ဘီဘီစီရဲ့ Match of the Day 2 ပရိုဂရမ်ကနေ လီဗာပူးခံစစ်မှူးဟောင်း စတီဖန် ဝါးနော့က အန်ဖီးကွင်းက အသင်းဟောင်းရဲ့ ပွဲချဉ်းကပ်မှုဟာ မှားခဲ့တယ်လို့ ထောက်ပြသွားပါတယ်။

တန်းဆင်းဇုန်ကလပ်နဲ့ ယှဉ်ပြိုင်ရာမှာ မာနေးရဲ့ ခပ်စောစော ဂိုးကို မြင်ရတဲ့နောက် ဒီပွဲကတော့ လီဗာပူးပွဲလို့ အားလုံး ထင်ခဲ့ကြတာပါ။ ဝါးနော့က ဝက်စ်ဘရွန်းဟာ လီဗာပူးအသင်းသားတွေကို အဲ့လို ခံစားရအောင် လုပ်ခဲ့ကြပြီး သူတို့ ကိုယ်တိုင်ကတော့ တစ်ဂိုးပေးထားရသော်ညား ကိုယ်ရဲ့ တာဝန်ကို နောက်ဆုံး အချိန်ထိ မမေ့ခဲ့ကြဘူးလို့ မှတ်ချက်ပေးခဲ့တယ်။

ဘောလုံးပိုင်ဆိုင်မှု ရထားချိန်မှာ အခွင့်အရေး ဖန်တီးမှုတွေ မလုပ်နိုင်ဖြစ်နေတဲ့ လီဗာပူးကို အချိန်ကောင်းမှာ ဝက်စ်ဘရွန်းက ချိန်သားကိုက် ထိုးနှက်မှုဟာ ၎င်းတို့အတွက် အဖိုးတန် သရေတစ်မှတ်ကို ရစေခဲ့တာဖြစ်ပါတယ်။

ဝါးနော့က “ လီဗာပူးအတွက် အရမ်းလွယ်လွန်းသလို ဖြစ်နေခဲ့တယ် မဟုတ်လား။ ပထမပိုင်းကို ကြည့်ပြီး လေ့ကျင့်ရေးကွင်းမှာ ကစားနေသလား ထင်ခဲ့ရတယ်။ တိုက်စစ်ပြီးရင်း တိုက်စစ်တွေပေါ့။ ခံစစ်မှာ ဝက်စ်ဘရွန်းက လီဗာပူးကို အခွင့်အရေးတွေ မပေးခဲ့ပါဘူး။ လီဗာပူးက အခွင့်အရေးတွေ ရတယ်လို့ ခံစားရဖို့တော့ ရှိတာပေါ့။

ဒါပေမယ့် ဝက်စ်ဘရွန်းက သူတို့ရဲ့ အစီအစဉ်အတိုင်း လုပ်ခဲ့တယ်။ တစ်ဂိုးပေးထားရချိန်မှာတော့ သူတို့ရဲ့ အစီအစဉ်အတိုင်း ကစားနေဆဲပဲ။ ဂိုးပေးလိုက်ရပေမယ့် ကိုယ်ဘာလုပ်နေတယ်ဆိုတဲ့အပေါ် ဝက်စ်ဘရွန်းက နားလည်ထားတယ်။ သူတို့ လုပ်ရမယ့် အလုပ်ကို ရဲရင့်စွာ လုပ်ခဲ့ာကပါတယ်။

အန်ဖီးမှာ လီဗာပူးကို ရင်ဆိုင်ရပြီဆိုတည်းက ဘောလုံးပိုင်ဆိုင်မှုကို ပေးရတော့မယ်ဆိုတာကို ဝက်စ်ဘရွန်းက သိပါတယ်။ လီဗာပူးက ဘောလုံးကို ၇၈% ထိ ကိုင်ထားချိန်မှာ ဝက်စ်ဘရွန်းက ၂၂% ပဲ ရှိတယ်။ ဒါပေမယ့် ဝက်စ်ဘရွန်းက စုဖွဲ့မှု သိပ်ကောင်းလွန်းတယ်။

သူတို့က ကျစ်ကျစ်လစ်လစ်နဲ့ ခံစစ်ကို ပိတ်ထားပြီး ဖာမင်နိုနဲ့ ကားတစ်ဂျုံးတို့ထံ ဘောလုံးမရဖို့နဲ့ နေရာလွတ်တွေ မပေးရဖို့ လုပ်ထားနိုင်တယ်။ တိုက်စစ်သမား သုံးယောက် ဘောလုံးမရဖို့လည်း သူတို့ အကောင်းဆုံး စွမ်းဆောင်ခဲ့တယ်။ ခက်ခဲတဲ့ ကိစ္စကို သူတို့ အောင်မြင်အောင် လုပ်ဆောင်ခဲ့တယ်။

လီဗာပူးက ပွဲကို နိုင်ပြီလို့ ထင်ခဲ့ကြတယ်။ ဝက်စ်ဘရွန်းက ကစားရ သိပ်လွယ်တာပဲလို့ ထင်ခဲ့ကြတယ်။ သူတို့ ပိုလုပ်နိုင်ဖို့ လိုခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျနေ်ာတို့ မျှော်လင့်ထားတဲ့ လီဗာပူးရဲ့ စွမ်းဆောင်ရည်မျိုးကို မတွေ့ခဲ့ရပါဘူး ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘီဘီစီရဲ႕ Match of the Day 2 ပရိုဂရမ္ကေန လီဗာပူးခံစစ္မွဴးေဟာင္း စတီဖန္ ဝါးေနာ့က အန္ဖီးကြင္းက အသင္းေဟာင္းရဲ႕ ပြဲခ်ဥ္းကပ္မႈဟာ မွားခဲ့တယ္လို႔ ေထာက္ျပသြားပါတယ္။

တန္းဆင္းဇုန္ကလပ္နဲ႔ ယွဥ္ျပိဳင္ရာမွာ မာေနးရဲ႕ ခပ္ေစာေစာ ဂိုးကို ျမင္ရတဲ့ေနာက္ ဒီပြဲကေတာ့ လီဗာပူးပြဲလို႔ အားလံုး ထင္ခဲ့ၾကတာပါ။ ဝါးေနာ့က ဝက္စ္ဘရြန္းဟာ လီဗာပူးအသင္းသားေတြကို အဲ့လို ခံစားရေအာင္ လုပ္ခဲ့ၾကျပီး သူတို႔ ကိုယ္တိုင္ကေတာ့ တစ္ဂိုးေပးထားရေသာ္ညား ကိုယ္ရဲ႕ တာဝန္ကို ေနာက္ဆံုး အခ်ိန္ထိ မေမ့ခဲ့ၾကဘူးလို႔ မွတ္ခ်က္ေပးခဲ့တယ္။

ေဘာလံုးပိုင္ဆိုင္မႈ ရထားခ်ိန္မွာ အခြင့္အေရး ဖန္တီးမႈေတြ မလုပ္ႏုိင္ျဖစ္ေနတဲ့ လီဗာပူးကို အခ်ိန္ေကာင္းမွာ ဝက္စ္ဘရြန္းက ခ်ိန္သားကိုက္ ထိုးႏွက္မႈဟာ ၄င္းတို႔အတြက္ အဖိုးတန္ သေရတစ္မွတ္ကို ရေစခဲ့တာျဖစ္ပါတယ္။

ဝါးေနာ့က “ လီဗာပူးအတြက္ အရမ္းလြယ္လြန္းသလို ျဖစ္ေနခဲ့တယ္ မဟုတ္လား။ ပထမပိုင္းကို ၾကည့္ျပီး ေလ့က်င့္ေရးကြင္းမွာ ကစားေနသလား ထင္ခဲ့ရတယ္။ တိုက္စစ္ျပီးရင္း တိုက္စစ္ေတြေပါ့။ ခံစစ္မွာ ဝက္စ္ဘရြန္းက လီဗာပူးကို အခြင့္အေရးေတြ မေပးခဲ့ပါဘူး။ လီဗာပူးက အခြင့္အေရးေတြ ရတယ္လို႔ ခံစားရဖို႔ေတာ့ ရွိတာေပါ့။

ဒါေပမယ့္ ဝက္စ္ဘရြန္းက သူတို႔ရဲ႕ အစီအစဥ္အတိုင္း လုပ္ခဲ့တယ္။ တစ္ဂိုးေပးထားရခ်ိန္မွာေတာ့ သူတို႔ရဲ႕ အစီအစဥ္အတိုင္း ကစားေနဆဲပဲ။ ဂိုးေပးလိုက္ရေပမယ့္ ကိုယ္ဘာလုပ္ေနတယ္ဆိုတဲ့အေပၚ ဝက္စ္ဘရြန္းက နားလည္ထားတယ္။ သူတို႔ လုပ္ရမယ့္ အလုပ္ကို ရဲရင့္စြာ လုပ္ခဲ့ာကပါတယ္။

အန္ဖီးမွာ လီဗာပူးကို ရင္ဆိုင္ရျပီဆိုတည္းက ေဘာလံုးပိုင္ဆိုင္မႈကို ေပးရေတာ့မယ္ဆိုတာကို ဝက္စ္ဘရြန္းက သိပါတယ္။ လီဗာပူးက ေဘာလံုးကို ၇၈% ထိ ကိုင္ထားခ်ိန္မွာ ဝက္စ္ဘရြန္းက ၂၂% ပဲ ရွိတယ္။ ဒါေပမယ့္ ဝက္စ္ဘရြန္းက စုဖြဲ႔မႈ သိပ္ေကာင္းလြန္းတယ္။

သူတို႔က က်စ္က်စ္လစ္လစ္နဲ႔ ခံစစ္ကို ပိတ္ထားျပီး ဖာမင္ႏိုနဲ႔ ကားတစ္ဂ်ံဳးတို႔ထံ ေဘာလံုးမရဖို႔နဲ႔ ေနရာလြတ္ေတြ မေပးရဖို႔ လုပ္ထားႏုိင္တယ္။ တိုက္စစ္သမား သံုးေယာက္ ေဘာလံုးမရဖို႔လည္း သူတို႔ အေကာင္းဆံုး စြမ္းေဆာင္ခဲ့တယ္။ ခက္ခဲတဲ့ ကိစၥကို သူတို႔ ေအာင္ျမင္ေအာင္ လုပ္ေဆာင္ခဲ့တယ္။

လီဗာပူးက ပြဲကို ႏုိင္ျပီလို႔ ထင္ခဲ့ၾကတယ္။ ဝက္စ္ဘရြန္းက ကစားရ သိပ္လြယ္တာပဲလို႔ ထင္ခဲ့ၾကတယ္။ သူတို႔ ပိုလုပ္ႏုိင္ဖို႔ လိုခ့ဲပါတယ္။ ဒုတိယပိုင္းမွာေတာ့ က်ေန္ာတို႔ ေမွ်ာ္လင့္ထားတဲ့ လီဗာပူးရဲ႕ စြမ္းေဆာင္ရည္မ်ိဳးကို မေတြ႔ခဲ့ရပါဘူး ” လို႔ မွတ္ခ်က္ေပးခဲ့တာ ျဖစ္ပါတယ္။