ကာလရှည် ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေတဲ့ ဗန်ဒိုက်ဟာ သူ့ရဲ့ ဒုတိယမြောက် ဗီဒီယိုကို အင်စတာဂရမ်ကနေ ဖော်ပြသွားခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့မှာ ပြင်းထန်တဲ့ ဒူးဒဏ်ရာ ရသွားပြီးတဲ့နောက်ပိုင်း ဗန်ဒိုက်ဟာ ပြန်လည် ထူထောင်ရေး ကိစ္စတွေမှာ စတင် ကြိုးစားလာခဲ့တာပါ။ နယ်သာလန်သားကြီးရဲ့ ဒူးဒဏ်ရာ ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမယ့် ပြန်လည် သက်သာလာဖို့တော့ အချိန်အကြာကြီး ယူရဦးမှာဖြစ်တယ်။

ဒီဇင်ဘာလ ၂၁ ရက်မှာ ဗန်ဒိုက်ဟာ ဘောလုံးစတင် ထိတွေ့တဲ့ ဗီဒီယိုကို လူမှုကွန်ယက်တွေမှာ စတင် ဖော်ပြခဲ့ပြီး ဒီကနေ့မှာတော့ အနည်းငယ် ပိုပြင်းထန်တဲ့ လေ့ကျင့်ရေးကို လုပ်ဆောင်နေတာကို မြင်ခဲ့ရတာဖြစ်ပါတယ်။

စက်ဘီးစီးတဲ့ လေ့ကျင့်ရေးမျိုးက ဗန်ဒိုက်ရဲ့ အောက်ပိုင်းအတွက် အကျိုးဖြစ်မယ့် လေ့ကျင့်ရေးဖြစ်ပြီး အထူးသဖြင့် ဒူးပိုင်းအတွက် အရေးပါတဲ့ လေ့ကျင့်မှုဖြစ်တယ်။ သူ အာရုံစိုက်ပြီး အကောင်း လုပ်ဆောင်နိုင်နေမှုအရ တိုးတက်မှုက အခြေအနေ ကောင်းနေမယ်လို့ ယုံကြည်ရပါတယ်။

ဗန်ဒိုက်က ကာဘီမှာရှိတဲ့ အက်ဆာလေ့ကျင့်ရေးမှာပဲ တိုးတက်မှုတွေအတွက် ကြိုးစားနေတယ်လို့ မာဆေးဆိုဒ် အခြေစိုက် သတင်းဌာနက ဖော်ပြတယ်။ ဒါပေမယ့်လို့ အချို့သတင်းတွေမှာတော့ သူက ဒူဘိုင်းကို ရောက်နေပြီး အထူးကျွမ်းကျင်သူတွေဖြင့် ကြံ့ခိုင်မှုပိုင်းအတွက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဗီဒီယိုတွေမှာ မြင်နေရတဲ့ ဗန်ဒိုက်ရဲ့ လေ့ကျင့်မှုတွေဟာ ပြန်လည် ထူထောင်ရေး ကိစ္စတွေရဲ့ အစောပိုင်း လုပ်ငန်းစဉ်တွေပဲဖြစ်ပြီး ဘောလုံးပြန်ကစားနိုင်ဖို့ကတော့ လနဲ့ချီ အချိန်ယူရဦးမှာ ဖြစ်ပါတယ်။

ZAWGYI

ကာလရွည္ ဒဏ္ရာကေန ျပန္သက္သာလာဖို႔ ၾကိဳးစားေနတဲ့ ဗန္ဒိုက္ဟာ သူ႔ရဲ႕ ဒုတိယေျမာက္ ဗီဒီယိုကို အင္စတာဂရမ္ကေန ေဖာ္ျပသြားခဲ့ျပီျဖစ္ပါတယ္။

ေအာက္တိုဘာလ ၁၇ ရက္ေန႔မွာ ျပင္းထန္တဲ့ ဒူးဒဏ္ရာ ရသြားျပီးတဲ့ေနာက္ပိုင္း ဗန္ဒိုက္ဟာ ျပန္လည္ ထူေထာင္ေရး ကိစၥေတြမွာ စတင္ ၾကိဳးစားလာခဲ့တာပါ။ နယ္သာလန္သားၾကီးရဲ႕ ဒူးဒဏ္ရာ ခြဲစိတ္မႈက ေအာင္ျမင္ခဲ့ေပမယ့္ ျပန္လည္ သက္သာလာဖို႔ေတာ့ အခ်ိန္အၾကာၾကီး ယူရဦးမွာျဖစ္တယ္။

ဒီဇင္ဘာလ ၂၁ ရက္မွာ ဗန္ဒိုက္ဟာ ေဘာလံုးစတင္ ထိေတြ႔တဲ့ ဗီဒီယိုကို လူမႈကြန္ယက္ေတြမွာ စတင္ ေဖာ္ျပခဲ့ျပီး ဒီကေန႔မွာေတာ့ အနည္းငယ္ ပိုျပင္းထန္တဲ့ ေလ့က်င့္ေရးကို လုပ္ေဆာင္ေနတာကို ျမင္ခဲ့ရတာျဖစ္ပါတယ္။

စက္ဘီးစီးတဲ့ ေလ့က်င့္ေရးမ်ိဳးက ဗန္ဒိုက္ရဲ႕ ေအာက္ပိုင္းအတြက္ အက်ိဳးျဖစ္မယ့္ ေလ့က်င့္ေရးျဖစ္ျပီး အထူးသျဖင့္ ဒူးပိုင္းအတြက္ အေရးပါတဲ့ ေလ့က်င့္မႈျဖစ္တယ္။ သူ အာရံုစိုက္ျပီး အေကာင္း လုပ္ေဆာင္ႏုိင္ေနမႈအရ တိုးတက္မႈက အေျခအေန ေကာင္းေနမယ္လို႔ ယံုၾကည္ရပါတယ္။

ဗန္ဒိုက္က ကာဘီမွာရွိတဲ့ အက္ဆာေလ့က်င့္ေရးမွာပဲ တိုးတက္မႈေတြအတြက္ ၾကိဳးစားေနတယ္လို႔ မာေဆးဆိုဒ္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပတယ္။ ဒါေပမယ့္လို႔ အခ်ိဳ႔သတင္းေတြမွာေတာ့ သူက ဒူဘိုင္းကို ေရာက္ေနျပီး အထူးကၽြမ္းက်င္သူေတြျဖင့္ ၾကံ႕ခိုင္မႈပိုင္းအတြက္ ၾကိဳးစားေနတယ္လို႔ ဆိုပါတယ္။

ဗီဒီယိုေတြမွာ ျမင္ေနရတဲ့ ဗန္ဒိုက္ရဲ႕ ေလ့က်င့္မႈေတြဟာ ျပန္လည္ ထူေထာင္ေရး ကိစၥေတြရဲ႕ အေစာပိုင္း လုပ္ငန္းစဥ္ေတြပဲျဖစ္ျပီး ေဘာလံုးျပန္ကစားနုိင္ဖို႔ကေတာ့ လနဲ႔ခ်ီ အခ်ိန္ယူရဦးမွာ ျဖစ္ပါတယ္။