ကလပ်နဲ့ ဝိုက်နယ်ဒမ်ကြား စာချုပ်ကိစ္စဟာ လုံးဝ ပြီးပြည့်ခဲ့တာ မဟုတ်ဘဲ မျှော်လင့်လို့ ရနိုင်သေးတဲ့ အခြေအနေမှာ ရှိနေကြောင်း မန်နေဂျာကလော့ပ်က ထုတ်ပြောလာပါတယ်။

လီဗာပူးဟာ ဒီရာသီ ဝိုက်နယ်ဒမ်ရဲ့ နေရာစုံ ကစားပေးမှုအပေါ် အများကြီး မှီခိုနေခဲ့ရတာပါ။ ကွင်းလယ်လူတွေ ဆက်တိုက် ဒဏ်ရာရနေပေမယ့် ကြံ့ခိုင်မှု ပြည့်နေတဲ့ ဝိုက်နယ်ဒမ်ဟာ မီလ်နာနဲ့တွဲပြီး ထားတဲ့ နေရာတိုင်းအတွက် ကြိုးစားပေးနေသူဖြစ်ပါတယ်။

သောကြာနေ့က ဝိုက်နယ်ဒမ်ရဲ့ စာချုပ်ကိစ္စ မေးခံရချိန်မှာ ဒီနွေမှာ စာချုပ်ကုန်မယ့် အခြေအနေကို ဝိုက်နယ်ဒမ်ဘက်က ဆုံးဖြတ်ချက် မလုပ်ရသေးကြောင်းကို ကလော့ပ်က ပြောပါတယ်။

ကလော့ပ်က “ သူဆက်နေမယ်ဆိုရင်လည်း ကျနေ်ာတို့ ပျော်ရပါလိမ့်မယ်။ လူစာရင်းမှာ ဂီနီကို မြင်ရတိုင်း အားလုံးလိုပဲ ကျနော်တို့လည်း ပျော်ရပါတယ်။ သူက အမြဲတမ်း ကောင်းပါတယ်။ သူ ခပ်ညံ့ညံ့ကစားခဲ့တဲ့ ပွဲတွေ မရှိဘူးလို့တောင် ထင်ပါတယ်။

ဂီနီက ကျနော်တို့အတွက် နေရာစုံမှာ ကစားပေးပြီး သိပ်ကောင်းတဲ့ အခြေအနေမှာလည်း ရှိနေတယ်။ ကာလအရှည်ကြီးလဲ ဆက်လက် ယှဉ်ပြိုင်ဦးမှာပါ။ ဆုံးဖြတ်ချက်တွေ မလုပ်သေးသ၍ အားလုံးကဖြစ်နိုင်နေဆဲပါ။ ကျနော်က အကောင်းမြင်နေပါတယ် ” လို့ ဆိုပါတယ်။

လီဗာပူးနဲ့ ဝိုက်နယ်ဒမ်ကြား စာချုပ်ကိစ္စ ပြောဆိုမှုတွေက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကဖြစ်ပြီး အဲ့ကတည်းက လုံးဝ ဆက်စကားမပြောလာခဲ့ဘူး။ ဒါပေမယ့်လို့ ဝိုက်နယ်ဒမ်က အသင်းအတွက် ရာနှုန်းပြည့် ပေးဆပ်ထားကြောင်း ကလော့ပ်ကို တိုက်ရိုက် ပြောဆိုတာတွေ ရှိထားတယ်လို့ The Athletic က ဖော်ပြတယ်။

“ ဂီနီက ကျနော် လေ့ကျင့်ပေးခဲ့ဖူးသမျှထဲမှာ အကောင်းဆုံးတွေထဲက တစ်ဦးပါ။ သူက သိပ်ကို ထူးချွန်တဲ့ ပုဂ္ဂိုလ်ပါ။ ဘာပြဿနာမှ မရှိပါဘူး။ ဒါက ပရော်ဖက်ရှင်နယ်ဖြစ်ပါတယ်။ ကျနေ်ာတို့ရဲ့ ဆက်ဆံရေးကလည်း လုံးဝ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး။

သူက အမရေချန်နဲ့ တူညီတဲ့ ဆက်ဆံရေး ရှိထားသူပါ။ ချန်ဟာ သူ့ရဲ့စာချုပ် နောက်ဆုံးရက်ထိ အစွမ်းကုန် ပေးဆပ်မယ့်ခဲ့သူလည်း ဖြစ်ပါတယ်။ ဂီနီကလည်း အတူတူပါပဲ။ အဲ့အတွက် သံသယမရှိသလို ကျနော်တို့ကြားက ဆက်ဆံရေးက ကောင်းမွန်ပါတယ် ” လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။

ZAWGYI

ကလပ္နဲ႔ ဝိုက္နယ္ဒမ္ၾကား စာခ်ဳပ္ကိစၥဟာ လံုးဝ ျပီးျပည့္ခဲ့တာ မဟုတ္ဘဲ ေမွ်ာ္လင့္လို႔ ရႏုိင္ေသးတဲ့ အေျခအေနမွာ ရွိေနေၾကာင္း မန္ေနဂ်ာကေလာ့ပ္က ထုတ္ေျပာလာပါတယ္။

လီဗာပူးဟာ ဒီရာသီ ဝိုက္နယ္ဒမ္ရဲ႕ ေနရာစံု ကစားေပးမႈအေပၚ အမ်ားၾကီး မွီခိုေနခဲ့ရတာပါ။ ကြင္းလယ္လူေတြ ဆက္တိုက္ ဒဏ္ရာရေနေပမယ့္ ၾကံ႕ခိုင္မႈ ျပည့္ေနတဲ့ ဝိုက္နယ္ဒမ္ဟာ မီလ္နာနဲ႔တြဲျပီး ထားတဲ့ ေနရာတိုင္းအတြက္ ၾကိဳးစားေပးေနသူျဖစ္ပါတယ္။

ေသာၾကာေန႔က ဝိုက္နယ္ဒမ္ရဲ႕ စာခ်ဳပ္ကိစၥ ေမးခံရခ်ိန္မွာ ဒီေႏြမွာ စာခ်ဳပ္ကုန္မယ့္ အေျခအေနကို ဝိုက္နယ္ဒမ္ဘက္က ဆံုးျဖတ္ခ်က္ မလုပ္ရေသးေၾကာင္းကို ကေလာ့ပ္က ေျပာပါတယ္။

ကေလာ့ပ္က “ သူဆက္ေနမယ္ဆိုရင္လည္း က်ေန္ာတို႔ ေပ်ာ္ရပါလိမ့္မယ္။ လူစာရင္းမွာ ဂီနီကို ျမင္ရတိုင္း အားလံုးလိုပဲ က်ေနာ္တို႔လည္း ေပ်ာ္ရပါတယ္။ သူက အျမဲတမ္း ေကာင္းပါတယ္။ သူ ခပ္ညံ့ညံ့ကစားခဲ့တဲ့ ပြဲေတြ မရွိဘူးလို႔ေတာင္ ထင္ပါတယ္။

ဂီနီက က်ေနာ္တို႔အတြက္ ေနရာစံုမွာ ကစားေပးျပီး သိပ္ေကာင္းတဲ့ အေျခအေနမွာလည္း ရွိေနတယ္။ ကာလအရွည္ၾကီးလဲ ဆက္လက္ ယွဥ္ျပိဳင္ဦးမွာပါ။ ဆံုးျဖတ္ခ်က္ေတြ မလုပ္ေသးသ၍ အားလံုးကျဖစ္ႏုိင္ေနဆဲပါ။ က်ေနာ္က အေကာင္းျမင္ေနပါတယ္ ” လို႔ ဆိုပါတယ္။

လီဗာပူးနဲ႔ ဝိုက္နယ္ဒမ္ၾကား စာခ်ဳပ္ကိစၥ ေျပာဆိုမႈေတြက ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကျဖစ္ျပီး အဲ့ကတည္းက လံုးဝ ဆက္စကားမေျပာလာခဲ့ဘူး။ ဒါေပမယ့္လို႔ ဝိုက္နယ္ဒမ္က အသင္းအတြက္ ရာႏႈန္းျပည့္ ေပးဆပ္ထားေၾကာင္း ကေလာ့ပ္ကို တိုက္ရိုက္ ေျပာဆိုတာေတြ ရွိထားတယ္လို႔ The Athletic က ေဖာ္ျပတယ္။

“ ဂီနီက က်ေနာ္ ေလ့က်င့္ေပးခဲ့ဖူးသမွ်ထဲမွာ အေကာင္းဆံုးေတြထဲက တစ္ဦးပါ။ သူက သိပ္ကို ထူးခၽြန္တဲ့ ပုဂၢိဳလ္ပါ။ ဘာျပႆနာမွ မရွိပါဘူး။ ဒါက ပေရာ္ဖက္ရွင္နယ္ျဖစ္ပါတယ္။ က်ေန္ာတို႔ရဲ႕ ဆက္ဆံေရးကလည္း လံုးဝ ေျပာင္းလဲသြားမွာ မဟုတ္ပါဘူး။

သူက အမေရခ်န္နဲ႔ တူညီတဲ့ ဆက္ဆံေရး ရွိထားသူပါ။ ခ်န္ဟာ သူ႔ရဲ႕စာခ်ဳပ္ ေနာက္ဆံုးရက္ထိ အစြမ္းကုန္ ေပးဆပ္မယ့္ခဲ့သူလည္း ျဖစ္ပါတယ္။ ဂီနီကလည္း အတူတူပါပဲ။ အဲ့အတြက္ သံသယမရွိသလို က်ေနာ္တို႔ၾကားက ဆက္ဆံေရးက ေကာင္းမြန္ပါတယ္ ” လို႔ ကေလာ့ပ္က ဆိုခဲ့ပါတယ္။