မနက်ဖြန်ညမှာ နယူးကာဆယ်နဲ့ တွေ့ဆုံတဲ့အခါ လီဗာပူးအသင်းဖော်တွေအနေနဲ့ တစ်စက္ကန့်တောင်မှ သတိလက်လွတ်မဖြစ်စေဖို့ စိတ်အားထက်သန်နေကြောင်း အသင်းဝဘ်ဆိုဒ်ကနေတစ်ဆင့် ထရန့်အလက်ဇန်းဒါး အာနိုးက ထုတ်ပြောလိုက်ပါတယ်။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ အသင်းရဲ့ သတိပေါ့လျော့မှုကို အခွင့်ကောင်း ယူပြီး ဧည့်သည်အသင်းက ခြေပဂိုး ရယူခဲ့တာပါ။ ဒီတစ်ကြိမ် လီဗာပူးဟာ စိန့်ဂျိမ်းစ်ပက်ခ်ကို သွားရောက်ကစားရမှာ ဖြစ်သလို နိုင်ပွဲရယူပြီး ပြန်လာနိုင်ဖို့ အာနိုးက မျှော်လင့်နေတာ ဖြစ်တယ်။

ဝက်စ်ဘရွန်းနဲ့ပွဲတုန်းက အမှားတွေကို ထပ်မလုပ်မိဖို့ လိုအပ်ကြောင်းနဲ့ နယူးကာဆယ်ကို ဘယ်လိုရင်ဆိုင်သွားမလဲ ဆိုတဲ့အပေါ် အာနိုးက “ဒါက ဝက်စ်ဘရွန်းနဲ့တုန်းကလိုပဲ ခက်ခဲတဲ့ပွဲ ဖြစ်လိမ့်မယ်ဆိုတာ သိပါတယ်။ သူတို့က ကျွန်တော်တို့ လုပ်ချင်တဲ့ အရာကို တားဆီးချင်တဲ့ စိတ်ကူးရှိမှာဖြစ်ပြီးတော့ တန်ပြန်တိုက်စစ်လိမ့်မယ်။

ဒါပေမယ့် ဒါက ပရီးမီးယားလိဂ် ဖြစ်တာကြောင့် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဒါကို မြင်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ ရာနှုန်းပြည့် အာရုံမစိုက်ထားရင် အနိုင် ၃ မှတ်နဲ့ ထိုက်တန်မှာမဟုတ်ဘူး”လို့ ပြောဆိုခဲ့ပါတယ်။

နယူးကာဆယ်ဟာ လက်ရှိ ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာမှာ ရပ်တည်နေသလို ပြိုင်ပွဲစုံမှာ ၄ ပွဲဆက် နိုင်ပွဲပျောက်ခဲ့တာပါ။ ပြိုင်ဘက်အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် ဒီပွဲဟာ ပြင်းထန်တဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်လာလိမ့်မယ်လို့အာနိုးက မျှော်လင့်ထားတာဖြစ်ပါတယ်။

“သူတို့တွေ ရလဒ်ကေင်းတွေ ရယူခဲ့တယ်လို့ ထင်ပါတယ်။ ရလဒ်ဆိုးတွေရတဲ့အခါ ငါတို့ ပိုကောင်းကောင်းလုပ်ခဲ့သင့်တယ်လို့ သူတို့တွေးနိုင်ပါတယ်။ ဒါပေမယ့် ပွဲကြီးတွေမှာဆိုရင် သူတို့က ကောင်းကောင်းစွမ်းဆောင်နိုင်တယ်။ ကစားသမားသစ်တချို့ ခေါ်ခဲ့ပြီးတော့ သူတို့က အသင်းကောင်းတစ်သင်းဖြစ်တယ်ဆိုတာနဲ့ အသင်းကြီးတွေကို စိန်ခေါ်လာမယ်ဆိုတာကို သက်သေပြခဲ့တယ်။ ဒါကြောင့် ခက်ခဲတဲ့ပွဲ ဖြစ်လာမှာပါ။

ပရီးမီးယားလိဂ်မှာ လွယ်ကူတဲ့ပွဲဆိုတာ မရှိတာကြောင့် အေးအေးဆေးဆေး ကစားနိုင်ဖို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ရာနှုန်းပြည့် အာရုံစိုက်ထားရင် အဲ့ဒီ့ကို သွားပြီး အနိုင်ယူဖို့ ယုံကြည်မှုရှိပါတယ်။ ၁၀၀ ရာခိုင်နှုန်း အားစိုက်ထုတ်မှ ရမှာပါ”လို့ အာနိုးက ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္ညမွာ နယူးကာဆယ္နဲ႔ ေတြ႕ဆုံတဲ့အခါ လီဗာပူးအသင္းေဖာ္ေတြအေနနဲ႔ တစ္စကၠန႔္ေတာင္မွ သတိလက္လြတ္မျဖစ္ေစဖို႔ စိတ္အားထက္သန္ေနေၾကာင္း အသင္းဝဘ္ဆိုဒ္ကေနတစ္ဆင့္ ထရန႔္အလက္ဇန္းဒါး အာႏိုးက ထုတ္ေျပာလိုက္ပါတယ္။

ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ အသင္းရဲ႕ သတိေပါ့ေလ်ာ့မႈကို အခြင့္ေကာင္း ယူျပီး ဧည့္သည္အသင္းက ေျခပဂိုး ရယူခဲ့တာပါ။ ဒီတစ္ၾကိမ္ လီဗာပူးဟာ စိန႔္ဂ်ိမ္းစ္ပက္ခ္ကို သြားေရာက္ကစားရမွာ ျဖစ္သလို ႏိုင္ပြဲရယူၿပီး ျပန္လာႏိုင္ဖို႔ အာႏိုးက ေမွ်ာ္လင့္ေနတာ ျဖစ္တယ္။

ဝက္စ္ဘရြန္းနဲ႔ပြဲတုန္းက အမွားေတြကို ထပ္မလုပ္မိဖို႔ လိုအပ္ေၾကာင္းနဲ႔ နယူးကာဆယ္ကို ဘယ္လိုရင္ဆိုင္သြားမလဲ ဆိုတဲ့အေပၚ အာႏိုးက “ဒါက ဝက္စ္ဘ႐ြန္းနဲ႔တုန္းကလိုပဲ ခက္ခဲတဲ့ပြဲ ျဖစ္လိမ့္မယ္ဆိုတာ သိပါတယ္။ သူတို႔က ကြၽန္ေတာ္တို႔ လုပ္ခ်င္တဲ့ အရာကို တားဆီးခ်င္တဲ့ စိတ္ကူးရွိမွာျဖစ္ၿပီးေတာ့ တန္ျပန္တိုက္စစ္လိမ့္မယ္။

ဒါေပမယ့္ ဒါက ပရီးမီးယားလိဂ္ ျဖစ္တာေၾကာင့္ ဘာမဆို ျဖစ္သြားႏိုင္ပါတယ္။ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ဒါကို ျမင္ခဲ့ၿပီးပါၿပီ။ ကြၽန္ေတာ္တို႔ ရာႏႈန္းျပည့္ အာ႐ုံမစိုက္ထားရင္ အႏိုင္ ၃ မွတ္နဲ႔ ထိုက္တန္မွာမဟုတ္ဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

နယူးကာဆယ္ဟာ လက္ရွိ ပရီးမီးယားလိဂ္ အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနသလို ၿပိဳင္ပြဲစုံမွာ ၄ ပြဲဆက္ ႏိုင္ပြဲေပ်ာက္ခဲ့တာပါ။ ၿပိဳင္ဘက္အေျခအေနက ဘယ္လိုပဲျဖစ္ျဖစ္ ဒီပြဲဟာ ျပင္းထန္တဲ့ တိုက္ပြဲတစ္ပြဲ ျဖစ္လာလိမ့္မယ္လို႔အာႏိုးက ေမွ်ာ္လင့္ထားတာျဖစ္ပါတယ္။

“သူတို႔ေတြ ရလဒ္ေကင္းေတြ ရယူခဲ့တယ္လို႔ ထင္ပါတယ္။ ရလဒ္ဆိုးေတြရတဲ့အခါ ငါတို႔ ပိုေကာင္းေကာင္းလုပ္ခဲ့သင့္တယ္လို႔ သူတို႔ေတြးႏိုင္ပါတယ္။ ဒါေပမယ့္ ပြဲႀကီးေတြမွာဆိုရင္ သူတို႔က ေကာင္းေကာင္းစြမ္းေဆာင္ႏိုင္တယ္။ ကစားသမားသစ္တခ်ိဳ႕ ေခၚခဲ့ၿပီးေတာ့ သူတို႔က အသင္းေကာင္းတစ္သင္းျဖစ္တယ္ဆိုတာနဲ႔ အသင္းႀကီးေတြကို စိန္ေခၚလာမယ္ဆိုတာကို သက္ေသျပခဲ့တယ္။ ဒါေၾကာင့္ ခက္ခဲတဲ့ပြဲ ျဖစ္လာမွာပါ။

ပရီးမီးယားလိဂ္မွာ လြယ္ကူတဲ့ပြဲဆိုတာ မရွိတာေၾကာင့္ ေအးေအးေဆးေဆး ကစားႏိုင္ဖို႔ မေမွ်ာ္လင့္ပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ရာႏႈန္းျပည့္ အာ႐ုံစိုက္ထားရင္ အဲ့ဒီ့ကို သြားၿပီး အႏိုင္ယူဖို႔ ယုံၾကည္မႈရွိပါတယ္။ ၁၀၀ ရာခိုင္ႏႈန္း အားစိုက္ထုတ္မွ ရမွာပါ”လို႔ အာႏိုးက ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။