ဘရိုက်တန်နဲ့ပွဲမှာ မန်နေဂျာကလော့ပ်က တိုက်စစ်သမား ဆာလက်ကို တစ်နာရီလောက် ကစားပြီးချိန်မှာ လူစားလဲခဲ့ပါတယ်။ ဆာလက်က လူစားလဲခံရတာကို မနှစ်သက်ကြောင်းကို သိသာတဲ့ အပြုအမှုတွေ ပြုလုပ်ပြသွားပါတယ်။

ပွဲအပြီးမှာ အရန်ခုံအတွင်း ဒေါသထွက်နေတဲ့ အမူအယာတွေကို ဆာလက် လုပ်ပြတာနဲ့ ပက်သက်လို့ BT Sport သတင်းထောက်က ” ဆာလက်ကြည့်ရတာ အစောကြီး ထွက်သွားရလို့ ပျေျာ်နေပုံ မရဘူး။ ဒီအတွက် ခင်ဗျားမှာ အစီအစဉ်ရှိမယ်လို့ ထင်တယ်။ ” လို့ ကလော့ပ်ကို မေးခွန်းထုတ်ခဲ့တယ်။

ကလော့ပ်က ” အခြားနေတွေမှာ ဆာလက် ကွင်းထဲကနေ ပြုံးပြုံးကြီး ထွက်သွားတာကမှ တစ်ခုခုတော့ မှားနေပြီလို့ ပြောရမှာပါ။ အခြေအနေကို အပြည့်အဝ ကျနော် နားလည်ပါတယ်။ ပြဿနာက သူမှာ ကိုဗစ်ရှိခဲ့တယ်။ ၁၀-၁၂ ရက်လောက် အနားယူခဲ့ရတယ်။ ပြီးတော့ မိနစ် ၆၀ ကစားတယ်။ သုံးရက်အကြာ သူထပ်ကစားရပြန်တယ်။ ကျနော်တို့ ဂရုစိုက်ပေးဖို့လိုတယ်။ သူမကြိုက်ဘူးဆိုတာ ကျနော် သိပါတယ်။ ဒါပေမယ့် အခြေအနေက ဒီလိုပါပဲ ” လို့ ပြန်ဖြေခဲ့ပါတယ်။

ဒါ့အပြင် သီယာဂို၊ ချိန်ဘာလိန်တို့ ပြန်ကစားနိုင်မယ့် အခြေအနေအတွက် မေးခွန်းထုတ်ခံရချိန်မှာလဲ ” အေဂျက်နဲ့ ဝုဗ်တို့ကို သတင်းပေးတာတွေ မလုပ်ချင်ပါဘူး။ ဒါပေမယ့် အဲ့ပွဲတွေမှာ သူတို့ နှစ်ဦး ဝင်ကစားနိုင်မယ်လို့ မထင်ပါဘူး ” လို့ ဆိုခဲ့တယ်။

လီဗာပူးအသင်းဟာ အင်္ဂါနေ့ညမှာတော့ အေဂျက်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာဖြစ်ပြီး အဆိုပါ ပွဲအပြီး ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဝုဗ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားမှာဖြစ်တယ်။ ဝုဗ်နဲ့ပွဲအတွက်တော့ အန်ဖီးကွင်းအတွင်း ပရိသတ် ၂၀၀၀ ဝင်ရောက်ခွင့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

ဘရိုက္တန္နဲ႔ပြဲမွာ မန္ေနဂ်ာကေလာ့ပ္က တိုက္စစ္သမား ဆာလက္ကို တစ္နာရီေလာက္ ကစားျပီးခ်ိန္မွာ လူစားလဲခဲ့ပါတယ္။ ဆာလက္က လူစားလဲခံရတာကို မႏွစ္သက္ေၾကာင္းကို သိသာတဲ့ အျပဳအမႈေတြ ျပဳလုပ္ျပသြားပါတယ္။

ပြဲအျပီးမွာ အရန္ခံုအတြင္း ေဒါသထြက္ေနတဲ့ အမူအယာေတြကို ဆာလက္ လုပ္ျပတာနဲ႔ ပက္သက္လို႔ BT Sport သတင္းေထာက္က ” ဆာလက္ၾကည့္ရတာ အေစာၾကီး ထြက္သြားရလို႔ ေပ််ာ္ေနပံု မရဘူး။ ဒီအတြက္ ခင္ဗ်ားမွာ အစီအစဥ္ရွိမယ္လို႔ ထင္တယ္။ ” လို႔ ကေလာ့ပ္ကို ေမးခြန္းထုတ္ခဲ့တယ္။

ကေလာ့ပ္က ” အျခားေနေတြမွာ ဆာလက္ ကြင္းထဲကေန ျပံဳးျပံဳးၾကီး ထြက္သြားတာကမွ တစ္ခုခုေတာ့ မွားေနျပီလို႔ ေျပာရမွာပါ။ အေျခအေနကို အျပည့္အဝ က်ေနာ္ နားလည္ပါတယ္။ ျပႆနာက သူမွာ ကိုဗစ္ရွိခဲ့တယ္။ ၁၀-၁၂ ရက္ေလာက္ အနားယူခဲ့ရတယ္။ ျပီးေတာ့ မိနစ္ ၆၀ ကစားတယ္။ သံုးရက္အၾကာ သူထပ္ကစားရျပန္တယ္။ က်ေနာ္တို႔ ဂရုစိုက္ေပးဖို႔လိုတယ္။ သူမၾကိဳက္ဘူးဆိုတာ က်ေနာ္ သိပါတယ္။ ဒါေပမယ့္ အေျခအေနက ဒီလိုပါပဲ ” လို႔ ျပန္ေျဖခဲ့ပါတယ္။

ဒါ့အျပင္ သီယာဂို၊ ခ်ိန္ဘာလိန္တို႔ ျပန္ကစားႏုိင္မယ့္ အေျခအေနအတြက္ ေမးခြန္းထုတ္ခံရခ်ိန္မွာလဲ ” ေအဂ်က္နဲ႔ ဝုဗ္တို႔ကို သတင္းေပးတာေတြ မလုပ္ခ်င္ပါဘူး။ ဒါေပမယ့္ အဲ့ပြဲေတြမွာ သူတို႔ ႏွစ္ဦး ဝင္ကစားႏုိင္မယ္လို႔ မထင္ပါဘူး ” လို႔ ဆိုခဲ့တယ္။

လီဗာပူးအသင္းဟာ အဂၤါေန႔ညမွာေတာ့ ေအဂ်က္ကို အိမ္ကြင္းမွာ ဧည့္ခံရမွာျဖစ္ျပီး အဆိုပါ ပြဲအျပီး ဒီဇင္ဘာလ ၆ ရက္ေန႔မွာ ဝုဗ္ကို အိမ္ကြင္းမွာ ဧည့္ခံကစားမွာျဖစ္တယ္။ ဝုဗ္နဲ႔ပြဲအတြက္ေတာ့ အန္ဖီးကြင္းအတြင္း ပရိသတ္ ၂၀၀၀ ဝင္ေရာက္ခြင့္ရမွာ ျဖစ္ပါတယ္။