လီဗာပူးသတင်းထောက်တွေက နယူးကာဆယ်နဲ့ပွဲအတွက် ပွဲနေ့လူစာရင်းမှာ သီယာဂို ပါဝင်လာမယ်လို့ ဒီကနေ့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

မနက်ဖြန် ဗုဒ္ဓဟူးနေ့ည ကြာသပတေးနေ့ မနက်မှာ လီဗာပူးက နယူးကာဆယ်အသင်းထံ သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ သီယာဂိုနဲ့ ပက်သက်ပြီး သတင်းကောင်း ကြားလာရနိုင်သော်လည်း ခံစစ်မှူး မာတစ်ကတော့ ပါဝင်ဖို မသေချာဘူးလို့ သိရတယ်။

ဒူးဒဏ်ရာက ပြန်သက်သာလာတဲ့ အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ စိန့်ဂျိမ်းပက်မှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲအတွက် ပွြနေ့လူစာရင်းထဲ ပါဝင်သွားနိုင်တယ်။ ပွဲထွက်လူစာရင်းထဲ ပါဝင်နိုင်မလား လူစားဝင် ကစားသမားအဖြစ် ကစားနိုင်မလား မသိရသေးပါဘူး။ နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်ရင်တော့ ဆောက်သမ်တန်နဲ့ပွဲမှာ ပွဲထွက်လူစာရင်းကနေ ပါဝင်ဖို့ မျှော်လင့်နိုင်ပြီ ဖြစ်ပါတယ်။

မာတစ်ဟာ ဝက်ဘရွန်းနဲ့ပွဲမှာ ပေါင်အတွင်းကြက်သားက နာကျင်တယ်လို့ ခံစားခဲ့ရတယ်။ ကွင်းထဲ ဆက်မနေနိုင်တဲ့ အခြေအနေဆိုတာ သိပေမယ့် ဒဏ်ရာ ပြင်းထန်မှု အသေးစိတ်ကို မသိရခဲ့ရဘူး။ တနင်္လာနေ့ စစ်ဆေးချက်အရ မာတစ်ရဲ့ အခြေအနေကို ကလပ်ဘက်က သိထားပြီး ဖြစ်ပါလိမ့်မယ်။

ကိတ်တာရဲ့ အခြေအနေကို မသိရသေးပေမယ့်လည်း မီလ်နာ၊ ရှာကွီရီနဲ့ မီနာမီနိုတို့ ကြံ့ခိုင်မှု ကောင်းနေမှာဖြစ်တယ်။ ဒီကနေ့မှာ မန်နေဂျာကလော့ပ်ဟာ နယူးကာဆယ်ပွဲကြို မီဒီယာ တွေ့ဆုံမှု လုပ်ပေးမှာဖြစ်ပြီး သီယာဂို၊ မာတစ်နဲ့ ကိတ်တာတို့ရဲ့ အခြေအနေကို ကြားလာရဖို့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးသတင္းေထာက္ေတြက နယူးကာဆယ္နဲ႔ပြဲအတြက္ ပြဲေန႔လူစာရင္းမွာ သီယာဂို ပါဝင္လာမယ္လို႔ ဒီကေန႔ သတင္းေတြမွာ ေဖာ္ျပလာပါတယ္။

မနက္ျဖန္ ဗုဒၶဟူးေန႔ည ၾကာသပေတးေန႔ မနက္မွာ လီဗာပူးက နယူးကာဆယ္အသင္းထံ သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ သီယာဂိုနဲ႔ ပက္သက္ျပီး သတင္းေကာင္း ၾကားလာရႏုိင္ေသာ္လည္း ခံစစ္မွဴး မာတစ္ကေတာ့ ပါဝင္ဖို မေသခ်ာဘူးလို႔ သိရတယ္။

ဒူးဒဏ္ရာက ျပန္သက္သာလာတဲ့ အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ စိန္႔ဂ်ိမ္းပက္မွာ ယွဥ္ျပိဳင္ကစားရမယ့္ ပြဲအတြက္ ပြျေန႔လူစာရင္းထဲ ပါဝင္သြားႏုိင္တယ္။ ပြဲထြက္လူစာရင္းထဲ ပါဝင္ႏုိင္မလား လူစားဝင္ ကစားသမားအျဖစ္ ကစားႏုိင္မလား မသိရေသးပါဘူး။ နယူးကာဆယ္နဲ႔ပြဲမွာ ပါဝင္ႏုိင္ရင္ေတာ့ ေဆာက္သမ္တန္နဲ႔ပြဲမွာ ပြဲထြက္လူစာရင္းကေန ပါဝင္ဖို႔ ေမွ်ာ္လင့္ႏုိင္ျပီ ျဖစ္ပါတယ္။

မာတစ္ဟာ ဝက္ဘရြန္းနဲ႔ပြဲမွာ ေပါင္အတြင္းၾကက္သားက နာက်င္တယ္လို႔ ခံစားခဲ့ရတယ္။ ကြင္းထဲ ဆက္မေနႏုိင္တဲ့ အေျခအေနဆိုတာ သိေပမယ့္ ဒဏ္ရာ ျပင္းထန္မႈ အေသးစိတ္ကို မသိရခဲ့ရဘူး။ တနလၤာေန႔ စစ္ေဆးခ်က္အရ မာတစ္ရဲ႕ အေျခအေနကို ကလပ္ဘက္က သိထားျပီး ျဖစ္ပါလိမ့္မယ္။

ကိတ္တာရဲ႕ အေျခအေနကို မသိရေသးေပမယ့္လည္း မီလ္နာ၊ ရွာကီြရီနဲ႔ မီနာမီႏိုတို႔ ၾကံ႕ခိုင္မႈ ေကာင္းေနမွာျဖစ္တယ္။ ဒီကေန႔မွာ မန္ေနဂ်ာကေလာ့ပ္ဟာ နယူးကာဆယ္ပြဲၾကိဳ မီဒီယာ ေတြ႔ဆံုမႈ လုပ္ေပးမွာျဖစ္ျပီး သီယာဂို၊ မာတစ္နဲ႔ ကိတ္တာတို႔ရဲ႕ အေျခအေနကို ၾကားလာရဖို႔ ရွိေနတာျဖစ္ပါတယ္။