ရှက်ဖီးယူနိုက်တက် မန်နေဂျာ ခရစ်ဝိုက်ဒါက မကြာသေးခင်ကပဲ မန်နေဂျာကလော့ပ်ကို တစ်ကိုယ်ကောင်းဆန်သူလို့ ဝေဖန်ထားသူပါ။ သူက ဒီတစ်ကြိမ် ပရိသတ်ဝင်ခွင့် ကိစ္စနဲ့ ပက်သက်ပြီးလည်း ကလော့ပ်ကို ထပ်ပြီး ဝေဖန်လိုက်ပြန်ပါတယ်။

အင်္ဂလန်မြောက်ပိုင်းဟာ ကိုဗစ် အန္တရာယ် ကြီးမားမှုကြောင့် ဒီဇင်ဘာလမှာလည်း ပရိသတ်ဝင်ခွင့်တွေ ရဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ မြောက်ပိုင်းဒေသထဲက တစ်ခုဖြစ်တဲ့ မာဆေးဆိုဒ်ကတော့ ပရိသတ်ဝင်ခွင့် ရခဲ့ပြီဖြစ်ကာ ဒီအခြေအနေကို ကလော့ပ်ကလည်း ကြိုဆိုသွားပါတယ်။

မြောက်ပိုင်းကလပ်တစ်ခုဖြစ်တဲ့ လီဗာပူးက ပရိသတ် ၂၀၀၀ ပြန်ဝင်ခွင့်ရချိန်မှာ မန်ချက်စတာ အပါအဝင် ကျန်မြောက်ပိုင်း ကလပ်တွေက လူဝင်ခွင့် မရတဲ့ အနေအထားအတွက် ဝိုက်ဒါက စိတ်ဆိုးနေခဲ့တာပါ။

ဝိုက်ဒါက “ ကလော့ပ်က လီဗာပူးအတွက်ပဲ ဂရုစိုက်တဲ့ ကမ္ဘာအဆင့် မန်နေဂျာပါ၊ ကမ္ဘာအဆင့် နိုင်ငံရေးသမားပါ။ ဒါတွေကပဲ သူဂရုစိုက်တဲ့ ကိစ္စတွေပါ။ သူက ရှက်ဖီးယူနိုက်တက်အတွက် လုံးဝ မပြောပေးသလို နယူးကာဆယ်၊ မန်စီးတီး၊ ယူနိုက်တက်နဲ့ ဘယ်အသင်းအတွက်မှ ရပ်တည်ပေးသူ မဟုတ်ပါဘူး။ သူက ကမ္ဘာအဆင့် နိုင်ငံရေးသမားဖြစ်ပါတယ်။

သူ့ရဲ့ နောက်ခံ ဘတ်ဂရောင်းနဲ့ အန်ဖီးက ဘယ်လိုလဲဆိုတာကို ကျနော် သိပါတယ်။ လီဗာပူးရဲ့ အားပေးမှုက အံ့မခန်းပါ။ လီဗာပူးအကြောင်း ကျနော် သိပါတယ်။ ကျနော် အဖေက အဲ့ပရိသတ် အသိုင်းအဝိုင်းထဲ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ယာဂင်ကလော့ပ် လီဗာပူးရဲ့ အသံဆိုတာကိုလည်း ကျနော် သိတယ်။ သူတို့အသင်း ပရိသတ်ဝင်ခွင့်ရပြီး ကျန်တဲ့ ရှက်ဖီး၊ လိဒ်၊ မန်ချက်စတာနဲ့ မြောက်ပိုင်းကလပ်တွေမှာ ပရိသတ် ဝင်ခွင့်မရသေးတာက မမှန်ပါဘူးလို့ ယာဂင်ပြောမှာ မဟုတ်ပါဘူး။

မြေပုံကိုကြည့်လိုက်လေ အံ့သြသင့်စရာပဲ မဟုတ်လား။ မြောက်ပိုင်း တစ်ခုလုံး ပရိသတ် ဝင်ခွင့်မရဘူးလို့ ထင်ထားပေမယ့် သူတို့ကတော့ ရသွားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ရွက္ဖီးယူႏုိက္တက္ မန္ေနဂ်ာ ခရစ္ဝိုက္ဒါက မၾကာေသးခင္ကပဲ မန္ေနဂ်ာကေလာ့ပ္ကို တစ္ကိုယ္ေကာင္းဆန္သူလို႔ ေဝဖန္ထားသူပါ။ သူက ဒီတစ္ၾကိမ္ ပရိသတ္ဝင္ခြင့္ ကိစၥနဲ႔ ပက္သက္ျပီးလည္း ကေလာ့ပ္ကို ထပ္ျပီး ေဝဖန္လိုက္ျပန္ပါတယ္။

အဂၤလန္ေျမာက္ပိုင္းဟာ ကိုဗစ္ အႏၱရာယ္ ၾကီးမားမႈေၾကာင့္ ဒီဇင္ဘာလမွာလည္း ပရိသတ္ဝင္ခြင့္ေတြ ရဦးမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ ေျမာက္ပိုင္းေဒသထဲက တစ္ခုျဖစ္တဲ့ မာေဆးဆိုဒ္ကေတာ့ ပရိသတ္ဝင္ခြင့္ ရခဲ့ျပီျဖစ္ကာ ဒီအေျခအေနကို ကေလာ့ပ္ကလည္း ၾကိဳဆိုသြားပါတယ္။

ေျမာက္ပိုင္းကလပ္တစ္ခုျဖစ္တဲ့ လီဗာပူးက ပရိသတ္ ၂၀၀၀ ျပန္ဝင္ခြင့္ရခ်ိန္မွာ မန္ခ်က္စတာ အပါအဝင္ က်န္ေျမာက္ပိုင္း ကလပ္ေတြက လူဝင္ခြင့္ မရတဲ့ အေနအထားအတြက္ ဝိုက္ဒါက စိတ္ဆိုးေနခဲ့တာပါ။

ဝိုက္ဒါက “ ကေလာ့ပ္က လီဗာပူးအတြက္ပဲ ဂရုစိုက္တဲ့ ကမၻာအဆင့္ မန္ေနဂ်ာပါ၊ ကမၻာအဆင့္ ႏုိင္ငံေရးသမားပါ။ ဒါေတြကပဲ သူဂရုစိုက္တဲ့ ကိစၥေတြပါ။ သူက ရွက္ဖီးယူႏုိက္တက္အတြက္ လံုးဝ မေျပာေပးသလို နယူးကာဆယ္၊ မန္စီးတီး၊ ယူႏုိက္တက္နဲ႔ ဘယ္အသင္းအတြက္မွ ရပ္တည္ေပးသူ မဟုတ္ပါဘူး။ သူက ကမၻာအဆင့္ ႏုိင္ငံေရးသမားျဖစ္ပါတယ္။

သူ႔ရဲ႕ ေနာက္ခံ ဘတ္ဂေရာင္းနဲ႔ အန္ဖီးက ဘယ္လိုလဲဆိုတာကို က်ေနာ္ သိပါတယ္။ လီဗာပူးရဲ႕ အားေပးမႈက အံ့မခန္းပါ။ လီဗာပူးအေၾကာင္း က်ေနာ္ သိပါတယ္။ က်ေနာ္ အေဖက အဲ့ပရိသတ္ အသိုင္းအဝိုင္းထဲ ပါဝင္ခဲ့သူျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ လီဗာပူးရဲ႕ အသံဆိုတာကိုလည္း က်ေနာ္ သိတယ္။ သူတို႔အသင္း ပရိသတ္ဝင္ခြင့္ရျပီး က်န္တဲ့ ရွက္ဖီး၊ လိဒ္၊ မန္ခ်က္စတာနဲ႔ ေျမာက္ပိုင္းကလပ္ေတြမွာ ပရိသတ္ ဝင္ခြင့္မရေသးတာက မမွန္ပါဘူးလို႔ ယာဂင္ေျပာမွာ မဟုတ္ပါဘူး။

ေျမပံုကိုၾကည့္လိုက္ေလ အံ့ၾသသင့္စရာပဲ မဟုတ္လား။ ေျမာက္ပိုင္း တစ္ခုလုံး ပရိသတ္ ဝင္ခြင့္မရဘူးလို႔ ထင္ထားေပမယ့္ သူတို႔ကေတာ့ ရသြားပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။