လီဗာပူးအသင်းရဲ့ ပွဲဆက်များနေတဲ့ ပွဲစဉ်ဇယားကြောင့် အသင်းသားတွေ နွမ်းနယ်နေတာကြောင့် ဒီစနေမှာ ရုန်းကန်ရမယ်လို့ လီဗာပူး ကွင်းလယ်ဟောင်း အဒမ် လယ်လာနာ က ယုံကြည်နေတာပါ။ လီဗာပူးဟာ ဒီစနေမှာ လယ်လာနာရဲ့ လက်ရှိကလပ် ဘရိုက်တန် အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။

ကြားရက် ချန်ပီယံလိဂ်မှာ အတ္တလန္တာအသင်းကို မထင်မှတ်ဘဲ အရေးနိမ့်ထားတဲ့ လီဗာပူးဟာ နားချိန် များများ မရနိုင်ဘဲ စနေနေ့မှာတင် ဘရိုက်တန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်ခင် လီဗာပူး အသင်း အနေနဲ့ ပြင်ဆင်ချိန် ၂ ရက်သာ ရှိပြီး စနေနေ့ ပွဲကလည်း အစောပိုင်း ပွဲချိန် ဖြစ်နေပါတယ်။

ရုပ်သံလွှင့်သမားတွေနဲ့ ပွဲစဉ်ဇယား ရေးဆွဲသူတွေဟာ ကစားသမားတွေ ဘက်ကို ကြည့်ကြဖို့ လီဗာပူးနည်းပြ ကလော့ပ်က ပေါက်ကွဲထားပြီး ယူနိုက်တက် နည်းပြ ဆိုးရှားကလည်း ဥရောပပွဲ ကစား၊ စနေ အဝေးကွင်း သွား ကစားရတာတွေ အဆင်မပြေကြောင်း ဆိုထားပါတယ်။ နည်းပြတွေရဲ့ ထိုသို့ ပြောဆိုမှုတွေကို လယ်လာနာကလည်း သဘောတူ ထောက်ခံခဲ့ပါတယ်။

” ကစားရမယ့် ပွဲ အရေအတွက်တွေကတော့ ရက်စက်တယ်။ အားလုံးလည်း မြင်တွေ့နေရတဲ့ အတိုင်းပဲ ပွဲစဉ်တွေ ဆက်နေတာကြောင့် ဒဏ်ရာ စာရင်းတွေကလည်း တရိပ်ရိပ် တက်နေတာပါ။ ပရီးမီးယားလိဂ်မှာ လူစားလဲတာ ၅ ယောက်ထိ လုပ်ဖို့ တောင်းဆိုနေတာတွေလည်း ဟိုဒီမှာ ကြားကြပါလိမ့်မယ်။

ကစားသမားတွေဟာ တစ်ပွဲပြီးတာနဲ့ သုံးလေးရက်ကြာ နောက်တစ်ပွဲ ဆက်တိုက်ဆိုသလိုကို ကစားနေရတာပါ။ ယူနိုက်တက် နည်းပြ ဆိုးရှားလည်း တူရကီမှာ ပွဲကန်ပြီး စနေ ဂွတ်ဒီဆင်ပါ့ခ်မှာ သွားကစားရလို့ ပြောဆိုထားတာ တွေ့မိတယ်။ နည်းပြတွေ ပြောနေတာကို ကျနော် ထောက်ခံပါတယ်။

ဒီလိုမျိုး ဖြစ်ကြဖို့ လိုလို့လားလို့ ကျနော် နားမလည်နိုင်အောင် ဖြစ်ရပါတယ်။ ဖြစ်အောင် လုပ်ရင် ဖြစ်နိုင်ရဲ့သားနဲ့.. သူတို့ကို တစ်ရက် နားပေးပြီးမှ နောက်ရက် တီဗီမှာ ပြသလို့ရော မဖြစ်နိုင်ဘူးတဲ့လား။ ဒီအခြေအနေမှာက ကစားသမားတွေပဲ ခံစားနေရတာပါ။ သူတို့က သုံးလေးရက်တိုင်းမှာ တွန်းထုတ်ခံနေရသလို ဖြစ်နေတယ်။ ” လို့ လယ်လာနာက ပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးအသင္းရဲ႕ ပြဲဆက္မ်ားေနတဲ့ ပြဲစဥ္ဇယားေၾကာင့္ အသင္းသားေတြ ႏြမ္းနယ္ေနတာေၾကာင့္ ဒီစေနမွာ ရုန္းကန္ရမယ္လို႔ လီဗာပူး ကြင္းလယ္ေဟာင္း အဒမ္ လယ္လာနာ က ယံုၾကည္ေနတာပါ။ လီဗာပူးဟာ ဒီစေနမွာ လယ္လာနာရဲ႕ လက္ရွိကလပ္ ဘရိုက္တန္ အသင္းနဲ႕ ယွဥ္ျပိဳင္ ကစားရမွာ ျဖစ္ပါတယ္။

ၾကားရက္ ခ်န္ပီယံလိဂ္မွာ အတၱလႏၱာအသင္းကို မထင္မွတ္ဘဲ အေရးနိမ့္ထားတဲ့ လီဗာပူးဟာ နားခ်ိန္ မ်ားမ်ား မရနုိင္ဘဲ စေနေန႔မွာတင္ ဘရိုက္တန္ကို အေ၀းကြင္း သြားေရာက္ ယွဥ္ျပိဳင္ ကစားရဦးမွာ ျဖစ္ပါတယ္။ ဒီပြဲ မတိုင္ခင္ လီဗာပူး အသင္း အေနနဲ႕ ျပင္ဆင္ခ်ိန္ ၂ ရက္သာ ရွိျပီး စေနေန႔ ပြဲကလည္း အေစာပိုင္း ပြဲခ်ိန္ ျဖစ္ေနပါတယ္။

ရုပ္သံလႊင့္သမားေတြနဲ႕ ပြဲစဥ္ဇယား ေရးဆြဲသူေတြဟာ ကစားသမားေတြ ဘက္ကို ၾကည့္ၾကဖို႔ လီဗာပူးနည္းျပ ကေလာ့ပ္က ေပါက္ကြဲထားျပီး ယူနိုက္တက္ နည္းျပ ဆိုးရွားကလည္း ဥေရာပပြဲ ကစား၊ စေန အေ၀းကြင္း သြား ကစားရတာေတြ အဆင္မေျပေၾကာင္း ဆိုထားပါတယ္။ နည္းျပေတြရဲ႕ ထိုသို႔ ေျပာဆိုမႈေတြကို လယ္လာနာကလည္း သေဘာတူ ေထာက္ခံခဲ့ပါတယ္။

” ကစားရမယ့္ ပြဲ အေရအတြက္ေတြကေတာ့ ရက္စက္တယ္။ အားလံုးလည္း ျမင္ေတြ႔ေနရတဲ့ အတိုင္းပဲ ပြဲစဥ္ေတြ ဆက္ေနတာေၾကာင့္ ဒဏ္ရာ စာရင္းေတြကလည္း တရိပ္ရိပ္ တက္ေနတာပါ။ ပရီးမီးယားလိဂ္မွာ လူစားလဲတာ ၅ ေယာက္ထိ လုပ္ဖို႔ ေတာင္းဆိုေနတာေတြလည္း ဟိုဒီမွာ ၾကားၾကပါလိမ့္မယ္။

ကစားသမားေတြဟာ တစ္ပြဲျပီးတာနဲ႕ သံုးေလးရက္ၾကာ ေနာက္တစ္ပြဲ ဆက္တိုက္ဆိုသလိုကို ကစားေနရတာပါ။ ယူနိုက္တက္ နည္းျပ ဆိုးရွားလည္း တူရကီမွာ ပြဲကန္ျပီး စေန ဂြတ္ဒီဆင္ပါ့ခ္မွာ သြားကစားရလို႔ ေျပာဆိုထားတာ ေတြ႕မိတယ္။ နည္းျပေတြ ေျပာေနတာကို က်ေနာ္ ေထာက္ခံပါတယ္။

ဒီလိုမ်ိဳး ျဖစ္ၾကဖို႔ လိုလို႔လားလို႔ က်ေနာ္ နားမလည္နုိင္ေအာင္ ျဖစ္ရပါတယ္။ ျဖစ္ေအာင္ လုပ္ရင္ ျဖစ္နုိင္ရဲ႕သားနဲ႕.. သူတို႔ကို တစ္ရက္ နားေပးျပီးမွ ေနာက္ရက္ တီဗီမွာ ျပသလို႔ေရာ မျဖစ္နုိင္ဘူးတဲ့လား။ ဒီအေျခအေနမွာက ကစားသမားေတြပဲ ခံစားေနရတာပါ။ သူတို႔က သံုးေလးရက္တုိင္းမွာ တြန္းထုတ္ခံေနရသလို ျဖစ္ေနတယ္။ ” လို႔ လယ္လာနာက ေျပာဆိုခဲ့ပါတယ္။