ဘွန်ဒက်လီဂါမှာ တောက်ပတဲ့ အလားအလာတွေ ပြသနေတဲ့ နော်ဝေသား တိုက်စစ်မှူး ဟာလန်းက ကမ္ဘာအကောင်းဆုံး ခံစစ်သမားတွေအဖြစ် သူမြင်တဲ့ သူတွေကို ရွေးထုတ်မှု လုပ်လာခဲ့ပါတယ်။

နော်ဝေအခြေစိုက် VG သတင်းဌာနဖြင့် ပြုလုပ်တဲ့ အင်တာဗျူးမှာ ဟာလန်းက ” ကမ္ဘာပေါ်မှာ အကောင်းဆုံး ဗဟိုခံစစ်မှူးတွေက ဆာဂျီယို ရာမိုစ့်၊ ဗာဂျယ် ဗန်ဒိုက်နဲ့ ကိုလီဘာလီတို့ ဖြစ်ပါတယ် ” ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဟာလန်းက ဗန်ဒိုက်ကို အထင်ကြီးသူဖြစ်ပြီး မနှစ်တုန်းက ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့စဉ်မှာလည်း နယ်သာလန်သား ခံစစ်သမားကို အကောင်းမြင်မှုတွေ မှတ်ချက်ပေးခဲ့သေးတာပါ။ အဲ့တာတွေကြောင့်လည်း သူက လီဗာပူးအသင်းနဲ့ အပြောင်းအရွှေ့ သတင်းတွေ အတော်လေး ထွက်ခဲ့သေးတာဖြစ်တယ်။

နော်ဝေသားကပဲ ဆက်လက်ပြီး ပြောဆိုတာက ” ခံစစ်မှူးအားလုံးက ရုပ်ပိုင်းဆိုင်ရာ သိပ်ကောင်းသလို ကွင်းထဲမှာ ဘောလုံးဉာဏ်ရည် သိပ်ကောင်းတဲ့ ခံစစ်မှူးတွေဖြစ်ပါတယ် ” လို့ ဖြစ်ပါတယ်။

ဟာလန်းက လီဗာပူးအသင်းနဲ့ လီဗာပူးကစားသမားတွေကို ချီးကျူးတာမျိုးကို အခုမှ လုပ်တတ်တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက လက်ရှိ ဘောလုံးလောကမှာ သူ့ထက် ပိုကောင်းတဲ့ ခံစစ်မှူး (၇) ဦး ရှိကြောင်း ရွေးထုတ်ခဲ့ပြီး စီရော်နယ်ဒို၊ လီဝမ်ဒေါစကီး၊ အဂွယ်ရို၊ ဖာမင်နို၊ အူဘာမီယန်၊ ဟယ်ရီကိန်းနဲ့ တီမို ဝါနာတို့ကို ရွေးချယ်ခဲ့သေးတာ ဖြစ်ပါတယ်။

ဆဲလ်ဘတ်ကနေ ဒေါ့မွန်ကို ပြောင်းသွားတဲ့နောက်ပိုင်း ကမ္ဘာအကောင်းဆုံး တိုက်စစ်မှူး ဖြစ်လာမယ့် သူတွေထဲက တစ်ဦးအဖြစ် မှတ်ချက်ပေးခံရတဲ့ ဟာလန်းဟာ လာမယ့် ၁ နှစ် ၂ နှစ်အတွင်း ပိုမြင့်တဲ့ ကလပ်တွေကို ပြောင်းလာမယ့်သူလို့ ထင်မြင်ချက် ပေးခံနေရတာဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါမွာ ေတာက္ပတဲ့ အလားအလာေတြ ျပသေနတဲ့ ေနာ္ေဝသား တိုက္စစ္မွဴး ဟာလန္းက ကမၻာအေကာင္းဆံုး ခံစစ္သမားေတြအျဖစ္ သူျမင္တဲ့ သူေတြကို ေရြးထုတ္မႈ လုပ္လာခဲ့ပါတယ္။

ေနာ္ေဝအေျခစိုက္ VG သတင္းဌာနျဖင့္ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ဟာလန္းက ” ကမၻာေပၚမွာ အေကာင္းဆံုး ဗဟိုခံစစ္မွဴးေတြက ဆာဂ်ီယို ရာမိုစ့္၊ ဗာဂ်ယ္ ဗန္ဒိုက္နဲ႔ ကိုလီဘာလီတို႔ ျဖစ္ပါတယ္ ” ဆိုျပီး ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဟာလန္းက ဗန္ဒိုက္ကို အထင္ၾကီးသူျဖစ္ျပီး မႏွစ္တုန္းက ခ်န္ပီယံလိဂ္မွာ ထိပ္တိုက္ေတြ႔စဥ္မွာလည္း နယ္သာလန္သား ခံစစ္သမားကို အေကာင္းျမင္မႈေတြ မွတ္ခ်က္ေပးခဲ့ေသးတာပါ။ အဲ့တာေတြေၾကာင့္လည္း သူက လီဗာပူးအသင္းနဲ႔ အေျပာင္းအေရႊ႔ သတင္းေတြ အေတာ္ေလး ထြက္ခဲ့ေသးတာျဖစ္တယ္။

ေနာ္ေဝသားကပဲ ဆက္လက္ျပီး ေျပာဆိုတာက ” ခံစစ္မွဴးအားလံုးက ရုပ္ပိုင္းဆိုင္ရာ သိပ္ေကာင္းသလို ကြင္းထဲမွာ ေဘာလံုးဥာဏ္ရည္ သိပ္ေကာင္းတဲ့ ခံစစ္မွဴးေတြျဖစ္ပါတယ္ ” လို႔ ျဖစ္ပါတယ္။

ဟာလန္းက လီဗာပူးအသင္းနဲ႔ လီဗာပူးကစားသမားေတြကို ခ်ီးက်ဴးတာမ်ိဳးကို အခုမွ လုပ္တတ္တာေတာ့ မဟုတ္ပါဘူး။ ျပီးခဲ့တဲ့ ေအာက္တိုဘာတုန္းက လက္ရွိ ေဘာလံုးေလာကမွာ သူ႔ထက္ ပိုေကာင္းတဲ့ ခံစစ္မွဴး (၇) ဦး ရွိေၾကာင္း ေရြးထုတ္ခဲ့ျပီး စီေရာ္နယ္ဒို၊ လီဝမ္ေဒါစကီး၊ အဂြယ္ရို၊ ဖာမင္ႏို၊ အူဘာမီယန္၊ ဟယ္ရီကိန္းနဲ႔ တီမို ဝါနာတို႔ကို ေရြးခ်ယ္ခဲ့ေသးတာ ျဖစ္ပါတယ္။

ဆဲလ္ဘတ္ကေန ေဒါ့မြန္ကို ေျပာင္းသြားတဲ့ေနာက္ပိုင္း ကမၻာအေကာင္းဆံုး တိုက္စစ္မွဴး ျဖစ္လာမယ့္ သူေတြထဲက တစ္ဦးအျဖစ္ မွတ္ခ်က္ေပးခံရတဲ့ ဟာလန္းဟာ လာမယ့္ ၁ ႏွစ္ ၂ ႏွစ္အတြင္း ပိုျမင့္တဲ့ ကလပ္ေတြကို ေျပာင္းလာမယ့္သူလို႔ ထင္ျမင္ခ်က္ ေပးခံေနရတာျဖစ္ပါတယ္။