ဂျော်ဒန်ဟန်ဒါဆန် လေ့ကျင့်ရေး ပြန်ဝင်လာပေမယ့် သူရဲ့ အခြေအနေက ရာနှုန်းပြည့် ပြန်သက်သာသေးခြင်း မရှိဘဲ တစ်ဦးချင်း အနေအထားတွေဖြင့် လေ့ကျင့်မှုတွေ ဆက်လုပ်နေရဆဲဖြစ်တယ်။

ဘရိုက်တန်ပွဲကြိုမှာ ဟန်ဒါဆန် ပြန်သက်သာလာခြင်းကြောင့် အတ္တလန်တာပွဲမှာ ပွဲထွက်လူစာရင်းက ပါဝင်ထားတဲ့ ကွင်းလယ်လူတွေထဲမှာ အနားပေးမှုတွေ ရှိလာနိုင်တယ်။ ဒါပေမယ့် သီယာဂို အခြေအနေကို လုံးဝ အဖြေမပေးသလို မနက်ဖြန် မတိုင်ခင်ထိ ဘယ်လူစာရင်းကို မြင်ရပါမယ်ဆိုတာအတွက် အာမခံချက် ပေးနိုင်တာမျိုး မရှိသေးပါဘူး။

သီယာဂိုနဲ့ ဟန်ဒို လေ့ကျင့်နိုင်ပြီလား မေးခံရချိန်မှာ မန်နေဂျာက “ ဟန်ဒို လေ့ကျင့်ရေး ပြန်ဆင်းပါတယ်။ အသင်းရဲ့ လေ့ကျင့်ရေးမှာလည်း ပါခဲ့တယ်။ ပြီးနောက် သူ့ရဲ့ တစ်ဦးချင်း လေ့ကျင့်ရေးကို ဆက်လုပ်ရတယ်။ ဒီတော့ အခြေအနေကို ကျနေ်ာတို့ ကြည့်ရပါမယ်။

အတ္တလန်တာပွဲမှာ ပါဝင်ကစားခဲ့ကြသူတွေ အားလုံးက အခုချိန်ထိ ပြန်လည် အင်အားဖြည့်မှုတွေ လုပ်နေဆဲပါ။ ဒီတော့ ဒီရတဲ့ ရက်အနည်းငယ်မှာပဲ ကြံ့ခိုင်မှုတွေအတွက် ကျနေ်ာတို့ လုပ်နေတာပါ။ ဆုံးဖြတ်ချက်ကိုတော့ နောက်ပိုင်းမှာ လုပ်ပါမယ်။ ဘယ်လို လူစာရင်း ထုတ်မလဲလို့ လာမေးရင်တော့ အခုချိန်မှာ မပြောပြနိုင်ပါဘူး ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီဇင်ဘာနဲ့ ဇန်နဝါရီမှာ ပွဲကြပ်ကာလကို ရင်ဆိုင်ရမှာဖြစ်ကာ အဲ့မတိုင်ခင် နိုဝင်ဘာလမှာ ဒဏ်ရာ ထပ်မရကြဖို့ လိုအပ်ပါတယ်။ မန်နေဂျာက ကြီးမားတဲ့ စိန်ခေါ်မှုအဖြစ် ကြံ့ခိုင်မှုပိုင်း ပြည့်ဝနေဖို့ကို စီမံရမှာဖြစ်ပြီး ဘရိုက်တန်ပွဲ လူစာရင်းအတွက်ကလည်း ဆေးအဖွဲ့ရဲ့ နောက်ဆုံး အတည်ပြုမှုကို စောင့်သွားရမှာဖြစ်တယ်။

ယာဂင်ကပဲ “ အတော်လေး နောက်ကျပြီးမှ ဆုံးဖြတ်ချက် ထွက်လာပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အသင်းသားတွေ အသင့်ဖြစ်မဖြစ်က ဆေးအဖွဲ့က သတင်းပေးတာကို စောင့်ရမှာမို့ပါ။ ဒီတော့ ကျနေ်ာတို့မှာ အကြံ့ခိုင်ဆုံး အလန်းဆန်းဆုံး ကစားသမားကို ကွင်းထဲ ထည့်နိုင်ဖို့ နောက်ထပ် ၂၅ နာရီနဲ့ နာရီဝက်စာ အချိန်ရပါမယ်။ ” လို့ ဆိုခဲ့ပါတယ်။

ZAWGYI

ေဂ်ာ္ဒန္ဟန္ဒါဆန္ ေလ့က်င့္ေရး ျပန္ဝင္လာေပမယ့္ သူရဲ႕ အေျခအေနက ရာႏႈန္းျပည့္ ျပန္သက္သာေသးျခင္း မရွိဘဲ တစ္ဦးခ်င္း အေနအထားေတြျဖင့္ ေလ့က်င့္မႈေတြ ဆက္လုပ္ေနရဆဲျဖစ္တယ္။

ဘရိုက္တန္ပြဲၾကိဳမွာ ဟန္ဒါဆန္ ျပန္သက္သာလာျခင္းေၾကာင့္ အတၱလန္တာပြဲမွာ ပြဲထြက္လူစာရင္းက ပါဝင္ထားတဲ့ ကြင္းလယ္လူေတြထဲမွာ အနားေပးမႈေတြ ရွိလာႏုိင္တယ္။ ဒါေပမယ့္ သီယာဂို အေျခအေနကို လံုးဝ အေျဖမေပးသလို မနက္ျဖန္ မတိုင္ခင္ထိ ဘယ္လူစာရင္းကို ျမင္ရပါမယ္ဆိုတာအတြက္ အာမခံခ်က္ ေပးႏုိင္တာမ်ိဳး မရွိေသးပါဘူး။

သီယာဂိုနဲ႔ ဟန္ဒို ေလ့က်င့္ႏုိင္ျပီလား ေမးခံရခ်ိန္မွာ မန္ေနဂ်ာက “ ဟန္ဒို ေလ့က်င့္ေရး ျပန္ဆင္းပါတယ္။ အသင္းရဲ႕ ေလ့က်င့္ေရးမွာလည္း ပါခဲ့တယ္။ ျပီးေနာက္ သူ႔ရဲ႕ တစ္ဦးခ်င္း ေလ့က်င့္ေရးကို ဆက္လုပ္ရတယ္။ ဒီေတာ့ အေျခအေနကို က်ေန္ာတို႔ ၾကည့္ရပါမယ္။

အတၱလန္တာပြဲမွာ ပါဝင္ကစားခဲ့ၾကသူေတြ အားလံုးက အခုခ်ိန္ထိ ျပန္လည္ အင္အားျဖည့္မႈေတြ လုပ္ေနဆဲပါ။ ဒီေတာ့ ဒီရတဲ့ ရက္အနည္းငယ္မွာပဲ ၾကံ႕ခိုင္မႈေတြအတြက္ က်ေန္ာတို႔ လုပ္ေနတာပါ။ ဆံုးျဖတ္ခ်က္ကိုေတာ့ ေနာက္ပိုင္းမွာ လုပ္ပါမယ္။ ဘယ္လို လူစာရင္း ထုတ္မလဲလို႔ လာေမးရင္ေတာ့ အခုခ်ိန္မွာ မေျပာျပႏုိင္ပါဘူး ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဒီဇင္ဘာနဲ႔ ဇန္နဝါရီမွာ ပြဲၾကပ္ကာလကို ရင္ဆိုင္ရမွာျဖစ္ကာ အဲ့မတိုင္ခင္ ႏိုဝင္ဘာလမွာ ဒဏ္ရာ ထပ္မရၾကဖို႔ လိုအပ္ပါတယ္။ မန္ေနဂ်ာက ၾကီးမားတဲ့ စိန္ေခၚမႈအျဖစ္ ၾကံ႕ခိုင္မႈပိုင္း ျပည့္ဝေနဖို႔ကို စီမံရမွာျဖစ္ျပီး ဘရိုက္တန္ပြဲ လူစာရင္းအတြက္ကလည္း ေဆးအဖြဲ႔ရဲ႕ ေနာက္ဆံုး အတည္ျပဳမႈကို ေစာင့္သြားရမွာျဖစ္တယ္။

ယာဂင္ကပဲ “ အေတာ္ေလး ေနာက္က်ျပီးမွ ဆံုးျဖတ္ခ်က္ ထြက္လာပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ အသင္းသားေတြ အသင့္ျဖစ္မျဖစ္က ေဆးအဖြဲ႔က သတင္းေပးတာကို ေစာင့္ရမွာမို႔ပါ။ ဒီေတာ့ က်ေန္ာတို႔မွာ အၾကံ႕ခိုင္ဆံုး အလန္းဆန္းဆံုး ကစားသမားကို ကြင္းထဲ ထည့္ႏုိင္ဖို႔ ေနာက္ထပ္ ၂၅ နာရီနဲ႔ နာရီဝက္စာ အခ်ိန္ရပါမယ္။ ” လို႔ ဆိုခဲ့ပါတယ္။