လီဗာပူးအသင်းဟာ ကလပ်ရဲ့ head of recovery and performance ရာထူးအတွက် Dr Andreas Schlumberger ကို ခန့်အပ်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ ရာထူးသစ်ဟာ ကလပ်ရဲ့ စွမ်းဆောင်ရည်၊ ဆေးအဖွဲ့နဲ့ ပြန်လည်အားဖြည့်မှုဆိုင်ရာ ပိုင်းအတွက် အကြီးအကဲအဖြစ် တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။ Schlumberger ဟာ ရှော်ကေးအသင်းကနေ လီဗာပူးရဲ့ အက်ဆာ လေ့ကျင့်ရေးစင်တာမှ ပထမအသင်း နည်းပြအဖွဲ့ထံ လာရောက် ပူးပေါင်းမှာဖြစ်တယ်။

အသက် ၅၄ နှစ်အရွယ် နည်းပြဟာ လက်ရှိ ရှော်ကေးမှာ ကြံ့ခိုင်ရေးပိုင်းအတွက် နည်းပြအဖြစ် ဦးဆောင်ပေးနေသူဖြစ်တယ်။ ဂျာမာန်သားကြီးနဲ့ မန်နေဂျာ ယာဂင်ကလော့ပ်တို့ဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း ဒေါ့မွန်အသင်းမှာ လက်တွဲခဲ့ဖူးပါတယ်။ အဲ့တုန်းက Schlumberger ဟာ ပြန်လည်အားဖြည့်မှုဆိုင်ရာ နည်းပြအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်တယ်။

ဒေါ့မွန်ကနေ ထွက်ခွာပြီးနောက်ပိုင်း ဘိုင်ယန်မြူးနစ်၊ မွန်ချန်ဂလာဘတ်နဲ့ ရှော်ကေးတို့ကို ပြောင်းလဲ အလုပ်လုပ်ကိုင်ခဲ့တယ်။ သူဟာ ဂျာမာန်ဘောလုံးအဖွဲ့ချုပ်ရဲ့ သက်တမ်းအလိုက် အသင်းတွေအတွက် အလုပ်လုပ်ဖူးသူ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ကိုဗစ်ကပ်ဘေးကြားမှာ ဒဏ်ရာပြဿနာ ထိုးနှက်မှုကြီးတွေကို ရင်ဆိုင်နေရတာပါ။ အခုလို ကလော့ပ်ရဲ့ တွဲဘက်ဟောင်းကို ခန့်အပ် တာဝန်ပေးမှုမှာ အဓိက ညွှန်ကြားခဲ့သူက ယာဂင်ကလော့ပ်ဖြစ်မယ်ဆိုတာ ထွေထွေထူးထူး ပြောစရာလိုမှာ မဟုတ်ပါဘူး။

အခု Schlumberger အတွက် ဖန်တီးပေးထားတဲ့ နည်းပြနေရာသစ်ဟာ လီဗာပူးမှာ တစ်ကြိမ်မှ မရှိသေးတဲ့ နည်းပြနေရာဖြစ်တယ်။ သူဟာ အသင်း ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းကို အကြီးအကဲအဖြစ် အဓိက တာဝန်ယူပေးရမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ကလပ္ရဲ႕ head of recovery and performance ရာထူးအတြက္ Dr Andreas Schlumberger ကို ခန္႔အပ္ခဲ့ျပီျဖစ္ေၾကာင္း အတည္ျပဳလိုက္ျပီ ျဖစ္ပါတယ္။

အဆိုပါ ရာထူးသစ္ဟာ ကလပ္ရဲ႕ စြမ္းေဆာင္ရည္၊ ေဆးအဖြဲ႔နဲ႔ ျပန္လည္အားျဖည့္မႈဆိုင္ရာ ပိုင္းအတြက္ အၾကီးအကဲအျဖစ္ တာဝန္ယူေပးရမွာ ျဖစ္ပါတယ္။ Schlumberger ဟာ ေရွာ္ေကးအသင္းကေန လီဗာပူးရဲ႕ အက္ဆာ ေလ့က်င့္ေရးစင္တာမွ ပထမအသင္း နည္းျပအဖြဲ႔ထံ လာေရာက္ ပူးေပါင္းမွာျဖစ္တယ္။

အသက္ ၅၄ ႏွစ္အရြယ္ နည္းျပဟာ လက္ရွိ ေရွာ္ေကးမွာ ၾကံ႕ခိုင္ေရးပိုင္းအတြက္ နည္းျပအျဖစ္ ဦးေဆာင္ေပးေနသူျဖစ္တယ္။ ဂ်ာမာန္သားၾကီးနဲ႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္တို႔ဟာ ၂၀၁၁ ခုနွစ္ကေန ၂၀၁၅ ခုႏွစ္အတြင္း ေဒါ့မြန္အသင္းမွာ လက္တြဲခဲ့ဖူးပါတယ္။ အဲ့တုန္းက Schlumberger ဟာ ျပန္လည္အားျဖည့္မႈဆိုင္ရာ နည္းျပအျဖစ္ လုပ္ကိုင္ခဲ့သူျဖစ္တယ္။

ေဒါ့မြန္ကေန ထြက္ခြာျပီးေနာက္ပိုင္း ဘိုင္ယန္ျမဴးနစ္၊ မြန္ခ်န္ဂလာဘတ္နဲ႔ ေရွာ္ေကးတို႔ကို ေျပာင္းလဲ အလုပ္လုပ္ကိုင္ခဲ့တယ္။ သူဟာ ဂ်ာမာန္ေဘာလံုးအဖြဲ႔ခ်ဳပ္ရဲ႕ သက္တမ္းအလိုက္ အသင္းေတြအတြက္ အလုပ္လုပ္ဖူးသူ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ကိုဗစ္ကပ္ေဘးၾကားမွာ ဒဏ္ရာျပႆနာ ထိုးႏွက္မႈၾကီးေတြကို ရင္ဆိုင္ေနရတာပါ။ အခုလို ကေလာ့ပ္ရဲ႕ တြဲဘက္ေဟာင္းကို ခန္႔အပ္ တာဝန္ေပးမႈမွာ အဓိက ညႊန္ၾကားခဲ့သူက ယာဂင္ကေလာ့ပ္ျဖစ္မယ္ဆိုတာ ေထြေထြထူးထူး ေျပာစရာလိုမွာ မဟုတ္ပါဘူး။

အခု Schlumberger အတြက္ ဖန္တီးေပးထားတဲ့ နည္းျပေနရာသစ္ဟာ လီဗာပူးမွာ တစ္ၾကိမ္မွ မရွိေသးတဲ့ နည္းျပေနရာျဖစ္တယ္။ သူဟာ အသင္း ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈပိုင္းကို အၾကီးအကဲအျဖစ္ အဓိက တာဝန္ယူေပးရမွာျဖစ္ပါတယ္။