ပရီးမီးယားလိဂ် ပွဲစဉ် ၁၆ ဟာ ၂၀၂၀ ခုနှစ်ရဲ့ နောက်ဆုံးအပိတ်ပွဲဖြစ်ပြီး လီဗာပူးအသင်းက အဝေးကွင်းမှာ နယူးကာဆယ်ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၂း၃၀ မှာ အဆိုပါပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တယ်။ နယူးကာဆယ်ဟာ ပုံစံကောင်းတွေ ပျောက်ဆုံးနေတဲ့ အသင်းဖြစ်ပြီး ဒီပွဲမှာ လီဗာပူးအသင်းကလည်း မာတစ်၊ ကိတ်တာတို့ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ လီဗာပူးရဲ့ မျှော်လင့်ချက် ကစားသမားဖြစ်တဲ့ သီယာဂို နယူးပွဲ ပွဲနေ့လူစာရင်းမှာ ပါဝင်မလား၊ ဆောက်သမ်တန်နဲ့ပွဲမှာ ပါဝင်မလားကို ကြည့်ရမှာဖြစ်တယ်။

ဒီပွဲနဲ့ ပက်သက်လို့ အိုဝင်က ပြောရာမှာ ” နယူးကာဆယ်က ဆိုးရွားတဲ့ ပုံစံတွေရှိနေတာ အချိန်ကြာလာပါပြီ။ သူတို့ ကာရာဘောင်းမှာလည်း ချန်ပီယံရှစ်ကလပ် ဘရန့်ဖိုဒ့်ကို အရေးနိမ့်ပြီး ထွက်ခွာသွားရတယ်။ အခု ကြီးမားတဲ့ စိန်ခေါ်မှုအနေနဲ့ စိန့်ဂျိမ်းပက်မှာ လီဗာပူးကို ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

ဧည့်သည်အသင်းဖြစ်တဲ့ ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ဘောလုံးကို အကောင်းဆုံး ကစားနေပြီး နှစ်တစ်နှစ်ရဲ့ မှန်ကန်တဲ့ အချိန်မှာ ရောက်နေခဲ့ပြီဖြစ်တယ်။ အဝေးကွင်းအသင်းက နောက်ထပ် အနိုင် ၃ မှတ်ကို ရသွားမယ်လို့ ကျနော် ထင်ပါတယ် ” လို့ ဖြစ်တယ်။

မိုက်ကယ်အိုဝင်ကတော့ ဒီပွဲမှာ နှစ်သင်းလုံး ဂိုးသွင်းမှာဖြစ်ပြီး လီဗာပူးအသင်းက နယူးကာဆယ် ၁-၂ လီဗာပူးလို့ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ ပြဲစဥ္ ၁၆ ဟာ ၂၀၂၀ ခုႏွစ္ရဲ႕ ေနာက္ဆံုးအပိတ္ပြဲျဖစ္ျပီး လီဗာပူးအသင္းက အေဝးကြင္းမွာ နယူးကာဆယ္ျဖင့္ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။

ဒီဇင္ဘာလ ၃၁ ရက္ေန႔ မနက္ ၂း၃၀ မွာ အဆိုပါပြဲကို ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ နယူးကာဆယ္ဟာ ပံုစံေကာင္းေတြ ေပ်ာက္ဆံုးေနတဲ့ အသင္းျဖစ္ျပီး ဒီပြဲမွာ လီဗာပူးအသင္းကလည္း မာတစ္၊ ကိတ္တာတို႔ ပါဝင္ႏုိင္ဦးမွာ မဟုတ္ပါဘူး။ လီဗာပူးရဲ႕ ေမွ်ာ္လင့္ခ်က္ ကစားသမားျဖစ္တဲ့ သီယာဂို နယူးပြဲ ပြဲေန႔လူစာရင္းမွာ ပါဝင္မလား၊ ေဆာက္သမ္တန္နဲ႔ပြဲမွာ ပါဝင္မလားကို ၾကည့္ရမွာျဖစ္တယ္။

ဒီပြဲနဲ႔ ပက္သက္လို႔ အိုဝင္က ေျပာရာမွာ ” နယူးကာဆယ္က ဆိုးရြားတဲ့ ပံုစံေတြရွိေနတာ အခ်ိန္ၾကာလာပါျပီ။ သူတို႔ ကာရာေဘာင္းမွာလည္း ခ်န္ပီယံရွစ္ကလပ္ ဘရန္႔ဖိုဒ့္ကို အေရးနိမ့္ျပီး ထြက္ခြာသြားရတယ္။ အခု ၾကီးမားတဲ့ စိန္ေခၚမႈအေနနဲ႔ စိန္႔ဂ်ိမ္းပက္မွာ လီဗာပူးကို ဧည့္ခံကစားရမွာ ျဖစ္ပါတယ္။

ဧည့္သည္အသင္းျဖစ္တဲ့ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ ေဘာလံုးကို အေကာင္းဆံုး ကစားေနျပီး ႏွစ္တစ္ႏွစ္ရဲ႔ မွန္ကန္တဲ့ အခ်ိန္မွာ ေရာက္ေနခဲ့ျပီျဖစ္တယ္။ အေဝးကြင္းအသင္းက ေနာက္ထပ္ အႏုိင္ ၃ မွတ္ကို ရသြားမယ္လို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ ျဖစ္တယ္။

မိုက္ကယ္အိုဝင္ကေတာ့ ဒီပြဲမွာ ႏွစ္သင္းလံုး ဂိုးသြင္းမွာျဖစ္ျပီး လီဗာပူးအသင္းက နယူးကာဆယ္ ၁-၂ လီဗာပူးလို႔ ျဖစ္ပါတယ္။