လီဗာပူးအသင်းဟာ ဒီအပတ်မှာ နယူးကာဆယ်အိမ်ကွင်းကို သွားရောက်ပြီး အဝေးကွင်း ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

ဒီရာသီ နယူးကာဆယ်အတွက် ပရီးမီးယားလိဂ်ဂိုး (၈) ဂိုးထိ သွင်းယူပေးထားတဲ့ အင်္ဂလန်သား တိုက်စစ်သမား ဝဲလ်ဆန်ကလည်း ဒီပွဲမှာ ပါဝင်လာမယ်လို့ မန်နေဂျာ စတိဗ်ဘရုဂျ်က ပြောဆိုထားတယ်။ နယူးတိုက်စစ်သမား ဝဲလ်ဆန်ဟာ နယူးကာဆယ် နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ မန်စီးတီးနဲ့ပွဲမှာတော့ မပါဝင်ခဲ့ပါဘူး။

ဒီမီဒီယာတွေ့ဆုံမှုက ပုံမှန်လို ပွဲနေ့မတိုင်ခင် တစ်ရက်၊ နှစ်ရက်မှာ လုပ်ခဲ့ခြင်း မဟုတ်ဘဲ ဝက်စ်ဘရွန်းကို သရေကျတဲ့ပွဲအပြီးမှာ တန်းလုပ်ခဲ့တာဖြစ်တယ်။ ဒါကြောင့် ကလော့ပ်က နယူးကာဆယ်နဲ့ ပက်သက်လို့ အများကြီး ပြောစရာ မရှိသေးတာကို စိတ်မကောင်းပါဘူးလို့ ထုတ်ပြောခဲ့ပေမယ့် ဝဲလ်ဆန်ကိုတော့ ပြန်ပါလာစေချင်ပါတယ်လို့ ဆိုခဲ့ပါတယ်။

ကလော့ပ်က ” မီဒီယာတွေ့ဆုံမှုကို ဒီမှာပဲ လုပ်လိုက်ရပေမယ့် နယူးကာဆယ်နဲ့ပွဲအတွက် အသေးစိတ် အချက်အလက်တွေကို ကျနော် မပြောနိုင်သေးပါဘူး။ နောက်ထပ် ခက်ခဲတဲ့ စိန်ခေါ်မှု ဖြစ်လာမယ်လို့ ထင်ပါတယ်။ နယူးကာဆယ်ကို ရင်ဆိုင်ရတာက အမြဲတမ်း ခက်ခဲပါတယ်။ ကျနေ်ာတို့ နားရက် ၃ ရက်ရပါတယ်။ အဆင်သင့်ဖြစ်နေအောင် လုပ်ရမှာ ဖြစ်ပါတယ်။

ကော်လမ်း ဝဲလ်ဆန် ပါဝင်ကစားနိုင်ဖို့ ကျနော် မျှော်လင့်ပါတယ်။ သူက တိုက်စစ်သမားကောင်း တစ်ယောက်ပဲ ဖြစ်ပါတယ်။ နယူးကာဆယ်မှာ ကစားမသားကောင်း နှစ်ဦးလောက်လည်း ရှိပါသေးတယ်။ ဒီပွဲအတွက် ကျနေ်ာတို့ အဆင်သင့် ဖြစ်နေမှာပါ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ရလဒ်တွေ ဆက်တိုက် ဆိုးရွားနေပြီး ပရီးမီးယားလိဂ် အဆင့် ၁၄ နေရာမှာ ရှိနေတာဖြစ်တယ်။ လီဗာပူးအသင်းက ဒီရာသီ အဝေးကွင်းပွဲတွေမှာ ရလဒ် မကောင်းခြင်းကို ရပ်တန့်နိုင်ဖို့ ကြိုးစားဖို့ လိုအပ်မှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီအပတ္မွာ နယူးကာဆယ္အိမ္ကြင္းကို သြားေရာက္ျပီး အေဝးကြင္း ယွဥ္ျပိဳင္ကစားရမွာျဖစ္ပါတယ္။

ဒီရာသီ နယူးကာဆယ္အတြက္ ပရီးမီးယားလိဂ္ဂိုး (၈) ဂိုးထိ သြင္းယူေပးထားတဲ့ အဂၤလန္သား တိုက္စစ္သမား ဝဲလ္ဆန္ကလည္း ဒီပြဲမွာ ပါဝင္လာမယ္လို႔ မန္ေနဂ်ာ စတိဗ္ဘရုဂ်္က ေျပာဆိုထားတယ္။ နယူးတိုက္စစ္သမား ဝဲလ္ဆန္ဟာ နယူးကာဆယ္ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ မန္စီးတီးနဲ႔ပြဲမွာေတာ့ မပါဝင္ခဲ့ပါဘူး။

ဒီမီဒီယာေတြ႔ဆံုမႈက ပံုမွန္လို ပြဲေန႔မတိုင္ခင္ တစ္ရက္၊ ႏွစ္ရက္မွာ လုပ္ခဲ့ျခင္း မဟုတ္ဘဲ ဝက္စ္ဘရြန္းကို သေရက်တဲ့ပြဲအျပီးမွာ တန္းလုပ္ခဲ့တာျဖစ္တယ္။ ဒါေၾကာင့္ ကေလာ့ပ္က နယူးကာဆယ္နဲ႔ ပက္သက္လို႔ အမ်ားၾကီး ေျပာစရာ မရွိေသးတာကို စိတ္မေကာင္းပါဘူးလို႔ ထုတ္ေျပာခဲ့ေပမယ့္ ဝဲလ္ဆန္ကိုေတာ့ ျပန္ပါလာေစခ်င္ပါတယ္လို႔ ဆိုခဲ့ပါတယ္။

ကေလာ့ပ္က ” မီဒီယာေတြ႔ဆံုမႈကို ဒီမွာပဲ လုပ္လိုက္ရေပမယ့္ နယူးကာဆယ္နဲ႔ပြဲအတြက္ အေသးစိတ္ အခ်က္အလက္ေတြကို က်ေနာ္ မေျပာႏုိင္ေသးပါဘူး။ ေနာက္ထပ္ ခက္ခဲတဲ့ စိန္ေခၚမႈ ျဖစ္လာမယ္လို႔ ထင္ပါတယ္။ နယူးကာဆယ္ကို ရင္ဆိုင္ရတာက အျမဲတမ္း ခက္ခဲပါတယ္။ က်ေန္ာတို႔ နားရက္ ၃ ရက္ရပါတယ္။ အဆင္သင့္ျဖစ္ေနေအာင္ လုပ္ရမွာ ျဖစ္ပါတယ္။

ေကာ္လမ္း ဝဲလ္ဆန္ ပါဝင္ကစားႏုိင္ဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ သူက တိုက္စစ္သမားေကာင္း တစ္ေယာက္ပဲ ျဖစ္ပါတယ္။ နယူးကာဆယ္မွာ ကစားမသားေကာင္း ႏွစ္ဦးေလာက္လည္း ရွိပါေသးတယ္။ ဒီပြဲအတြက္ က်ေန္ာတို႔ အဆင္သင့္ ျဖစ္ေနမွာပါ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

နယူးကာဆယ္ဟာ ရလဒ္ေတြ ဆက္တိုက္ ဆိုးရြားေနျပီး ပရီးမီးယားလိဂ္ အဆင့္ ၁၄ ေနရာမွာ ရွိေနတာျဖစ္တယ္။ လီဗာပူးအသင္းက ဒီရာသီ အေဝးကြင္းပြဲေတြမွာ ရလဒ္ မေကာင္းျခင္းကို ရပ္တန္႔ႏုိင္ဖို႔ ၾကိဳးစားဖို႔ လိုအပ္မွာျဖစ္ပါတယ္။