လီဗာပူးက ဘရိုက်တန်ကို ၁-၁ သရေကျတဲ့ပွဲအပြီးမှာ ပွဲတန်ပိုကို ဖျက်ဆီးခဲ့တဲ့ VAR နဲ့ ပက်သက်ပြီး ဝေဖန်မှုတွေ အများကြီး ထွက်ပေါ်လာခဲ့ပါတယ်။

လီဗာပူးရဲ့ သွင်းဂိုး ၂ ဂိုးကို ဗီဒီယိုဒိုင်တွေက လူကျွံကြောင်း ပယ်ဖျက်ခဲ့သလို ဘရိုက်တန်ဘက်ကိုလည်း ပင်နယ်တီ ၂ ကြိမ် ခွင့်ပြုပေးခဲ့တယ်။ ဘရိုက်တန်ရသွားတဲ့ ပင်နယ်တီက ပွဲချိန်တွင်းမှာ အလေးထားလောက်တဲ့ ကိစ္စတောင် မဟုတ်ခဲ့ပေမယ့် VAR မြင်ကွင်းမှာတော့ ခြေထောက်ကို ကန်မိတယ်ဆိုပြီး ပင်နယ်တီ ပေးခဲ့ရတာဖြစ်ပါတယ်။

အိုဝင်ကတော့ တကယ်ဖြစ်ရပ်က ဘယ်လိုဆိုတာကို လေ့လာသင့်ပြီး ပြကွက်တွေကို အနှေးနဲ့ပဲ ကြည့်နေမယ်ဆိုရင် ထိတွေ့မှုတွေတော့ ရှိနေမှာပဲလို့ မှတ်ချက်ပေးခဲ့တယ်။ The Times မှာ ဝင်တာကတော့ နည်းပညာအပေါ် ရင်းနှီးမြုပ်နှံမှုကို လိုသလောက်ပဲ လုပ်ပြီး ဒိုင်တွေရဲ့ အရည်အချင်း တိုးတက်လာအောင် ဦးစားပေးသင့်တယ်လို့ ထောက်ပြပါတယ်။

အိုဝင်က ” ဒီကနေ့မှာ ပင်နယ်တီတွေက မပေးသင့်တာတွေကို ပိုပေးလာကြတယ်။ အရင် အပတ်တွေတုန်းက ဝက်ဟမ်းနဲ့ပွဲမှာ ဆာလက်လည်း ပင်နယ်တီ တစ်ကြိမ်ရခဲ့တယ်။ ဒီတော့ သူတို့က ပုံစံတူ ပင်နယ်တီတွေ ခွင့်ပြုနေတာပါ။

တကယ်တမ်း ဘောလုံးကစားနေချိန်မှာ အဲ့တာတွေက ပင်နယ်တီ မဖြစ်သင့်ပါဘူး။ VAR က တကယ့် ပွဲချိန်ကို ကြည့်သင့်ပါတယ်။ ပြကွက်တွေကို အနှေးပုံစံဖြင့် ပြန်ကြည့်မယ်ဆိုရင်တော့ အားလုံးက ပြစ်ဒဏ်ကျူးလွန်တာတွေ ဖြစ်ကုန်မှာပါပဲ။ ” လို့ ဆိုခဲ့တယ်။

ဗြိတိန်ရဲ့ ဂုဏ်သိက္ခာကြီး သတင်းဌာနဖြစ်တဲ့ The Times မှ အားကစားအကြီးအကဲ ဟင်နရီဝင်တာကလည်း ” ရှင်းလင်း မြင်သာမှုတွေက သေဆုံးသွားပါပြီ။ အဲ့တာတွေက မရှိတော့ပါဘူး။ အခုချိန်မှာ အားလုံးက VAR ခန်းထဲက အနှေးပြကွက်တွေကို ရှေ့တန်းတင်နေသူတွေရဲ့ လက်ထဲမှာပဲ ရှိပါတော့မယ်။

VAR က သိပ်ကို ဆိုးတဲ့ အခြေအနေတွေအတွက် သုံးတာဆိုရင်တော့ ကောင်းပါတယ်။ ဘာလို့ ဂိမ်းပွဲ အခိုက်အတန့်တွေကို ထိခိုက်စေမှာလဲ။ VAR ကို ဆင်ဆင်ခြင်ခြင်သုံးပြီး ဒိုင်လူကြီးတွေ ပိုတိုးတက်လာဖို့ ရင်းနှီးမြုပ်နှံသင့်တာ မဟုတ်ဘူးလား ?” လို့ မေးခွန်းထုတ်ခဲ့တယ်။

ZAWGYI

လီဗာပူးက ဘရိုက္တန္ကို ၁-၁ သေရက်တဲ့ပြဲအျပီးမွာ ပြဲတန္ပိုကို ဖ်က္ဆီးခဲ့တဲ့ VAR နဲ႔ ပက္သက္ျပီး ေဝဖန္မႈေတြ အမ်ားၾကီး ထြက္ေပၚလာခဲ့ပါတယ္။

လီဗာပူးရဲ႕ သြင္းဂိုး ၂ ဂိုးကို ဗီဒီယိုဒိုင္ေတြက လူကၽြံေၾကာင္း ပယ္ဖ်က္ခဲ့သလို ဘရိုက္တန္ဘက္ကိုလည္း ပင္နယ္တီ ၂ ၾကိမ္ ခြင့္ျပဳေပးခဲ့တယ္။ ဘရိုက္တန္ရသြားတဲ့ ပင္နယ္တီက ပြဲခ်ိန္တြင္းမွာ အေလးထားေလာက္တဲ့ ကိစၥေတာင္ မဟုတ္ခဲ့ေပမယ့္ VAR ျမင္ကြင္းမွာေတာ့ ေျခေထာက္ကို ကန္မိတယ္ဆိုျပီး ပင္နယ္တီ ေပးခဲ့ရတာျဖစ္ပါတယ္။

အိုဝင္ကေတာ့ တကယ္ျဖစ္ရပ္က ဘယ္လိုဆိုတာကို ေလ့လာသင့္ျပီး ျပကြက္ေတြကို အေႏွးနဲ႔ပဲ ၾကည့္ေနမယ္ဆိုရင္ ထိေတြ႔မႈေတြေတာ့ ရွိေနမွာပဲလို႔ မွတ္ခ်က္ေပးခဲ့တယ္။ The Times မွာ ဝင္တာကေတာ့ နည္းပညာအေပၚ ရင္းႏွီးျမဳပ္ႏွံမႈကို လိုသေလာက္ပဲ လုပ္ျပီး ဒိုင္ေတြရဲ႕ အရည္အခ်င္း တိုးတက္လာေအာင္ ဦးစားေပးသင့္တယ္လို႔ ေထာက္ျပပါတယ္။

အိုဝင္က ” ဒီကေန႔မွာ ပင္နယ္တီေတြက မေပးသင့္တာေတြကို ပိုေပးလာၾကတယ္။ အရင္ အပတ္ေတြတုန္းက ဝက္ဟမ္းနဲ႔ပြဲမွာ ဆာလက္လည္း ပင္နယ္တီ တစ္ၾကိမ္ရခဲ့တယ္။ ဒီေတာ့ သူတို႔က ပံုစံတူ ပင္နယ္တီေတြ ခြင့္ျပဳေနတာပါ။

တကယ္တမ္း ေဘာလံုးကစားေနခ်ိန္မွာ အဲ့တာေတြက ပင္နယ္တီ မျဖစ္သင့္ပါဘူး။ VAR က တကယ့္ ပြဲခ်ိန္ကို ၾကည့္သင့္ပါတယ္။ ျပကြက္ေတြကို အေႏွးပံုစံျဖင့္ ျပန္ၾကည့္မယ္ဆိုရင္ေတာ့ အားလံုးက ျပစ္ဒဏ္က်ဴးလြန္တာေတြ ျဖစ္ကုန္မွာပါပဲ။ ” လို႔ ဆိုခဲ့တယ္။

ျဗိတိန္ရဲ႕ ဂုဏ္သိကၡာၾကီး သတင္းဌာနျဖစ္တဲ့ The Times မွ အားကစားအၾကီးအကဲ ဟင္နရီဝင္တာကလည္း ” ရွင္းလင္း ျမင္သာမႈေတြက ေသဆံုးသြားပါျပီ။ အဲ့တာေတြက မရွိေတာ့ပါဘူး။ အခုခ်ိန္မွာ အားလံုးက VAR ခန္းထဲက အေႏွးျပကြက္ေတြကို ေရွ႔တန္းတင္ေနသူေတြရဲ႕ လက္ထဲမွာပဲ ရွိပါေတာ့မယ္။

VAR က သိပ္ကို ဆိုးတဲ့ အေျခအေနေတြအတြက္ သံုးတာဆိုရင္ေတာ့ ေကာင္းပါတယ္။ ဘာလို႔ ဂိမ္းပြဲ အခိုက္အတန္႔ေတြကို ထိခိုက္ေစမွာလဲ။ VAR ကို ဆင္ဆင္ျခင္ျခင္သံုးျပီး ဒိုင္လူၾကီးေတြ ပိုတိုးတက္လာဖို႔ ရင္းႏွီးျမဳပ္ႏွံသင့္တာ မဟုတ္ဘူးလား ?” လို႔ ေမးခြန္းထုတ္ခဲ့တယ္။