လီဗာပူးအသင်းဟာ နွေမှာ အသင်းနဲ့ စာချုပ်ကုန်တော့မယ့် ကွင်းလယ်လူ ဝိုက်နယ်ဒမ်ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာတင် ထွက်ခွင့်ပြုဖို့ကို စိတ်မဝင်စားဘူးလို့ သိရပါတယ်။

The Athletic က ဖော်ပြရာမှာ ဝိုက်နယ်ဒမ်ရဲ့ စာချုပ် ကုန်ဆုံးဖို့ နီးကပ်လာကာ ဇန်နဝါရီမှာ အကြို သဘောတူညီမှုတွေ ရယူထားလို့ ရတော့မှာဖြစ်တယ်။ ဒါပေမယ့်လို့ ကလော့ပ်နဲ့ ဝိုက်နယ်ဒမ်ကြား ဆက်ဆံရေးက ကောင်းမွန်ကာ ဝိုက်နယ်ဒမ်ဟာ ရာသီကုန်ထိ လီဗာပူးအတွက် သစ္စာရှိစွာ ကစားပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲလို့ သိရတယ်။

မေလ မရောက်ခင်ထိ လီဗာပူးအသင်းဘက်ကကော ဝိုက်နယ်ဒမ်ဘက်ကပါ အဆိုပါ စိတ်ထားကို ပြောင်းလဲလိုစိတ် မရှိဘူး။ ကိုးမန်းက လာမယ့်ရာသီ ဘာစီလိုနာကို ကိုင်တွယ်ဖို့ သေချာသေးတာ မဟုတ်လို့ ဝိုက်နယ်ဒမ်ရဲ့ အနာဂတ်က ဘာစီလိုနာပါထံပါလို့လည်း သေချာ မပြောနိုင်ပါဘူး။

လီဗာပူးဂန္တဝင်နဲ့ မန်နေဂျာဟောင်းဖြစ်သူ ဂရေမီဆောင်းနပ်က လီဗာပူးပရိသတ် စကားဝိုင်းမှာပဲ “ ထူးဆန်းတဲ့ အခြေအနေပါပဲ။ ဒါက ပုံမှန် အခြေအနေနဲ့ မတူပါဘူး။ ဝိုက်နယ်ဒမ်က သိပ်ကောင်းတဲ့ အားကစားသမားပါ။ သိပ်ကို ကျွမ်းကျင်လိမ်မာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး သူ့လို ကစားသမားကို ဘယ်သူကမှ မဆုံးရံှူးလိုပါဘူး။

ဇန်နဝါရီက သိပ်မဝေးတော့ပါဘူး။ အသင်းက နောက်ဆုံး အခွင့်အရေးကို ရောက်နေပြီဖြစ်ပါတယ်။ အခြားအသင်းအတွက် သူလက်မှတ်ထိုးပေးသွားလို့ ရပါပြီ။ သူ့ကို ဆက်ထိန်းလိုတယ်ဆိုရင်တော့ ကြိုးစားဖို့ သိပ်ကို အန္တရာယ်များတဲ့ အနေအထားကိုပါ ရောက်လာပါပြီ။

မန်နေဂျာနဲ့ လီဗာပူး တာဝန်ရှိသူတွေက ကစားသမား လက်မှတ်ထိုးမှုတွေအတွက် ဘာလုပ်လိုလဲဆိုတာကို မသိနိုင်ဘူး။ ဒါပေမယ့်လို့ အသင်းပြင်ပကနေ လေ့လာကြည့်မယ်ဆိုရင် နွေမှာ သူ့ကို ပြောင်းရွှေ့ကြေး အလွတ်ဖြင့် ထွက်ခွာခွင့်ပေးမှာက သိပ်ကို ထူးဆန်းတဲ့ ကိစ္စပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ေႏြမွာ အသင္းနဲ႔ စာခ်ဳပ္ကုန္ေတာ့မယ့္ ကြင္းလယ္လူ ဝိုက္နယ္ဒမ္ကို ဇန္နဝါရီ အေျပာင္းအေရႊ႔မွာတင္ ထြက္ခြင့္ျပဳဖို႔ကို စိတ္မဝင္စားဘူးလို႔ သိရပါတယ္။

The Athletic က ေဖာ္ျပရာမွာ ဝိုက္နယ္ဒမ္ရဲ႕ စာခ်ဳပ္ ကုန္ဆံုးဖို႔ နီးကပ္လာကာ ဇန္နဝါရီမွာ အၾကိဳ သေဘာတူညီမႈေတြ ရယူထားလို႔ ရေတာ့မွာျဖစ္တယ္။ ဒါေပမယ့္လို႔ ကေလာ့ပ္နဲ႔ ဝိုက္နယ္ဒမ္ၾကား ဆက္ဆံေရးက ေကာင္းမြန္ကာ ဝိုက္နယ္ဒမ္ဟာ ရာသီကုန္ထိ လီဗာပူးအတြက္ သစၥာရွိစြာ ကစားေပးဖို႔ စိတ္ပိုင္းျဖတ္ထားတဲလို႔ သိရတယ္။

ေမလ မေရာက္ခင္ထိ လီဗာပူးအသင္းဘက္ကေကာ ဝိုက္နယ္ဒမ္ဘက္ကပါ အဆိုပါ စိတ္ထားကို ေျပာင္းလဲလိုစိတ္ မရွိဘူး။ ကိုးမန္းက လာမယ့္ရာသီ ဘာစီလိုနာကို ကိုင္တြယ္ဖို႔ ေသခ်ာေသးတာ မဟုတ္လို႔ ဝိုက္နယ္ဒမ္ရဲ႕ အနာဂတ္က ဘာစီလိုနာပါထံပါလို႔လည္း ေသခ်ာ မေျပာႏုိင္ပါဘူး။

လီဗာပူးဂႏၱဝင္နဲ႔ မန္ေနဂ်ာေဟာင္းျဖစ္သူ ဂေရမီေဆာင္းနပ္က လီဗာပူးပရိသတ္ စကားဝိုင္းမွာပဲ “ ထူးဆန္းတဲ့ အေျခအေနပါပဲ။ ဒါက ပံုမွန္ အေျခအေနနဲ႔ မတူပါဘူး။ ဝိုက္နယ္ဒမ္က သိပ္ေကာင္းတဲ့ အားကစားသမားပါ။ သိပ္ကို ကၽြမ္းက်င္လိမ္မာတဲ့ ကစားသမားတစ္ေယာက္ျဖစ္ျပီး သူ႔လို ကစားသမားကို ဘယ္သူကမွ မဆံုးရံွဴးလိုပါဘူး။

ဇန္နဝါရီက သိပ္မေဝးေတာ့ပါဘူး။ အသင္းက ေနာက္ဆံုး အခြင့္အေရးကို ေရာက္ေနျပီျဖစ္ပါတယ္။ အျခားအသင္းအတြက္ သူလက္မွတ္ထိုးေပးသြားလို႔ ရပါျပီ။ သူ႔ကို ဆက္ထိန္းလိုတယ္ဆိုရင္ေတာ့ ၾကိဳးစားဖို႔ သိပ္ကို အႏၱရာယ္မ်ားတဲ့ အေနအထားကိုပါ ေရာက္လာပါျပီ။

မန္ေနဂ်ာနဲ႔ လီဗာပူး တာဝန္ရွိသူေတြက ကစားသမား လက္မွတ္ထိုးမႈေတြအတြက္ ဘာလုပ္လိုလဲဆိုတာကို မသိႏုိင္ဘူး။ ဒါေပမယ့္လို႔ အသင္းျပင္ပကေန ေလ့လာၾကည့္မယ္ဆိုရင္ ေႏြမွာ သူ႔ကို ေျပာင္းေရႊ႔ေၾကး အလြတ္ျဖင့္ ထြက္ခြာခြင့္ေပးမွာက သိပ္ကို ထူးဆန္းတဲ့ ကိစၥပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။