ဒီအပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၁၀ မှာတော့ လီဗာပူးအသင်းဟာ ဘရိုက်တန်းအသင်းထံ သွားရောက်ပြီး အဝေးကွင်းပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

အတ္တလန်တာအသင်းကို ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားထားပြီး စနေအစောပိုင်းပွဲအဖြစ် ဘရိုက်တန်ကို ထပ်မံ ယှဉ်ပြိုင်ရမှာပါ။ ဒဏ်ရာ ပြဿနာတွေ များနေတဲ့ လီဗာပူးဟာ ဒီပွဲလည်း အဓိက ကစားသမားတွေကို အရန်နဲ့ လူငယ်တွေ တွဲဘက် သုံးလာတာမျိုး လုပ်ဦးမယ်လို့ ခန့်မှန်းရတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်၊ ဖာဘင်ညိုု၊ ဂျိုတာတို့ ပွဲထွက်လူစာရင်းထဲကနေ ပြန်ပါလာနိုင်ကာ အတ္တလန်တာပွဲမှာ ပါဝင်ထားတဲ့ နီကိုး၊ အိုရီဂီ၊ ရိုင်းစ်၊ ကိုစတက်တို့ကတော့ အရန်ခုံမှာပဲ ရှိနေမှာဖြစ်ပါတယ်။

အိုဝင်က ပြောရာမှာ ” လီဗာပူးရဲ့ ဒဏ်ရာပြဿနာတွေက ဆက်ပြီး ကြီးထွားလာနေပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ သူတို့ အကောင်းဆုံး တုန့်ပြန်နေတာကို မြင်ရပြီး ဒါက ချန်ပီယံအသင်းထံက မြင်လိုတဲ့ ကိစ္စမျိုးပဲ ဖြစ်ပါတယ်။

သူတို့ရဲ့ အဓိက ကစားသမားတွေ ပြန်ရလာမယ့် ရာသီအကုန်ပိုင်းမှာ ဆုဖလား ဆက်လက်ထိန်းသိမ်းနိုင်ဖို့ လက်ရှိ လူစာရင်းက လုံလောက်တဲ့ အရည်အချင်းတွေ ရှိတယ်လို့ ထင်ပါတယ်။

ဘရိုက်တန်ကလည်း ကြည့်လို့ကောင်းတဲ့ အသင်းဖြစ်ပါတယ်။ သူတို့ကလည်း အန္တရာယ်ကြီးတဲ့ အသင်းဖြစ်သလို ကောင်တာတိုက်စစ်တွေမှာ ကောင်းမွန်တယ်ဆိုတာကို ပြီးခဲ့တဲ့ အက်စတွန်ဗီလာပွဲမှာ ပြသခဲ့တယ်။

ဒါပေမယ့်လည်း သူတို့ ဒီပွဲမှာ ဂိုးရနိုင်မယ်လို့ ထင်မြင်မိပေမယ့် အဝေးကွင်းမှာ ရလဒ်အားလုံးကို လီဗာပူးအသင်းကပဲ ရသွားလိမ့်မယ်လို့ မြင်မိပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်တယ်။

ဘရိုက်တန်နဲ့ လီဗာပူးပွဲအတွက် မိုင်ကယ်အိုဝင်ရဲ့ ခန့်မှန်းရလဒ်ကတော့ ၁-၃ ဖြင့် လီဗာပူး အနိုင်ရမယ်လို့ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၀ မွာေတာ့ လီဗာပူးအသင္းဟာ ဘရိုက္တန္းအသင္းထံ သြားေရာက္ျပီး အေဝးကြင္းပြဲ ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

အတၱလန္တာအသင္းကို ဗုဒၶဟူးေန႔မွာ ယွဥ္ျပိဳင္ကစားထားျပီး စေနအေစာပိုင္းပြဲအျဖစ္ ဘရိုက္တန္ကို ထပ္မံ ယွဥ္ျပိဳင္ရမွာပါ။ ဒဏ္ရာ ျပႆနာေတြ မ်ားေနတဲ့ လီဗာပူးဟာ ဒီပြဲလည္း အဓိက ကစားသမားေတြကို အရန္နဲ႔ လူငယ္ေတြ တြဲဘက္ သံုးလာတာမ်ိဳး လုပ္ဦးမယ္လို႔ ခန္႔မွန္းရတယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္၊ ဖာဘင္ညိဳု၊ ဂ်ိဳတာတို႔ ပြဲထြက္လူစာရင္းထဲကေန ျပန္ပါလာႏုိင္ကာ အတၱလန္တာပြဲမွာ ပါဝင္ထားတဲ့ နီကိုး၊ အိုရီဂီ၊ ရိုင္းစ္၊ ကိုစတက္တို႔ကေတာ့ အရန္ခံုမွာပဲ ရွိေနမွာျဖစ္ပါတယ္။

အိုဝင္က ေျပာရာမွာ ” လီဗာပူးရဲ႕ ဒဏ္ရာျပႆနာေတြက ဆက္ျပီး ၾကီးထြားလာေနပါတယ္။ ဒါေပမယ့္ ပရီးမီးယားလိဂ္မွာ သူတို႔ အေကာင္းဆံုး တုန္႔ျပန္ေနတာကို ျမင္ရျပီး ဒါက ခ်န္ပီယံအသင္းထံက ျမင္လိုတဲ့ ကိစၥမ်ိဳးပဲ ျဖစ္ပါတယ္။

သူတို႔ရဲ႕ အဓိက ကစားသမားေတြ ျပန္ရလာမယ့္ ရာသီအကုန္ပိုင္းမွာ ဆုဖလား ဆက္လက္ထိန္းသိမ္းႏုိင္ဖို႔ လက္ရွိ လူစာရင္းက လံုေလာက္တဲ့ အရည္အခ်င္းေတြ ရွိတယ္လို႔ ထင္ပါတယ္။

ဘရိုက္တန္ကလည္း ၾကည့္လို႔ေကာင္းတဲ့ အသင္းျဖစ္ပါတယ္။ သူတို႔ကလည္း အႏၱရာယ္ၾကီးတဲ့ အသင္းျဖစ္သလို ေကာင္တာတိုက္စစ္ေတြမွာ ေကာင္းမြန္တယ္ဆိုတာကို ျပီးခဲ့တဲ့ အက္စတြန္ဗီလာပြဲမွာ ျပသခဲ့တယ္။

ဒါေပမယ့္လည္း သူတို႔ ဒီပြဲမွာ ဂိုးရႏုိင္မယ္လို႔ ထင္ျမင္မိေပမယ့္ အေဝးကြင္းမွာ ရလဒ္အားလံုးကို လီဗာပူးအသင္းကပဲ ရသြားလိမ့္မယ္လို႔ ျမင္မိပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္တယ္။

ဘရိုက္တန္နဲ႔ လီဗာပူးပြဲအတြက္ မုိင္ကယ္အိုဝင္ရဲ႕ ခန္႔မွန္းရလဒ္ကေတာ့ ၁-၃ ျဖင့္ လီဗာပူး အႏုိင္ရမယ္လို႔ ျဖစ္ပါတယ္။