စနေနေ့မှာ ယှဉ်ပြိုင်ကစားရမယ့် ဘရိုက်တန်ပွဲကြိုမှာ မန်နေဂျာကလော့ပ်က ပြိုင်ဘက်အသင်းရဲ့ နည်းစနစ်နဲ့ သူပြင်ဆင်ထားရမယ့် ကိစ္စတွေကို ထုတ်ပြောမှု ပြုလုပ်လာခဲ့ပါတယ်။

ဘရိုက်တန်ဟာ အမှတ်ပေးဇယားမှာ အဆင့်ကောင်းအတွင်း ရှိမနေပေမယ့် ကစားပုံကောင်းတဲ့ ကလပ်အသင်းဖြစ်တယ်။ သူတို့ကို ယှဉ်ပြိုင်ကစားဖို့အတွက် အသင်းက ခံစစ်ပိုင်းကို အတော်လေး ပြင်ဆင်ထားရပါတယ်လို့ ကလော့ပ်က ဆိုပါတယ်။

ကလော့ပ်က ” ခံစစ်ပိုင်းနဲ့ ပက်သက်လို့ ကျနော်တို့ အများကြီး ပြင်ဆင်ထားပါတယ်။ သူတို့က ကွင်းကို ဖြန့်ကစားတတ်တယ်။ အဲ့အတွက် ကျနေ်ာတို့ အဆင်သင့်ပြင်ဆင်ထားပါတယ်။ ကျနေ်ာတို့က အမြဲတမ်းလည်း ပြင်ဆင်ထားကြတာပါ ဒါပေမယ့် ထက်ပြီး ယှဉ်ပြိုင်ဖို့ လိုပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းမှာ ဒီရာသီ စွမ်းဆောင်ရည် တည်ငြိမ်နေတဲ့ ကစားသမား နှစ်ဦးကတော့ ဂိုးသမား အယ်လီဆန်နဲ့ တိုက်စစ်သမား ဂျိုတာတို့ ဖြစ်ပါတယ်။ အထူးသဖြင့် အယ်လီဆန်ဟာ ပွဲတိုင်းမှာ ပုံမှန် လက်စွမ်းကို ပြသနိုင်ပြီး လီဗာပူးခံစစ်ကြောင်းကို ဦးဆောင်ပေးဖို့ အရေးပါသူဖြစ်ပါတယ်။

ကလော့ပ်က ” လီဗာပူးအတွက် အယ်လီရဲ့ အရေးပါမှုကို ထူးပြီး ပြောစရာလည်း မရှိတော့ပါဘူး။ သူက ကျနေ်ာတို့အတွက် အခုချိန်ထိ ကစားပေးထားတဲ့ ပွဲပေါင်း ၉၉ ပွဲမှာ လက်စွမ်းကောင်းခဲ့တယ်။ လာမယ့် ပွဲမှာလည်း ထူးခြားတာ ရှိလာမယ်လို့ မထင်ပါဘူး။ သူ့ကို ပိုင်ဆိုင်ထားတာအတွက် ပျော်ပါတယ်။

ဂျိုတာကတော့ ကောင်းကောင်းမွန်မွန်ပဲ အသားကျလာတယ်။ သူက ကျနေ်ာတို့အတွက် အရေးကြီးပါတယ်။ အမြဲတမ်းတော့ ပုံမှန် တိုက်စစ်သမား သုံးယောက်ကိုပဲ ထုတ်သုံးတာတွေ မလုပ်နိုင်ပါဘူး။ တိုးတက်လာဖို့ ကိစ္စတွေက ခက်ခဲပေမယ့် ဂျိုတာက အကောင်းဆုံး လုပ်ထားနိုင်တယ် အဲ့အတွက်လည်း ပျော်မိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

စေနေန႔မွာ ယွဥ္ျပိဳင္ကစားရမယ့္ ဘရိုက္တန္ပြဲၾကိဳမွာ မန္ေနဂ်ာကေလာ့ပ္က ျပိဳင္ဘက္အသင္းရဲ႕ နည္းစနစ္နဲ႔ သူျပင္ဆင္ထားရမယ့္ ကိစၥေတြကို ထုတ္ေျပာမႈ ျပဳလုပ္လာခဲ့ပါတယ္။

ဘရိုက္တန္ဟာ အမွတ္ေပးဇယားမွာ အဆင့္ေကာင္းအတြင္း ရွိမေနေပမယ့္ ကစားပံုေကာင္းတဲ့ ကလပ္အသင္းျဖစ္တယ္။ သူတို႔ကို ယွဥ္ျပိဳင္ကစားဖို႔အတြက္ အသင္းက ခံစစ္ပိုင္းကို အေတာ္ေလး ျပင္ဆင္ထားရပါတယ္လို႔ ကေလာ့ပ္က ဆိုပါတယ္။

ကေလာ့ပ္က ” ခံစစ္ပိုင္းနဲ႔ ပက္သက္လို႔ က်ေနာ္တို႔ အမ်ားၾကီး ျပင္ဆင္ထားပါတယ္။ သူတို႔က ကြင္းကို ျဖန္႔ကစားတတ္တယ္။ အဲ့အတြက္ က်ေန္ာတို႔ အဆင္သင့္ျပင္ဆင္ထားပါတယ္။ က်ေန္ာတို႔က အျမဲတမ္းလည္း ျပင္ဆင္ထားၾကတာပါ ဒါေပမယ့္ ထက္ျပီး ယွဥ္ျပိဳင္ဖို႔ လိုပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းမွာ ဒီရာသီ စြမ္းေဆာင္ရည္ တည္ျငိမ္ေနတဲ့ ကစားသမား ႏွစ္ဦးကေတာ့ ဂိုးသမား အယ္လီဆန္နဲ႔ တိုက္စစ္သမား ဂ်ိဳတာတို႔ ျဖစ္ပါတယ္။ အထူးသျဖင့္ အယ္လီဆန္ဟာ ပြဲတိုင္းမွာ ပံုမွန္ လက္စြမ္းကို ျပသႏုိင္ျပီး လီဗာပူးခံစစ္ေၾကာင္းကို ဦးေဆာင္ေပးဖို႔ အေရးပါသူျဖစ္ပါတယ္။

ကေလာ့ပ္က ” လီဗာပူးအတြက္ အယ္လီရဲ႕ အေရးပါမႈကို ထူးျပီး ေျပာစရာလည္း မရွိေတာ့ပါဘူး။ သူက က်ေန္ာတို႔အတြက္ အခုခ်ိန္ထိ ကစားေပးထားတဲ့ ပြဲေပါင္း ၉၉ ပြဲမွာ လက္စြမ္းေကာင္းခဲ့တယ္။ လာမယ့္ ပြဲမွာလည္း ထူးျခားတာ ရွိလာမယ္လို႔ မထင္ပါဘူး။ သူ႔ကို ပိုင္ဆိုင္ထားတာအတြက္ ေပ်ာ္ပါတယ္။

ဂ်ိဳတာကေတာ့ ေကာင္းေကာင္းမြန္မြန္ပဲ အသားက်လာတယ္။ သူက က်ေန္ာတို႔အတြက္ အေရးၾကီးပါတယ္။ အျမဲတမ္းေတာ့ ပံုမွန္ တိုက္စစ္သမား သံုးေယာက္ကိုပဲ ထုတ္သံုးတာေတြ မလုပ္ႏုိင္ပါဘူး။ တိုးတက္လာဖို႔ ကိစၥေတြက ခက္ခဲေပမယ့္ ဂ်ိဳတာက အေကာင္းဆံုး လုပ္ထားႏုိင္တယ္ အဲ့အတြက္လည္း ေပ်ာ္မိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။