မနက်ဖြန်ညမှာတော့ လီဗာပူးဟာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၆) အတွက် အဝေးကွင်းအဖြစ် နယူးကာဆယ်ထံသွားပြီး ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အမှတ်ပေးဇယားမှာ ထိပ်ဆုံးအသင်းတွေကြား ရမှတ် ကွာဟချက် နည်းပါးနေပြီး မတိမ်းမယိမ်း ရှိနေတဲ့ အနေအထားဖြစ်တယ်။ ဒီပွဲမှာ ဝက်စ်ဘရွန်းပွဲလို အမှားမျိုး မဖြစ်ဖို့ သတိပြုရမှာဖြစ်ကာ အနိုင်သုံးမှတ် သေချာပေါက် ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

လော်ရိုးက ပြောရာမှာ ” နယူးကာဆယ်အတွက် သီတင်းပတ်ကောင်း တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ သူတို့ရဲ့ ဂိမ်းပလန်ကို ပြောင်းလဲမယ်လို့ မထင်မိပါဘူး။ ဖြစ်နိုင်သလောက်တော့ ဝက်စ်ဘရွန်းလိုပဲ လီဗာပူးကို ခက်ခဲသွားအောင် နယူးကာဆယ်ဘက်က ကြိုးစားသွားမှာ ဖြစ်ပါတယ်။

လီဗာပူးက ဝက်စ်ဘရွန်းခံစစ်ကို အစောပိုင်းမှာပဲ တစ်ကြိမ် ထိုးဖောက်နိုင်ခဲ့ပြီး ပွဲအပြီးထိ အညှာအတာကင်းကင်း ကစားခဲ့တယ်။ ဒါပေမယ့်လည်း ဒုတိယပိုင်းမှာ လုံလောက်တဲ့ စွမ်းဆောင်ရည်တွေ မပြသနိုင်မှုနဲ့အတူ ရမှတ် ခွဲပေးခဲ့ရပါတယ်။ ဒီတစ်ကြိမ် စိန့်ဂျိမ်းပက်မှာတော့ အဲ့လိုမျိုး ထပ်ပြီး ဖြစ်လာမယ်လို့ ကျနော် မထင်ပါဘူး ” ဆိုပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

လော်ရိုးကတော့ ဒီပွဲမှာ နယူးကာဆယ် ဝ-၂ လီဗာပူးဆိုတဲ့ ရလဒ် ထွက်ပေါ်မယ်လို့ ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မနက္ျဖန္ညမွာေတာ့ လီဗာပူးဟာ ပရီးမီးယားလိဂ္ ပြဲစဥ္ (၁၆) အတြက္ အေဝးကြင္းအျဖစ္ နယူးကာဆယ္ထံသြားျပီး ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

အမွတ္ေပးဇယားမွာ ထိပ္ဆံုးအသင္းေတြၾကား ရမွတ္ ကြာဟခ်က္ နည္းပါးေနျပီး မတိမ္းမယိမ္း ရွိေနတဲ့ အေနအထားျဖစ္တယ္။ ဒီပြဲမွာ ဝက္စ္ဘရြန္းပြဲလို အမွားမ်ိဳး မျဖစ္ဖို႔ သတိျပဳရမွာျဖစ္ကာ အႏုိင္သံုးမွတ္ ေသခ်ာေပါက္ ယူဖို႔ လိုအပ္မွာျဖစ္ပါတယ္။

ေလာ္ရိုးက ေျပာရာမွာ ” နယူးကာဆယ္အတြက္ သီတင္းပတ္ေကာင္း တစ္ခုေတာ့ မဟုတ္ခဲ့ပါဘူး။ ဒါေပမယ့္လို႔ လီဗာပူးကို ရင္ဆိုင္ကစားတဲ့ပြဲမွာ သူတို႔ရဲ႕ ဂိမ္းပလန္ကို ေျပာင္းလဲမယ္လို႔ မထင္မိပါဘူး။ ျဖစ္ႏုိင္သေလာက္ေတာ့ ဝက္စ္ဘရြန္းလိုပဲ လီဗာပူးကို ခက္ခဲသြားေအာင္ နယူးကာဆယ္ဘက္က ၾကိဳးစားသြားမွာ ျဖစ္ပါတယ္။

လီဗာပူးက ဝက္စ္ဘရြန္းခံစစ္ကို အေစာပိုင္းမွာပဲ တစ္ၾကိမ္ ထိုးေဖာက္ႏုိင္ခဲ့ျပီး ပြဲအျပီးထိ အညွာအတာကင္းကင္း ကစားခဲ့တယ္။ ဒါေပမယ့္လည္း ဒုတိယပိုင္းမွာ လံုေလာက္တဲ့ စြမ္းေဆာင္ရည္ေတြ မျပသႏုိင္မႈနဲ႔အတူ ရမွတ္ ခြဲေပးခဲ့ရပါတယ္။ ဒီတစ္ၾကိမ္ စိန္႔ဂ်ိမ္းပက္မွာေတာ့ အဲ့လိုမ်ိဳး ထပ္ျပီး ျဖစ္လာမယ္လို႔ က်ေနာ္ မထင္ပါဘူး ” ဆိုျပီး ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ေလာ္ရိုးကေတာ့ ဒီပြဲမွာ နယူးကာဆယ္ ၀-၂ လီဗာပူးဆိုတဲ့ ရလဒ္ ထြက္ေပၚမယ္လို႔ ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။