႔ကို ထုတ္သံုးႏုိင္တယ္။ တိုက္စစ္မွာလည္း အိုရီဂီအစား အဓိက ကစားသမားေတြ ျပန္ပါလာမွာ ျဖစ္ပါတယ္။

ပြဲနဲ႔ ပက္သက္လို႔ ေလာ္ရိုးက ” အရင္အပတ္က အက္စတြန္ဗီလာကို အႏိုင္ယူခဲ့တဲ့ ဘရိုက္တန္က အေတာ္ေလး အထင္ၾကီးဖို႔ ေကာင္းပါတယ္။ သူတို႔ အေကာင္းဆံုးလုပ္ႏုိင္ခဲ့တယ္။ ပြဲအျပီးမွာ အနီကဒ္ရခဲ့တာေၾကာင့္ သူတို႔ရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္တဲ့ လမ့္ေတး မပါဝင္ဘဲ လီဗာပူးနဲ႔ပြဲကို ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။ လီဗာပူးနဲ႔ပြဲမွာေတာ့ ဘရိုက္တန္က ရလဒ္ေကာင္းယူႏုိင္မယ္လို႔ မထင္ပါဘူး။

အကယ္လို႔ ဘရိုက္တန္က ျပီးခဲ့တဲ့ ဂ်ဴလိုင္က လီဗာပူးကို ရင္ဆိုင္ကစားတုန္းကလို ခံစစ္ကို အထိုင္ထားျပီး အတင္းဝင္လုမႈေတြျဖင့္ ကစားမယ္ဆိုရင္ေတာ့ အေစာပိုင္းမွာတင္ သြင္ဂိုး ၂ ဂိုးေလာက္ ျမင္ရမွာျဖစ္ျပီး သူတို႔ ဒုကၡေရာက္သြားႏုိင္ပါတယ္။ ဒီပြဲက ဂေရဟမ္ေပၚတာရဲ႕ အသင္းအတြက္ ခက္ခဲတဲ့ စမ္းသပ္ခံပြဲျဖစ္လာမွာပါ။

ပရီးမီးယားလိဂ္မွာေတာ့ ျပီးခဲ့တဲ့ ၃ ရာသီအတြင္း လီဗာပူးအသင္းက ဘရိုက္တန္နဲ႔ ၆ ၾကိမ္ ယွဥ္ျပိဳင္ထားကာ အားလံုးကို အႏုိင္ရထားပါတယ္။ လီဗာပူးက ဒဏ္ရာျပႆနာေတြေၾကာင့္ ကစားသမားေတြ ဆံုးရံွဴးထားေပမယ့္ သူတို႔ ၇ ပြဲေျမာက္ ႏုိင္ပြဲကို ရယူသြားႏုိင္မယ္လို႔ ထင္ပါတယ္ ” ဆိုျပီး သံုးသပ္သြားခဲ့တာျဖစ္တယ္။

ဘရိုက္တန္နဲ႔ လီဗာပူးပြဲအတြက္ ေလာ္ရိုးရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။