ဘယ်ဂျီယံကလပ် အန်းဒါးလက်အသင်း ကြယ်ပွင့်ကစားသမား မာကို ကာနန်က အင်္ဂလန်ကလပ် လီဗာပူးကို ပြောင်းခွင့်ရဖို့က သူ့ရဲ့ အိပ်မက်ပါလို့ ထုတ်ပြောလိုက်ပါတယ်။

ကွန်ဂိုဖွား ဘယ်ဂျီယံ ကစားသမားဟာ လက်ရွေးစင်အသင်းအဖြစ် ဘယ်ဂျီယံ ယူ-၂၁ အသင်းကို ကိုယ်စားပြုထားသူပါ။ အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးပြီး ကွန်ပနီလို ထိပ်တန်းအဆင့်ထိ ရောက်လာမယ့်သူအဖြစ် နာမည်ထွက်လာနေသူဖြစ်တယ်။

ကွန်ပနီ ကိုင်တွယ်နေတဲ့ အန်းဒါးလက်အသင်းမှာ တောက်ပလာနေကာ ကာနန်ဟာ ဒီရာသီအတွင်း စီနီယာအဆင့် ၅ ပွဲထိကို ပါဝင်ကစားခွင့်ရထားတယ်။ သူဟာ ကွင်းလယ်လူအဖြစ်လည်း ကစားနိုင်သူဖြစ်ပါတယ်။

ကာနန်က ကွန်ပနီနဲ့ သူ့ကို ခိုင်းနှိုင်းတာက မြောက်ပင့်လွန်းခြင်း ဖြစ်ပေမယ့် အနာဂတ်မှာ အင်္ဂလန်ကို ပြောင်းရွှေ့ ကစားဖို့ အိပ်မက်ရှိထားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ဆရာသမား ကစားခဲ့တဲ့ မန်စီးတီးထက်စာရင် လီဗာပူးကို ပိုမို ပြောင်းလိုတယ်လို့လည်း ဝန်ခံပါတယ်။

ကာနန်က ” ကျနော် ပြင်ပကိုထွက်ပြီး ထိပ်တန်းအသင်းတစ်သင်း (သို့) ထိပ်တန်းဖြစ်လာနိုင်တဲ့ အသင်းတွေမှာ ကစားလိုပါတယ်။ အကောင်းဆုံး အင်္ဂလန်အသင်းတွေမှာပေါ့။ အထူးသဖြင့်တော့ အင်္ဂလန်ရဲ့ ကြီး ၅ ကြီးထဲက တစ်သင်းမှာ ကစားလိုပါတယ်။

အခု ကျနော် အသွားလိုဆုံး ကလပ်ကတော့ လီဗာပူးပါပဲ။ သူတို့က အရာအားလုံးမှာ လွှမ်းမိုးကစားနိုင်စွမ်း ရှိနေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် ကာနန်ကို ခေါ်ယူနိုင်ဖို့ ဆောက်သမ်တန်က ကြိုးစားနေပါတယ်။ ဘယ်ဂျီယံသားဟာ လီဗာပူးကို မပြောင်းလာခင် ဆောက်သမ်တန်ကို အရင်သွားခဲ့မယ်ဆိုရင်လည်း အကျိုးမယုတ်လောက်ဘူးလို့ မျှော်လင့်ရတာဖြစ်ပါတယ်။

ZAWGYI

ဘယ္ဂ်ီယံကလပ္ အန္းဒါးလက္အသင္း ၾကယ္ပြင့္ကစားသမား မာကို ကာနန္က အဂၤလန္ကလပ္ လီဗာပူးကို ေျပာင္းခြင့္ရဖို႔က သူ႔ရဲ႕ အိပ္မက္ပါလို႔ ထုတ္ေျပာလိုက္ပါတယ္။

ကြန္ဂိုဖြား ဘယ္ဂ်ီယံ ကစားသမားဟာ လက္ေရြးစင္အသင္းအျဖစ္ ဘယ္ဂ်ီယံ ယူ-၂၁ အသင္းကို ကိုယ္စားျပဳထားသူပါ။ အသက္ ၁၈ ႏွစ္အရြယ္ပဲ ရွိေသးျပီး ကြန္ပနီလို ထိပ္တန္းအဆင့္ထိ ေရာက္လာမယ့္သူအျဖစ္ နာမည္ထြက္လာေနသူျဖစ္တယ္။

ကြန္ပနီ ကိုင္တြယ္ေနတဲ့ အန္းဒါးလက္အသင္းမွာ ေတာက္ပလာေနကာ ကာနန္ဟာ ဒီရာသီအတြင္း စီနီယာအဆင့္ ၅ ပြဲထိကို ပါဝင္ကစားခြင့္ရထားတယ္။ သူဟာ ကြင္းလယ္လူအျဖစ္လည္း ကစားႏုိင္သူျဖစ္ပါတယ္။

ကာနန္က ကြန္ပနီနဲ႔ သူ႔ကို ခိုင္းႏိႈင္းတာက ေျမာက္ပင့္လြန္းျခင္း ျဖစ္ေပမယ့္ အနာဂတ္မွာ အဂၤလန္ကို ေျပာင္းေရႊ႔ ကစားဖို႔ အိပ္မက္ရွိထားတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လို႔ ဆရာသမား ကစားခဲ့တဲ့ မန္စီးတီးထက္စာရင္ လီဗာပူးကို ပိုမို ေျပာင္းလိုတယ္လို႔လည္း ဝန္ခံပါတယ္။

ကာနန္က ” က်ေနာ္ ျပင္ပကိုထြက္ျပီး ထိပ္တန္းအသင္းတစ္သင္း (သို႔) ထိပ္တန္းျဖစ္လာႏုိင္တဲ့ အသင္းေတြမွာ ကစားလိုပါတယ္။ အေကာင္းဆံုး အဂၤလန္အသင္းေတြမွာေပါ့။ အထူးသျဖင့္ေတာ့ အဂၤလန္ရဲ႕ ၾကီး ၅ ၾကီးထဲက တစ္သင္းမွာ ကစားလိုပါတယ္။

အခု က်ေနာ္ အသြားလိုဆံုး ကလပ္ကေတာ့ လီဗာပူးပါပဲ။ သူတို႔က အရာအားလံုးမွာ လႊမ္းမိုးကစားႏုိင္စြမ္း ရွိေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လာမယ့္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာတင္ ကာနန္ကို ေခၚယူႏုိင္ဖို႔ ေဆာက္သမ္တန္က ၾကိဳးစားေနပါတယ္။ ဘယ္ဂ်ီယံသားဟာ လီဗာပူးကို မေျပာင္းလာခင္ ေဆာက္သမ္တန္ကို အရင္သြားခဲ့မယ္ဆိုရင္လည္း အက်ိဳးမယုတ္ေလာက္ဘူးလို႔ ေမွ်ာ္လင့္ရတာျဖစ္ပါတယ္။