နယူးကာဆယ်နဲ့ပွဲကြို မီဒီယာတွေ့ဆုံမှုက ဒီကနေ့မှာ ပြုလုပ်ရမှာဖြစ်ပေမယ့် ကလော့ပ်က ပွဲကြို တွေ့ဆုံမှု မလုပ်ပေးတော့ဘူးလို့ လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ထုတ်ပြောပါတယ်။

ပွဲနှစ်ပွဲ သိပ်ကပ်နေလို့ ဒီကနေ့မှာ ပုံမှန်လုပ်ရမယ့် တွေ့ဆုံမှုကို သီးသန့်လုပ်ပေးရမယ့်အစား ဝက်စ်ဘရွန်းနဲ့ သရေကျအပြီးမှာ တစ်ပါးတည်း နယူးကာဆယ်ပွဲကြို စကားပြောမှုကို ကြိုလုပ်သွားခဲ့တယ်။ အခု ဖော်ပြမယ့် သတင်းတွေကတော့ ဝက်စ်ဘရွန်းပွဲအပြီးမှာ သူကြိုတင် လုပ်ပေးခဲ့တဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။

ဒါကြောင့် သီယာဂို ပြန်ကစားနိုင်မလား၊ မာတစ်နဲ့ ကိတ်တာ အခြေအနေ ဘယ်လိုရှိသလဲဆိုတာတွေအတွက် ကလော့ပ်ရဲ့ အဖြေတွေက ဒီကနေ့မှာ ဖြေဆိုပေးမှု မဟုတ်ဘဲ တနင်္ဂနွေနေ့ထဲက ကြိုတင်ဖြေဆိုပေးထားမှုတွေ ဖြစ်ပါတယ်။ အသင်းဝဘ်ဆိုဒ်က ကလော့ပ်ရဲ့ ဖြေဆိုပေးထားမှုတွေကို ပြန်လည် ဖော်ပြလာပါတယ်။

LFC – သီယာဂိုရဲ့ အခြေအနေက ဘယ်လို ရှိမလဲ.. နယူးကာဆယ်နဲ့ပွဲကို သူပါနိုင်မလား

Klopp – မသိပါဘူး။ သီယာဂိုက လေ့ကျင့်ရေးမှာတော့ ပါဝင်ခဲ့ပါတယ်။ ဒီနေ့က တနင်္ဂနွေပါ။ ဒီတော့ သူက သောကြာနေ့ထဲက အသင်းရဲ့ လေ့ကျင့်ရေးမှာ အပြည့်အဝ ပြန်ပါခဲ့တာပါ ဒါပေပမယ့် ပွဲကြပ်ကာလအတွက် လေ့ကျင့်ချိန် လျော့ချထားတဲ့ အစီအစဉ်မှာ အပြည့် ပြန်ပါခဲ့တာ ဖြစ်ပါတယ်။

သူက လေ့ကျင့်ရေးကို ပြန်ဝင်နေပါပြီ။ ဒါပေမယ့် လေ့ကျင့်ရေး တစ်ရက် ပြန်ဝင်တာနဲ့ ပရီးမီးယားလိဂ်မှာ ချက်ခြင်း ပြန်ကစားရမယ်လို့ မဟုတ်ပါဘူး။ ဒီအခြေအနေမှာတော့ သူ့အနေအထားက ကောင်းပေမယ့် ဒီထက်လည်း ပိုပြောလို့ မရပါဘူး။

သီယာဂို ပြန်ကစားနိုင်မလားဆိုတာအတွက် မသိသေးဘူးလို့ပဲ ဖြေရပါမယ်။ တနင်္လာနေ့ လေ့ကျင့်ရေးကို သူ ပုံမှန်အတိုင်း ပြန်ပါသွားနိုင်တော့ ဘာလုပ်ရမလဲကို စောင့်ကြည့်ရမှာပေါ့။

ZAWGYI

နယူးကာဆယ္နဲ႔ပြဲၾကိဳ မီဒီယာေတြ႔ဆံုမႈက ဒီကေန႔မွာ ျပဳလုပ္ရမွာျဖစ္ေပမယ့္ ကေလာ့ပ္က ပြဲၾကိဳ ေတြ႔ဆံုမႈ မလုပ္ေပးေတာ့ဘူးလို႔ လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ထုတ္ေျပာပါတယ္။

ပြဲႏွစ္ပြဲ သိပ္ကပ္ေနလို႔ ဒီကေန႔မွာ ပံုမွန္လုပ္ရမယ့္ ေတြ႔ဆံုမႈကို သီးသန္႔လုပ္ေပးရမယ့္အစား ဝက္စ္ဘရြန္းနဲ႔ သေရက်အျပီးမွာ တစ္ပါးတည္း နယူးကာဆယ္ပြဲၾကိဳ စကားေျပာမႈကို ၾကိဳလုပ္သြားခဲ့တယ္။ အခု ေဖာ္ျပမယ့္ သတင္းေတြကေတာ့ ဝက္စ္ဘရြန္းပြဲအျပီးမွာ သူၾကိဳတင္ လုပ္ေပးခဲ့တဲ့ ေတြ႔ဆံုမႈျဖစ္ပါတယ္။

ဒါေၾကာင့္ သီယာဂို ျပန္ကစားႏုိင္မလား၊ မာတစ္နဲ႔ ကိတ္တာ အေျခအေန ဘယ္လိုရွိသလဲဆိုတာေတြအတြက္ ကေလာ့ပ္ရဲ႕ အေျဖေတြက ဒီကေန႔မွာ ေျဖဆိုေပးမႈ မဟုတ္ဘဲ တနဂၤေႏြေန႔ထဲက ၾကိဳတင္ေျဖဆိုေပးထားမႈေတြ ျဖစ္ပါတယ္။ အသင္းဝဘ္ဆိုဒ္က ကေလာ့ပ္ရဲ႕ ေျဖဆိုေပးထားမႈေတြကို ျပန္လည္ ေဖာ္ျပလာပါတယ္။

LFC – သီယာဂိုရဲ႕ အေျခအေနက ဘယ္လို ရွိမလဲ.. နယူးကာဆယ္နဲ႔ပြဲကို သူပါႏုိင္မလား

Klopp – မသိပါဘူး။ သီယာဂိုက ေလ့က်င့္ေရးမွာေတာ့ ပါဝင္ခဲ့ပါတယ္။ ဒီေန႔က တနဂၤေႏြပါ။ ဒီေတာ့ သူက ေသာၾကာေန႔ထဲက အသင္းရဲ႕ ေလ့က်င့္ေရးမွာ အျပည့္အဝ ျပန္ပါခဲ့တာပါ ဒါေပပမယ့္ ပြဲၾကပ္ကာလအတြက္ ေလ့က်င့္ခ်ိန္ ေလ်ာ့ခ်ထားတဲ့ အစီအစဥ္မွာ အျပည့္ ျပန္ပါခဲ့တာ ျဖစ္ပါတယ္။

သူက ေလ့က်င့္ေရးကို ျပန္ဝင္ေနပါျပီ။ ဒါေပမယ့္ ေလ့က်င့္ေရး တစ္ရက္ ျပန္ဝင္တာနဲ႔ ပရီးမီးယားလိဂ္မွာ ခ်က္ျခင္း ျပန္ကစားရမယ္လို႔ မဟုတ္ပါဘူး။ ဒီအေျခအေနမွာေတာ့ သူ႔အေနအထားက ေကာင္းေပမယ့္ ဒီထက္လည္း ပိုေျပာလို႔ မရပါဘူး။

သီယာဂို ျပန္ကစားႏုိင္မလားဆိုတာအတြက္ မသိေသးဘူးလို႔ပဲ ေျဖရပါမယ္။ တနလၤာေန႔ ေလ့က်င့္ေရးကို သူ ပံုမွန္အတိုင္း ျပန္ပါသြားႏုိင္ေတာ့ ဘာလုပ္ရမလဲကို ေစာင့္ၾကည့္ရမွာေပါ့။