ဘရိုက်တန်ပွဲအပြီး ယာဂင်ကလော့ပ်ရဲ့ မီဒီယာ တွေ့ဆုံမှုကတော့ ခပ်လှလှလေး ပြီးခဲ့ခြင်း မဟုတ်ဘဲ ဂျာမာန်သားကြီးက သူ့ဘောင်ထဲကနေ ကွင်းလယ်ဒိုင်၊ ရုပ်သံနဲ့ VAR အားလုံးကို ပြန်လှောင်ခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲဟာ လီဗာပူးအတွက် အများကြီး အထိနာခဲ့တဲ့ပွဲဖြစ်ကာ ရမှတ် ၁ မှတ်ရခဲ့တာကတောင် ကံကောင်းတယ်လို့ ပြောရမှာပါ။ ဂျိုတာရဲ့ သွင်းဂိုး ငြင်းစရာမရှိ ပေးရတဲ့ အနေအထားကြောင်း ဂိုးရခဲ့တာကလွဲရင် အခြားသော သွင်းဂိုးတွေ ပယ်ဖျက်ခံရသလို ဂိုးပေါက်တောင် မခြိမ်းခြောက်နိုင်တော့တဲ့ ဘရိုက်တန်အတွက်လည်း ဒိုင်ဆုံးဖြတ်ချက်ဖြင့် ပင်နယ်တီတွေ ရစေခဲ့ပါတယ်။

ကလော့ပ်က ” မီလ်နာက တံကောက်ကြောရသွားတာပါ။ မင်းတို့ (BT Sport ရုပ်သံ) ကို ဂုဏ်ပြုပါတယ်။ မင်းတို့ အစောဆုံးပွဲကို ကစားစေချင်တယ်လေ။ မင်းတို့ ဒီလိုဖြစ်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဂုဏ်ယူပါတယ်။

နှစ်တစ်နှစ်က ကုန်တော့မယ်။ ဒီရာသီမှာ စနေ အစောဆုံးပွဲကို ငါတို့ သုံးကြိမ် ကစားခဲ့ရတယ်။ မင်းတို့ (BT Sport ရုပ်သံ) က ငါတို့ကို အစောဆုံးပွဲကိုမှ ကစားစေချင်တာ မဟုတ်လား။ ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ကစားရပြီး စနေနေ့မှာ ထပ်ကစားဖို့ မင်းတို့ပဲ ရွေးပေးခဲ့တာပါပဲ။ ဒီလို ကစားရတာက ကစားသမားတွေအတွက် သိပ်ကို အန္တရာယ်ကြီးလွန်းပါတယ် ” လို့ ဖြေပေးတယ်။

လူကျွံဘောတွေနဲ့ ပက်သက်လို့လည်း ကလေ့ာပ်က ” VAR က ရင်ဘတ်ပေါ်က ကလပ်တံဆိပ်တွေ၊ လက်မောင်းပေါ်က စပွန်ဆာ တံဆိပ်တွေကိုတောင် လူကျွံဘောမှာ ထည့်တွက်နေပြီးပဲ။ ငါတို့အတွက်လည်း ဒါက ဖြစ်ရိုးဖြစ်စဉ်တောင် ဖြစ်လာနေပါပြီ ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဘရိုက်တန်ရသွားတဲ့ နောက်ဆုံး ပင်နယ်တီအတွက် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကိုတော့ ” အဲ့တာ ပင်နယ်တီဖြစ်ခဲ့တယ်လေ။ မင်းတို့က ငါ ဘာဖြေပေးတာကို ကြားချင်လို့လဲ? မင်းတို့ဘာသာပဲ ပြန်မေးကြည့်ပေါ့ ” လို့ ပြန်တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘရိုက္တန္ပြဲအျပီး ယာဂင္ကေလာ့ပ္ရဲ႕ မီဒီယာ ေတြ႔ဆံုမႈကေတာ့ ခပ္လွလွေလး ျပီးခဲ့ျခင္း မဟုတ္ဘဲ ဂ်ာမာန္သားၾကီးက သူ႔ေဘာင္ထဲကေန ကြင္းလယ္ဒိုင္၊ ရုပ္သံနဲ႔ VAR အားလံုးကို ျပန္ေလွာင္ခဲ့ပါတယ္။

ဘရိုက္တန္နဲ႔ပြဲဟာ လီဗာပူးအတြက္ အမ်ားၾကီး အထိနာခဲ့တဲ့ပြဲျဖစ္ကာ ရမွတ္ ၁ မွတ္ရခဲ့တာကေတာင္ ကံေကာင္းတယ္လို႔ ေျပာရမွာပါ။ ဂ်ိဳတာရဲ႕ သြင္းဂိုး ျငင္းစရာမရွိ ေပးရတဲ့ အေနအထားေၾကာင္း ဂိုးရခဲ့တာကလြဲရင္ အျခားေသာ သြင္းဂိုးေတြ ပယ္ဖ်က္ခံရသလို ဂိုးေပါက္ေတာင္ မျခိမ္းေျခာက္ႏုိင္ေတာ့တဲ့ ဘရိုက္တန္အတြက္လည္း ဒိုင္ဆံုးျဖတ္ခ်က္ျဖင့္ ပင္နယ္တီေတြ ရေစခဲ့ပါတယ္။

ကေလာ့ပ္က ” မီလ္နာက တံေကာက္ေၾကာရသြားတာပါ။ မင္းတို႔ (BT Sport ရုပ္သံ) ကို ဂုဏ္ျပဳပါတယ္။ မင္းတို႔ အေစာဆံုးပြဲကို ကစားေစခ်င္တယ္ေလ။ မင္းတို႔ ဒီလိုျဖစ္ေအာင္ လုပ္ႏုိင္ခဲ့ပါတယ္။ ဂုဏ္ယူပါတယ္။

ႏွစ္တစ္ႏွစ္က ကုန္ေတာ့မယ္။ ဒီရာသီမွာ စေန အေစာဆံုးပြဲကို ငါတို႔ သံုးၾကိမ္ ကစားခဲ့ရတယ္။ မင္းတို႔ (BT Sport ရုပ္သံ) က ငါတို႔ကို အေစာဆံုးပြဲကိုမွ ကစားေစခ်င္တာ မဟုတ္လား။ ဗုဒၶဟူးေန႔မွာ ခ်န္ပီယံလိဂ္ ကစားရျပီး စေနေန႔မွာ ထပ္ကစားဖို႔ မင္းတို႔ပဲ ေရြးေပးခဲ့တာပါပဲ။ ဒီလို ကစားရတာက ကစားသမားေတြအတြက္ သိပ္ကို အႏၱရာယ္ၾကီးလြန္းပါတယ္ ” လို႔ ေျဖေပးတယ္။

လူကၽြံေဘာေတြနဲ႔ ပက္သက္လို႔လည္း ကေလ့ာပ္က ” VAR က ရင္ဘတ္ေပၚက ကလပ္တံဆိပ္ေတြ၊ လက္ေမာင္းေပၚက စပြန္ဆာ တံဆိပ္ေတြကိုေတာင္ လူကၽြံေဘာမွာ ထည့္တြက္ေနျပီးပဲ။ ငါတို႔အတြက္လည္း ဒါက ျဖစ္ရိုးျဖစ္စဥ္ေတာင္ ျဖစ္လာေနပါျပီ ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

ဘရိုက္တန္ရသြားတဲ့ ေနာက္ဆံုး ပင္နယ္တီအတြက္ ဒိုင္လူၾကီးရဲ႕ ဆံုးျဖတ္ခ်က္ကိုေတာ့ ” အဲ့တာ ပင္နယ္တီျဖစ္ခဲ့တယ္ေလ။ မင္းတို႔က ငါ ဘာေျဖေပးတာကို ၾကားခ်င္လို႔လဲ? မင္းတို႔ဘာသာပဲ ျပန္ေမးၾကည့္ေပါ့ ” လို႔ ျပန္တုန္႔ျပန္ခဲ့တာ ျဖစ္ပါတယ္။