လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဘောလုံးလောကရဲ့ စည်းမျဉ်းတွေ အများကြီး ပြောင်းလဲနေမှုကို မသိနိုင်အောင်ဖြစ်နေရတယ်လို့ ဝန်ခံစကား ပြောဆိုပါတယ်။

ဒီအကြောင်းကို မကြာသေးခင်ကပဲ ဒီဘရိုင်းကလည်း ပြောဆိုထားပြီး မန်စီးတီးကွင်းလယ်လူရဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးလောကရဲ့ ပြောင်းလဲမှုကို သူလည်း မသိတော့ဘူးဆိုတဲ့ အပြောကို ဟန်ဒါဆန်ကလည်း ထောက်ခံသွားတာ ဖြစ်ပါတယ်။

VAR အပေါ် ဘယ်လိုမြင်လဲနဲ့ ဘောလုံးပွဲတွေမှာ VAR ရှိနေတာနဲ့ မရှိတာ ဘယ်တစ်ခုကို လိုချင်သလဲလို့ မေးခွန်းထုတ်ခံရချိန်မှာ ဟန်ဒါဆန်က ထိန်းထိန်းသိမ်းသိမ်း ဖြေဆိုခဲ့တယ်။

ဟန်ဒါဆန်က ” အဲ့တာကြီးအကြောင်း မပြောချင်ပါဘူး။ ပြောရင် ကိုယ်ဘာသာ ပြဿနာတတ်အောင် လုပ်သလို ဖြစ်နေလိမ့်မယ်။ လူကျွံဘောဖြစ်ရင် လိုင်းတွေကို ဆွဲလိုက်ကြတယ် အဲ့တာပြီးရင် သူတို့ဘာလုပ်နိုင်လို့လဲ?

အခြားသူတွေအကြောင်းကို ကျနော် မပြောချင်ပါဘူး။ ဒါပေမယ့် ကျနော် အမြင်အရဆိုရင် အဲ့တာကို ဖျက်သိမ်းလိုက်မှာပါ။ ဘောလုံးကို ပုံမှန်အတိုင်းပဲ ကစားလိုပါတယ်။

အင်တာဗျူးမှာ ဒီဘရိုင်းက စည်းမျဉ်းတွေ အများကြီး ပြောင်းလဲထားတာနဲ့ ပက်သက်ပြီး ပြောထားတာ ကျနော် မြင်ပါတယ်။ ဘယ်စည်းမျဉ်းတွေ ဘယ်လိုပြောင်းခဲ့လဲဆိုတာကိုတောင် ကျနော်တို့ မသိတော့ပါဘူး။ ကျနော်အတွက်တော့ အဲ့တာကပဲ ပြဿနာဖြစ်ပါတယ်။

ဘောလုံးတင် မဟုတ်ဘဲ ဖြစ်ရပ်တိုင်းကို အခြေခံပြီး ကျနော် ပြောနေတာပါ။ ကျနော်ရဲ့ အမြင်အရဆိုရင် အဲ့တာကြီး မရှိဘဲ ကစားလိုသလားဆိုရင်၊ ဟုတ်ပါတယ်လို့ ဖြေရမှာပါ ” လို့ အဖြေပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ VAR ကြောင့် ရမှတ်တွေ အဆုံးရံှူးဆုံး အသင်းဖြစ်ပြီး အဲဗာတန်နဲ့ သရေကျတဲ့ပွဲ၊ ဘရိုက်တန်နဲ့ သရေကျတဲ့ပွဲတွေဟာ အသိသာဆုံးသော ပွဲတွေဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ေဘာလံုးေလာကရဲ႕ စည္းမ်ဥ္းေတြ အမ်ားၾကီး ေျပာင္းလဲေနမႈကို မသိႏုိင္ေအာင္ျဖစ္ေနရတယ္လို႔ ဝန္ခံစကား ေျပာဆိုပါတယ္။

ဒီအေၾကာင္းကို မၾကာေသးခင္ကပဲ ဒီဘရိုင္းကလည္း ေျပာဆိုထားျပီး မန္စီးတီးကြင္းလယ္လူရဲ႕ ပေရာ္ဖက္ရွင္နယ္ ေဘာလံုးေလာကရဲ႕ ေျပာင္းလဲမႈကို သူလည္း မသိေတာ့ဘူးဆိုတဲ့ အေျပာကို ဟန္ဒါဆန္ကလည္း ေထာက္ခံသြားတာ ျဖစ္ပါတယ္။

VAR အေပၚ ဘယ္လိုျမင္လဲနဲ႔ ေဘာလံုးပြဲေတြမွာ VAR ရွိေနတာနဲ႔ မရွိတာ ဘယ္တစ္ခုကို လိုခ်င္သလဲလို႔ ေမးခြန္းထုတ္ခံရခ်ိန္မွာ ဟန္ဒါဆန္က ထိန္းထိန္းသိမ္းသိမ္း ေျဖဆိုခဲ့တယ္။

ဟန္ဒါဆန္က ” အဲ့တာၾကီးအေၾကာင္း မေျပာခ်င္ပါဘူး။ ေျပာရင္ ကိုယ္ဘာသာ ျပႆနာတတ္ေအာင္ လုပ္သလို ျဖစ္ေနလိမ့္မယ္။ လူကၽြံေဘာျဖစ္ရင္ လုိင္းေတြကို ဆြဲလိုက္ၾကတယ္ အဲ့တာျပီးရင္ သူတို႔ဘာလုပ္ႏုိင္လို႔လဲ?

အျခားသူေတြအေၾကာင္းကို က်ေနာ္ မေျပာခ်င္ပါဘူး။ ဒါေပမယ့္ က်ေနာ္ အျမင္အရဆိုရင္ အဲ့တာကို ဖ်က္သိမ္းလိုက္မွာပါ။ ေဘာလံုးကို ပံုမွန္အတိုင္းပဲ ကစားလိုပါတယ္။

အင္တာဗ်ဴးမွာ ဒီဘရိုင္းက စည္းမ်ဥ္းေတြ အမ်ားၾကီး ေျပာင္းလဲထားတာနဲ႔ ပက္သက္ျပီး ေျပာထားတာ က်ေနာ္ ျမင္ပါတယ္။ ဘယ္စည္းမ်ဥ္းေတြ ဘယ္လိုေျပာင္းခဲ့လဲဆိုတာကိုေတာင္ က်ေနာ္တုိ႔ မသိေတာ့ပါဘူး။ က်ေနာ္အတြက္ေတာ့ အဲ့တာကပဲ ျပႆနာျဖစ္ပါတယ္။

ေဘာလံုးတင္ မဟုတ္ဘဲ ျဖစ္ရပ္တိုင္းကို အေျခခံျပီး က်ေနာ္ ေျပာေနတာပါ။ က်ေနာ္ရဲ႕ အျမင္အရဆိုရင္ အဲ့တာၾကီး မရွိဘဲ ကစားလိုသလားဆိုရင္၊ ဟုတ္ပါတယ္လို႔ ေျဖရမွာပါ ” လို႔ အေျဖေပးခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ VAR ေၾကာင့္ ရမွတ္ေတြ အဆံုးရံွဴးဆံုး အသင္းျဖစ္ျပီး အဲဗာတန္နဲ႔ သေရက်တဲ့ပြဲ၊ ဘရိုက္တန္နဲ႔ သေရက်တဲ့ပြဲေတြဟာ အသိသာဆံုးေသာ ပြဲေတြျဖစ္ပါတယ္။