– သီယာဂို အယ်ကန်တာရာရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ ကွင်းထဲ ပြန်ဝင်ကစားဖို့ နီးစပ်နေပြီဖြစ်ကြောင်း လီဗာပူးသတင်းထောက်တွေ ဖော်ပြခဲ့သည်။

– ကွင်းလယ်လူ ဝိုက်နယ်ဒမ်သည် ဇန်နဝါရီမှာ အင်္ဂလန်ပြင်ပကလပ်တွေနှင့် အပြောင်းအရွှေ့ ကိစ္စ တရားဝင် ဆွေးနွေးခွင့်ရမည်ဖြစ်သည်။ သူဟာ လီဗာပူးနဲ့ သက်တမ်း တိုးမတိုးကို ဆုံးဖြတ်ပေးရတော့မည် ဖြစ်ပြီး သူကို ဘာစီလိုနာထံ ခေါ်ယူနိုင်ဖို့ ရော်နယ်ကိုးမန်းက မျှော်လင့်ထားသည်။

– လီဗာပူးအသင်းသည် နက်ဖီးလစ်နှင့် ရိုင်းစ် ဝီလီယမ်တို့နေရာတွေကို ကာဗာဖြစ်ဖို့ ဇန်နဝါရီမှာ ခံစစ်မှူးတစ်ဦးကို အငှားခေါ်ခြင်းမျိုး လုပ်မည် မဟုတ်ပေ။ သူတို့ နှစ်ဦးသည် မန်နေဂျာကလော့ပ်၏ နည်းစနစ်တွေကို ပိုမို နားလည်နေပြီဟု အသင်းဘက်က ယုံကြည်ထားသည်။

– ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းက သူ့အတွက် ကမ္ဘာအကောင်းဆုံး ခံစစ်မှူး (၃) ဦးက ရားမိုစ့်၊ ဗန်ဒိုက်နှင့် ကိုလီဘာလီတို့ဖြစ်ကြောင်း ထုတ်ပြောခဲ့သည်။

– နယူးကာဆယ်နှင့်ပွဲကို ဗဟိုခံစစ်မှူး မာတစ် လွဲချော်မည်ဖြစ်၍ မန်နေဂျာကလော့ပ်က ဖာဘင်ညိုရဲ့ တွဲဘက်အဖြစ် ရိုင်းစ်နှင့် နက်ဖီးလစ်တို့ထဲက တစ်ဦးကို နေရာပေးရမည် ဖြစ်သည်။

– ဇန်နဝါရီ ဈေးကွက်ထဲမှာ မည်သည့် ထိပ်တန်း ခံစစ်မှူးကိုမှ ခေါ်ယူနိုင်ဖို့ မရှိဘဲ ကလပ်တွေက သူတို့ ကစားသမားတွေကို နွေမှပဲ လက်လွတ်လိုကြနေသည့် အခြေအနေကြောင်း လီဗာပူးအသင်းက ဈေးကွက်ထဲဝင်ဖို့ အခက်တွေ့နေကြောင်း မာဆေးဆိုဒ် သတင်းထောက်တွေက ဖော်ပြသည်။

– မာဆေးကနေ ထွက်ခွာခွင့်ရမည့် ခံစစ်မှူး Ćaleta-Car ကို လီဗာပူးအသင်းက ခေါ်ယူဖို့ စိတ်မဝင်စားပေး။ အဆိုပါ အသက် ၂၄ နှစ်အရွယ် ခံစစ်မှူးသည် အရပ် ၅ ပေ ၁၀ လက်မပဲရှိပြီး အင်္ဂလန်၏ ရုပ်ပိုင်းဆိုင်ရာ အားပြုမှုကို ကိုင်တွယ်နိုင်ဖို့ ခက်ခဲမည်ဟု ကလပ်ဘက်က ယူဆသည်။

ZAWGYI

– သီယာဂို အယ္ကန္တာရာရဲ႕ ၾကံ႕ခိုင္မႈ အေျခအေနဟာ ကြင္းထဲ ျပန္ဝင္ကစားဖို႔ နီးစပ္ေနျပီျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ေတြ ေဖာ္ျပခဲ့သည္။

– ကြင္းလယ္လူ ဝိုက္နယ္ဒမ္သည္ ဇန္နဝါရီမွာ အဂၤလန္ျပင္ပကလပ္ေတြႏွင့္ အေျပာင္းအေရႊ႔ ကိစၥ တရားဝင္ ေဆြးေႏြးခြင့္ရမည္ျဖစ္သည္။ သူဟာ လီဗာပူးနဲ႔ သက္တမ္း တိုးမတိုးကို ဆံုးျဖတ္ေပးရေတာ့မည္ ျဖစ္ျပီး သူကို ဘာစီလိုနာထံ ေခၚယူႏုိင္ဖို႔ ေရာ္နယ္ကိုးမန္းက ေမွ်ာ္လင့္ထားသည္။

– လီဗာပူးအသင္းသည္ နက္ဖီးလစ္ႏွင့္ ရိုင္းစ္ ဝီလီယမ္တုိ႔ေနရာေတြကို ကာဗာျဖစ္ဖို႔ ဇန္နဝါရီမွာ ခံစစ္မွဴးတစ္ဦးကို အငွားေခၚျခင္းမ်ိဳး လုပ္မည္ မဟုတ္ေပ။ သူတို႔ ႏွစ္ဦးသည္ မန္ေနဂ်ာကေလာ့ပ္၏ နည္းစနစ္ေတြကို ပုိမို နားလည္ေနျပီဟု အသင္းဘက္က ယံုၾကည္ထားသည္။

– ေဒါ့မြန္တိုက္စစ္မွဴး ဟာလန္းက သူ႔အတြက္ ကမၻာအေကာင္းဆံုး ခံစစ္မွဴး (၃) ဦးက ရားမိုစ့္၊ ဗန္ဒိုက္ႏွင့္ ကိုလီဘာလီတို႔ျဖစ္ေၾကာင္း ထုတ္ေျပာခဲ့သည္။

– နယူးကာဆယ္ႏွင့္ပြဲကို ဗဟိုခံစစ္မွဴး မာတစ္ လြဲေခ်ာ္မည္ျဖစ္၍ မန္ေနဂ်ာကေလာ့ပ္က ဖာဘင္ညိဳရဲ႕ တြဲဘက္အျဖစ္ ရိုင္းစ္ႏွင့္ နက္ဖီးလစ္တို႔ထဲက တစ္ဦးကို ေနရာေပးရမည္ ျဖစ္သည္။

– ဇန္နဝါရီ ေစ်းကြက္ထဲမွာ မည္သည့္ ထိပ္တန္း ခံစစ္မွဴးကိုမွ ေခၚယူႏုိင္ဖို႔ မရွိဘဲ ကလပ္ေတြက သူတို႔ ကစားသမားေတြကို ေႏြမွပဲ လက္လြတ္လိုၾကေနသည့္ အေျခအေနေၾကာင္း လီဗာပူးအသင္းက ေစ်းကြက္ထဲဝင္ဖို႔ အခက္ေတြ႔ေနေၾကာင္း မာေဆးဆိုဒ္ သတင္းေထာက္ေတြက ေဖာ္ျပသည္။

– မာေဆးကေန ထြက္ခြာခြင့္ရမည့္ ခံစစ္မွဴး Ćaleta-Car ကို လီဗာပူးအသင္းက ေခၚယူဖို႔ စိတ္မဝင္စားေပး။ အဆိုပါ အသက္ ၂၄ ႏွစ္အရြယ္ ခံစစ္မွဴးသည္ အရပ္ ၅ ေပ ၁၀ လက္မပဲရွိျပီး အဂၤလန္၏ ရုပ္ပိုင္းဆိုင္ရာ အားျပဳမႈကို ကိုင္တြယ္ႏုိင္ဖို႔ ခက္ခဲမည္ဟု ကလပ္ဘက္က ယူဆသည္။