၂၀၂၀ ခုနှစ်အတွက် လီဗာပူးရဲ့ နောက်ဆုံးသော ဘောလုံးပွဲအဖြစ် ဒီကနေ့ညမှာတော့ နယူးကာဆယ်အသင်းရဲ့ စိန့်ဂျိမ်ပက်ကွင်းကိုသွားပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီကနေ့ပွဲဟာ ဝက်စ်ဘရွန်းပွဲအပြီး ၃ ရက်အကြာမှာ ယှဉ်ပြိုင်ရတဲ့ပွဲ ဖြစ်ပါတယ်။ မန်နေဂျာကလော့ပ်က လူစာရင်း အပြောင်းအလဲ ပြုလုပ်ဖို့ ရှိနေသလို ဗဟိုခံစစ်မှူး မာတစ်နေရာအတွက်လည်း ဖြေရှင်းမှု လုပ်ရမှာဖြစ်တယ်။ မာတစ်ရဲ့ ဒဏ်ရာ အသေးစိတ်ကို မသိရပေမယ့်လို့ နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

ဒီပွဲမှာ ဂိုးသမားအဖြစ် အယ်လီဆန်။ ညာအစွန် ထရန့်၊ ဘယ်အစွန် ရော်ဘတ်ဆန်တို့ကို ထုတ်သုံးပြီး ဗဟိုခံစစ်အတွဲအဖြစ် ဖာဘင်ညိုကို ရိုင်းစ်ဖြင့် တွဲပေးဟန်ရှိတယ်။ ခံစစ်အတွက် ရိုင်းစ်နဲ့ နက်ဖီးလစ်တို့ နှစ်ဦး ရှိပေမယ့် ပိုမို တိုးတက်လာနေတဲ့ ရိုင်းစ်ကို ကလော့ပ် သဘောတွေ့တယ်လို့ ဆိုသော်ညား နက်ဖီးလစ်ကလည်း အခွင့်အရေး ရှိနေမှာဖြစ်ပါတယ်။

ကွင်းလယ်မှာတော့ ဟန်ဒါဆန်ကို ထုတ်သုံးဦးမှာဖြစ်ပြီး ဝိုက်နယ်ဒမ်ကိုလည်း ဆက်လက် ပွဲထွက်စေကာ ဂျုံးနေရာမှာ မီနာမီနိုဖြင့် အစားထိုးမယ် ခန့်မှန်းရပါတယ်။ ဒါက ဝက်စ်ဘရွန်းနဲ့ပွဲမှာ ဂျုံး အမှားလုပ်မိလို့ မဟုတ်ဘဲ ပွဲကြပ်ကာလမှာ အပြောင်းအလဲ ဖြစ်လာဖို့ မီနာမီနိုကို ထည့်သွင်း ကစားခြင်းမျိုး လုပ်နိုင်တာဖြစ်တယ်။

တိုက်စစ်အတွက်တော့ မာနေး၊ ဆာလက်၊ ဖာမင်နိုတို့ကိုပဲ အသုံးပြုနိုင်ပါတယ်။ ချိန်ဘာလိန်၊ ရှာကွီရီနဲ့ မီလ်နာတို့ကလည်း ဒဏ်ရာက သက်သာလာပေမယ့် တိုက်စစ်အားသန် ကွင်းလယ်လူ နှစ်ဦးက ကာလရှည် ဒဏ်ရာတွေ ရထားလို့ ပွဲထွက်လူစာရင်းကနေ ပါဝင်ခြင်းထက် အရန်ကစားသမားတွေအဖြစ်ပဲ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

အသင်းပရိသတ်တွေက သီယာဂိုကို မျှော်လင့်နေမှာဖြစ်ပေမယ့် စပိန်ကွင်းလယ်လူဟာ နယူးကာဆယ်ပွဲမှာ အရန်စာရင်းမှာတောင် ပါဝင်ဖွယ် မရှိဘူး။ အောက်တိုဘာမှာ သီယာဂို ဒဏ်ရာရပြီးနောက်ပိုင်း အသင်းရဲ့ လေ့ကျင့်ရေးတွေမှာ သူပြန်လည် ပူးပေါင်းလာခဲ့တာက ၁ ပတ်တောင် မပြည့်သေးလို့ ဒီလိုကာလမှာ ကလော့ပ်ရဲ့ စွန့်စား အသုံးပြုမှုကို မြင်ရမယ် မထင်ရပါဘူး။

နယူးကာဆယ်နဲ့ပွဲပြီးရင်တော့ အင်္ဂလန် ပရီးမီးယားလိဂ်က ယာယီအားဖြင့် ၂ ပတ် နားသွားနိုင်ပါတယ်။ ကိုဗစ် ကူးစက်မှု မြင့်မားနေခြင်းကြောင့် အခုကိစ္စကို ဆွေးနွေးနေပြီး အတည်ပြုလာခြင်းတေ့ာ မရှိသေးတာ ဖြစ်ပါတယ်။

Predicted line-up – Alisson; Trent, R. Williams, Fabinho, Robertson; Henderson, Wijnaldum, Jones; Salah, Mane, Firmino

ZAWGYI

၂၀၂၀ ခုႏွစ္အတြက္ လီဗာပူးရဲ႕ ေနာက္ဆံုးေသာ ေဘာလံုးပြဲအျဖစ္ ဒီကေန႔ညမွာေတာ့ နယူးကာဆယ္အသင္းရဲ႕ စိန္႔ဂ်ိမ္ပက္ကြင္းကိုသြားျပီး ယွဥ္ျပိဳင္ရမွာ ျဖစ္ပါတယ္။

ဒီကေန႔ပြဲဟာ ဝက္စ္ဘရြန္းပြဲအျပီး ၃ ရက္အၾကာမွာ ယွဥ္ျပိဳင္ရတဲ့ပြဲ ျဖစ္ပါတယ္။ မန္ေနဂ်ာကေလာ့ပ္က လူစာရင္း အေျပာင္းအလဲ ျပဳလုပ္ဖို႔ ရွိေနသလို ဗဟိုခံစစ္မွဴး မာတစ္ေနရာအတြက္လည္း ေျဖရွင္းမႈ လုပ္ရမွာျဖစ္တယ္။ မာတစ္ရဲ႕ ဒဏ္ရာ အေသးစိတ္ကို မသိရေပမယ့္လို႔ နယူးကာဆယ္နဲ႔ပြဲမွာ ပါဝင္ႏုိင္မွာ မဟုတ္ပါဘူး။

ဒီပြဲမွာ ဂိုးသမားအျဖစ္ အယ္လီဆန္။ ညာအစြန္ ထရန္႔၊ ဘယ္အစြန္ ေရာ္ဘတ္ဆန္တို႔ကို ထုတ္သံုးျပီး ဗဟိုခံစစ္အတြဲအျဖစ္ ဖာဘင္ညိဳကို ရိုင္းစ္ျဖင့္ တြဲေပးဟန္ရွိတယ္။ ခံစစ္အတြက္ ရိုင္းစ္နဲ႔ နက္ဖီးလစ္တို႔ ႏွစ္ဦး ရွိေပမယ့္ ပိုမို တိုးတက္လာေနတဲ့ ရိုင္းစ္ကို ကေလာ့ပ္ သေဘာေတြ႔တယ္လို႔ ဆိုေသာ္ညား နက္ဖီးလစ္ကလည္း အခြင့္အေရး ရွိေနမွာျဖစ္ပါတယ္။

ကြင္းလယ္မွာေတာ့ ဟန္ဒါဆန္ကို ထုတ္သံုးဦးမွာျဖစ္ျပီး ဝိုက္နယ္ဒမ္ကိုလည္း ဆက္လက္ ပြဲထြက္ေစကာ ဂ်ံဳးေနရာမွာ မီနာမီႏိုျဖင့္ အစားထိုးမယ္ ခန္႔မွန္းရပါတယ္။ ဒါက ဝက္စ္ဘရြန္းနဲ႔ပြဲမွာ ဂ်ံဳး အမွားလုပ္မိလို႔ မဟုတ္ဘဲ ပြဲၾကပ္ကာလမွာ အေျပာင္းအလဲ ျဖစ္လာဖို႔ မီနာမီႏိုကို ထည့္သြင္း ကစားျခင္းမ်ိဳး လုပ္ႏုိင္တာျဖစ္တယ္။

တိုက္စစ္အတြက္ေတာ့ မာေနး၊ ဆာလက္၊ ဖာမင္ႏိုတို႔ကိုပဲ အသံုးျပဳႏုိင္ပါတယ္။ ခ်ိန္ဘာလိန္၊ ရွာကီြရီနဲ႔ မီလ္နာတို႔ကလည္း ဒဏ္ရာက သက္သာလာေပမယ့္ တိုက္စစ္အားသန္ ကြင္းလယ္လူ ႏွစ္ဦးက ကာလရွည္ ဒဏ္ရာေတြ ရထားလို႔ ပြဲထြက္လူစာရင္းကေန ပါဝင္ျခင္းထက္ အရန္ကစားသမားေတြအျဖစ္ပဲ ဆက္ရွိေနဦးမွာ ျဖစ္ပါတယ္။

အသင္းပရိသတ္ေတြက သီယာဂိုကို ေမွ်ာ္လင့္ေနမွာျဖစ္ေပမယ့္ စပိန္ကြင္းလယ္လူဟာ နယူးကာဆယ္ပြဲမွာ အရန္စာရင္းမွာေတာင္ ပါဝင္ဖြယ္ မရွိဘူး။ ေအာက္တိုဘာမွာ သီယာဂို ဒဏ္ရာရျပီးေနာက္ပိုင္း အသင္းရဲ႕ ေလ့က်င့္ေရးေတြမွာ သူျပန္လည္ ပူးေပါင္းလာခဲ့တာက ၁ ပတ္ေတာင္ မျပည့္ေသးလို႔ ဒီလိုကာလမွာ ကေလာ့ပ္ရဲ႕ စြန္႔စား အသံုးျပဳမႈကို ျမင္ရမယ္ မထင္ရပါဘူး။

နယူးကာဆယ္နဲ႔ပြဲျပီးရင္ေတာ့ အဂၤလန္ ပရီးမီးယားလိဂ္က ယာယီအားျဖင့္ ၂ ပတ္ နားသြားႏုိင္ပါတယ္။ ကိုဗစ္ ကူးစက္မႈ ျမင့္မားေနျခင္းေၾကာင့္ အခုကိစၥကို ေဆြးေႏြးေနျပီး အတည္ျပဳလာျခင္းေတ့ာ မရွိေသးတာ ျဖစ္ပါတယ္။

Predicted line-up – Alisson; Trent, R. Williams, Fabinho, Robertson; Henderson, Wijnaldum, Jones; Salah, Mane, Firmino