၂၀၂၀ ခုနှစ်က ကုန်ဆုံးတော့မှာဖြစ်ပြီး ဒီနှစ်ရဲ့ နောက်ဆုံးပွဲအဖြစ် ဒီကြားရက်မှာ လီဗာပူးအသင်းက နယူးကာဆယ်ကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ပွဲမှာတော့ ဗဟိုခံစစ်မှူး မာတစ်နဲ့ ကွင်းလယ်လူ ကိတ်တာတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဆိုလိုတာကတော့ ဒီရာသီမှာ လီဗာပူးရဲ့ စီနီယာ ခံစစ်သမား ၃ ဦးလုံးဟာ နယူးကာဆယ်နဲ့ပွဲကို လွဲချော်သွားမှာ ဖြစ်ပါတယ်။

The Athletic သတင်းဌာနကနေ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်က ဖော်ပြရာမှာ ” လီဗာပူးအသင်းရဲ့ စီနီယာအဆင့် ပုဂ္ဂိုလ်ရဲ့ သတင်းပေးမှုအရ ဇန်နဝါရီဈေးကွက်မှာ လီဗာပူးအသင်းဟာ ကစားသမားခေါ်ယူမှု လုပ်မှာ မဟုတ်ဘူးလို့ သိရတယ်။ ခံစစ်မှာ ပြဿနာကြီးတွေ ရှိနေပေမယ့် မန်နေဂျာကလော့ပ်က ရိုင်းစ်နဲ့ နက်ဖီးလစ်တို့အပေါ် ယုံကြည်မှု ရှိနေတယ် ” ဆိုပြီး ဖြစ်တယ်။

ပီရက်ဇ်ကပဲ ” လီဗာပူးအသင်းဟာ ရိုင်းစ်အပေါ် အများကြီး မျှော်လင့်ထားသလို ကစားသမားရဲ့ တက်လှမ်းကို မပိတ်လိုဘူး။ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ၁၉ နှစ်သား ခံစစ်သမားလေးဟာ သင်ယူမှုတွေ လုပ်နေရဆဲဆိုတာကို မြင်စေခဲ့ပေမယ့် အခုချိန်က ကြိုတင် ပြောဆိုမှုတွေ လုပ်ဖို့ကလည်း သိပ်စောလွန်းနေတယ် ” ဆိုပြီး ဖော်ပြခဲ့တယ်။

လီဗာပူးအသင်းရဲ့ ခံစစ်ဟာ ဖာဘင်ညို ရှိနေသေးလို့ ခံသာနေခြင်းဖြစ်တယ်။ သူဟာ ဒီရာသီ ခံစစ်တစ်နေရာအတွက် အဓိက ကစားပေးနေပြီး မာတစ်၊ ရိုင်းစ်နဲ့ နက်တို့က ကျန်တစ်နေရာကို ဖြည့်ပေးနေခြင်း ဖြစ်ပါတယ်။

ရာသီဝက်ကာလ ရောက်လာတော့မှာ ဖြစ်သလို ချန်ပီယံလိဂ် ရံှူးထွက်အဆင့်တွေက ဖေဖော်ဝါရီမှာ ပြန်လည် စတင်မှာဖြစ်တယ်။ အသင်းဘက်က အခုချိန်ထိ လူသစ်ခေါ်ယူမယ့် အရိပ်အယောင်တွေ မပြသသေးဘဲ ဇန်နဝါရီ ဈေးကွက်ထဲ ဝင်ဖို့ ငြင်းဆန်နေခြင်းက ဗဟိုခံစစ်မှာ အားနည်းနေတဲ့ အသင်းအပေါ် စိတ်ပူနေတဲ့ ပရိသတ်တွေအတွက်တော့ မချိတင်ကဲ ဖြစ်ရစရာကိစ္စ ဖြစ်လာပါလိမ့်မယ်။

ZAWGYI

၂၀၂၀ ခုႏွစ္က ကုန္ဆံုးေတာ့မွာျဖစ္ျပီး ဒီႏွစ္ရဲ႕ ေနာက္ဆံုးပြဲအျဖစ္ ဒီၾကားရက္မွာ လီဗာပူးအသင္းက နယူးကာဆယ္ကို အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

နယူးကာဆယ္နဲ႔ပြဲမွာေတာ့ ဗဟိုခံစစ္မွဴး မာတစ္နဲ႔ ကြင္းလယ္လူ ကိတ္တာတို႔ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။ ဆိုလိုတာကေတာ့ ဒီရာသီမွာ လီဗာပူးရဲ႕ စီနီယာ ခံစစ္သမား ၃ ဦးလံုးဟာ နယူးကာဆယ္နဲ႔ပြဲကို လြဲေခ်ာ္သြားမွာ ျဖစ္ပါတယ္။

The Athletic သတင္းဌာနကေန လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္ဇ္က ေဖာ္ျပရာမွာ ” လီဗာပူးအသင္းရဲ႕ စီနီယာအဆင့္ ပုဂၢိဳလ္ရဲ႕ သတင္းေပးမႈအရ ဇန္နဝါရီေစ်းကြက္မွာ လီဗာပူးအသင္းဟာ ကစားသမားေခၚယူမႈ လုပ္မွာ မဟုတ္ဘူးလို႔ သိရတယ္။ ခံစစ္မွာ ျပႆနာၾကီးေတြ ရွိေနေပမယ့္ မန္ေနဂ်ာကေလာ့ပ္က ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔အေပၚ ယံုၾကည္မႈ ရွိေနတယ္ ” ဆိုျပီး ျဖစ္တယ္။

ပီရက္ဇ္ကပဲ ” လီဗာပူးအသင္းဟာ ရိုင္းစ္အေပၚ အမ်ားၾကီး ေမွ်ာ္လင့္ထားသလို ကစားသမားရဲ႕ တက္လွမ္းကို မပိတ္လိုဘူး။ ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ၁၉ ႏွစ္သား ခံစစ္သမားေလးဟာ သင္ယူမႈေတြ လုပ္ေနရဆဲဆိုတာကို ျမင္ေစခဲ့ေပမယ့္ အခုခ်ိန္က ၾကိဳတင္ ေျပာဆိုမႈေတြ လုပ္ဖို႔ကလည္း သိပ္ေစာလြန္းေနတယ္ ” ဆိုျပီး ေဖာ္ျပခဲ့တယ္။

လီဗာပူးအသင္းရဲ႕ ခံစစ္ဟာ ဖာဘင္ညိဳ ရွိေနေသးလို႔ ခံသာေနျခင္းျဖစ္တယ္။ သူဟာ ဒီရာသီ ခံစစ္တစ္ေနရာအတြက္ အဓိက ကစားေပးေနျပီး မာတစ္၊ ရိုင္းစ္နဲ႔ နက္တို႔က က်န္တစ္ေနရာကို ျဖည့္ေပးေနျခင္း ျဖစ္ပါတယ္။

ရာသီဝက္ကာလ ေရာက္လာေတာ့မွာ ျဖစ္သလို ခ်န္ပီယံလိဂ္ ရံွဴးထြက္အဆင့္ေတြက ေဖေဖာ္ဝါရီမွာ ျပန္လည္ စတင္မွာျဖစ္တယ္။ အသင္းဘက္က အခုခ်ိန္ထိ လူသစ္ေခၚယူမယ့္ အရိပ္အေယာင္ေတြ မျပသေသးဘဲ ဇန္နဝါရီ ေစ်းကြက္ထဲ ဝင္ဖို႔ ျငင္းဆန္ေနျခင္းက ဗဟိုခံစစ္မွာ အားနည္းေနတဲ့ အသင္းအေပၚ စိတ္ပူေနတဲ့ ပရိသတ္ေတြအတြက္ေတာ့ မခ်ိတင္ကဲ ျဖစ္ရစရာကိစၥ ျဖစ္လာပါလိမ့္မယ္။