မန်နေဂျာကလော့ပ်က နယူးကာဆယ်ကို ရင်ဆိုင်ကစားရမယ့်ပွဲမှာ သီယာဂို မပါနိုင်ကြောင်းကို အသင်းဝဘ်ဆိုဒ်ကနေ ထုတ်ပြောခဲ့ပြီဖြစ်ပါတယ်။

အသင်းနဲ့ ပြန်လည် လေ့ကျင့်နိုင်နေပြီဖြစ်တဲ့ သီယာဂိုဟာ တနင်္လာနေ့ လေ့ကျင့်ရေးမှာလည်း အပြည့် ပြန်ပါနိုင်ခဲ့တယ်လို့ ယုံကြည်ရတယ်။ သူဟာ ပုံမှန် လေ့ကျင့်ရေးတွေ စတင်နိုင်နေပေမယ့် ကာလရှည် ဒဏ်ရာရထားခဲ့တာကြောင့် ပုံစံကောင်းနေဖို့အတွက် လေ့ကျင့်ရေးတွေမှာ ပုံမှန်အတိုင်း ဆက်လုပ်ပြနိုင်ဖို့ ဦးစားပေးဦးမယ့် အနေအထား ဖြစ်ပါတယ်။

စပိန်သားကြီး နယူးကာဆယ်ပွဲမှာ ပါမလားအမေးကို မန်နေဂျာကလော့ပ်က “ သီယာဂိုနဲ့ ကောင်လေးတွေအားလုံး ကစားနေတာကို ကြည့်ရတာ ကျနော် ကြိုက်ပါတယ်။ သီယာဂိုက ဒဏ်ရာ မရခင်မှာ ပွဲကစားချိန် မိနစ် အနည်းငယ် ရခဲ့သေးတာဖြစ်ပါတယ် ” ဆိုပြီး ဖြေပါတယ်။

“ ဒီတော့ သီယာဂို ပြန်ပြီး ကစားလာနိုင်မှာကို ကျနေ်ာတို့ မျှော်လင့်နေပါတယ် ဒါပေမယ့် မသိသေးပါဘူး။ သူက နယူးကာဆယ်နဲ့ပွဲကို သွားရမယ့် ခရီးမှာ လိုက်ပါနိုင်မယ်လို့ မထင်ရပါဘူး။ အဲ့လိုပဲ ကျနော် ပြောချင်ပါတယ်။

သူ့အနေနဲ့ လေ့ကျင့်ချိန် အနည်းငယ် ပါဝင်သွားဖို့ လိုနေပါတယ်။ ပြင်းထန်တဲ့ ဖျက်ထုတ်ခံရမှုအပြီး သူက အချိန်အကြာကြီး အနားယူနေခဲ့ရတာဖြစ်ပါတယ်။ အဲ့တာက သက်ရောက်မှု သိပပ်ကြီးပါတယ်။

သီယာဂိုရဲ့ ဒဏ်ရာက အက်သွားတာ မရှိသလို၊ ကျိုးပဲ့ခဲ့တာလည်း မရှိပါဘူး။ ဒါပေမယ့်လို့ အချိန်ယူရမှာဖြစ်ပါတယ်။ ကျနေ်ာတို့ အလောတကြီး လုပ်လို့ မရသလို လုပ်မှာလည်း မဟုတ်ဘူး။ ဒီတော့ သူပါဝင်မလားဆိုတာကို ကျနော် မသိသေးပါဘူး ” လို့ မန်နေဂျာကလော့ပ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က နယူးကာဆယ္ကို ရင္ဆိုင္ကစားရမယ့္ပြဲမွာ သီယာဂို မပါႏုိင္ေၾကာင္းကို အသင္းဝဘ္ဆိုဒ္ကေန ထုတ္ေျပာခဲ့ျပီျဖစ္ပါတယ္။

အသင္းနဲ႔ ျပန္လည္ ေလ့က်င့္ႏုိင္ေနျပီျဖစ္တဲ့ သီယာဂိုဟာ တနလၤာေန႔ ေလ့က်င့္ေရးမွာလည္း အျပည့္ ျပန္ပါႏုိင္ခဲ့တယ္လို႔ ယံုၾကည္ရတယ္။ သူဟာ ပံုမွန္ ေလ့က်င့္ေရးေတြ စတင္ႏုိင္ေနေပမယ့္ ကာလရွည္ ဒဏ္ရာရထားခဲ့တာေၾကာင့္ ပံုစံေကာင္းေနဖို႔အတြက္ ေလ့က်င့္ေရးေတြမွာ ပံုမွန္အတိုင္း ဆက္လုပ္ျပႏုိင္ဖို႔ ဦးစားေပးဦးမယ့္ အေနအထား ျဖစ္ပါတယ္။

စပိန္သားၾကီး နယူးကာဆယ္ပြဲမွာ ပါမလားအေမးကို မန္ေနဂ်ာကေလာ့ပ္က “ သီယာဂိုနဲ႔ ေကာင္ေလးေတြအားလံုး ကစားေနတာကို ၾကည့္ရတာ က်ေနာ္ ၾကိဳက္ပါတယ္။ သီယာဂိုက ဒဏ္ရာ မရခင္မွာ ပြဲကစားခ်ိန္ မိနစ္ အနည္းငယ္ ရခဲ့ေသးတာျဖစ္ပါတယ္ ” ဆိုျပီး ေျဖပါတယ္။

“ ဒီေတာ့ သီယာဂို ျပန္ျပီး ကစားလာႏုိင္မွာကို က်ေန္ာတို႔ ေမွ်ာ္လင့္ေနပါတယ္ ဒါေပမယ့္ မသိေသးပါဘူး။ သူက နယူးကာဆယ္နဲ႔ပြဲကို သြားရမယ့္ ခရီးမွာ လိုက္ပါႏုိင္မယ္လို႔ မထင္ရပါဘူး။ အဲ့လိုပဲ က်ေနာ္ ေျပာခ်င္ပါတယ္။

သူ႔အေနနဲ႔ ေလ့က်င့္ခ်ိန္ အနည္းငယ္ ပါဝင္သြားဖို႔ လိုေနပါတယ္။ ျပင္းထန္တဲ့ ဖ်က္ထုတ္ခံရမႈအျပီး သူက အခ်ိန္အၾကာၾကီး အနားယူေနခဲ့ရတာျဖစ္ပါတယ္။ အဲ့တာက သက္ေရာက္မႈ သိပပ္ၾကီးပါတယ္။

သီယာဂိုရဲ႕ ဒဏ္ရာက အက္သြားတာ မရွိသလို၊ က်ိဳးပဲ့ခဲ့တာလည္း မရွိပါဘူး။ ဒါေပမယ့္လို႔ အခ်ိန္ယူရမွာျဖစ္ပါတယ္။ က်ေန္ာတို႔ အေလာတၾကီး လုပ္လို႔ မရသလို လုပ္မွာလည္း မဟုတ္ဘူး။ ဒီေတာ့ သူပါဝင္မလားဆိုတာကို က်ေနာ္ မသိေသးပါဘူး ” လို႔ မန္ေနဂ်ာကေလာ့ပ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။