လက်ရှိ နယ်သာလန်ကလပ် ပီအက်စ်ဗီမှာ ကစားနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာဖလား ချန်ပီယံဟောင်း မာရီယို ဂေါ့ဇီက လက်ရှိ ကမ္ဘာအကောင်းဆုံး မန်နေဂျာတွေဖြစ်တဲ့ ယာဂင်ကလော့ပ်နဲ့ ဂွာဒီယိုလာတို့ရဲ့ ဆက်ဆံမှု ပုံစံကို ထုတ်ပြောမှု လုပ်လာခဲ့တယ်။

၂၀၀၉ ခုနှစ်မှာ ကလော့ပ်ရဲ့ ဒေါ့မွန်အသင်းနဲ့ စတင်နေရာရလာခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တဲ့ ဂေါ့ဇီဟာ ၂၀၁၆ မှာတော့ ဒေါ့မွန်ကို ပြန်သွားခဲ့တယ်။ ဒီရာသီမှာတော့ သူဟာ နယ်သာလန်ကလပ် ပီအက်စ်ဗီကို အလွတ်ဖြင့် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။

ဂေါ့ဇီက “ ကျနော် အဖေကတော့ ကျနော်အတွက် ပျော်နေပါတယ်။ ကလပ်အသင်း တစ်သင်းကို ရွေးချယ်ရာမှာ မန်နေဂျာက ဘယ်လောက်ထိ အရေးကြီးလဲဆိုတာကို သူသိတယ်လေ။

ဆယ်ကျော်သက် ကစားသမားဘဝတုန်းက ဒေါ့မွန်မှာ မန်နေဂျာ ကလော့ပ်က ကျနော်ကို ဘယ်လို ကိုင်တွယ်ခဲ့တယ်ဆိုတာ သူမြင်ခဲ့တယ်။ မန်နေဂျာ ဂွာဒီယိုလာလက်အောက် ဘိုင်ယန်မှာ ကျနော် ဘယ်လို ကစားခဲ့လဲဆိုတာကိုလည်း သူမြင်ခဲ့တယ်။

ကျနော်ရဲ့ဘဝမှာ မန်နေဂျာကလော့ပ်က အရေးပါဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦး ဖြစ်ပါတယ်။ ကျနေ်ာတို့ကြားမှာ ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။ ဂွာဒီယိုလာနဲ့ကျတော့ အလုပ်သဘောပဲ ဆက်ဆံခဲ့ကြတာဖြစ်ပါတယ်။

ဒေါ့မွန်ကနေ ဘိုင်ယန်ကို ပြောင်းခဲ့ချိန်မှာ ကျနော် အသက်က ၂၁ နှစ်ပဲ ရှိပါသေးတယ်။ လူအများရဲ့ အမြင်တွေကလည်း မုန်တိုင်းလို ပြင်းထန်ခဲ့တာပေါ့။ ပြန်တွေးကြည့်ရင် ကျနော် ကလော့ပ်နဲ့ပဲ ကာလကြာကြီး ပိုနေချင်ပါတယ်။ ဒါပေမယ့် ဘိုင်ယန်ကို ပြောင်းခဲ့တာကလည်း အမှားတစ်ခု မဟုတ်ခဲ့ပါဘူး။ ကိုယ်ဘာသာ စိန်ခေါ်မှုကို ရလိုခဲ့ပြီး မန်နေဂျာပပ်ရဲ့ အတွေးအခေါ်ကို သိလိုခဲ့တာပါ။

ဘိုင်ယန်မှာ ရှိနေစဉ် ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ်ကို ၃ ကြိမ် တက်ရောက်နိုင်ခဲ့တယ်။ ကွင်းထဲမှာ ခြားနားတဲ့ နေရာတွေအတွက် ဂွာဒီယိုလာက ကျနော်ကို သင်ပြမှုတွေ လုပ်ပေးခဲ့ပါတယ်။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လက္ရွိ နယ္သာလန္ကလပ္ ပီအက္စ္ဗီမွာ ကစားေနတဲ့ ၂၀၁၄ ခုႏွစ္ ကမၻာဖလား ခ်န္ပီယံေဟာင္း မာရီယို ေဂါ့ဇီက လက္ရွိ ကမၻာအေကာင္းဆံုး မန္ေနဂ်ာေတြျဖစ္တဲ့ ယာဂင္ကေလာ့ပ္နဲ႔ ဂြာဒီယိုလာတို႔ရဲ႕ ဆက္ဆံမႈ ပံုစံကို ထုတ္ေျပာမႈ လုပ္လာခဲ့တယ္။

၂၀၀၉ ခုႏွစ္မွာ ကေလာ့ပ္ရဲ႕ ေဒါ့မြန္အသင္းနဲ႔ စတင္ေနရာရလာခဲ့ျပီး ၂၀၁၃ ခုႏွစ္မွာ ဘိုင္ယန္ကို ေျပာင္းေရႊ႔ခဲ့တဲ့ ေဂါ့ဇီဟာ ၂၀၁၆ မွာေတာ့ ေဒါ့မြန္ကို ျပန္သြားခဲ့တယ္။ ဒီရာသီမွာေတာ့ သူဟာ နယ္သာလန္ကလပ္ ပီအက္စ္ဗီကို အလြတ္ျဖင့္ ေျပာင္းေရႊ႔သြားခဲ့တာ ျဖစ္ပါတယ္။

ေဂါ့ဇီက “ က်ေနာ္ အေဖကေတာ့ က်ေနာ္အတြက္ ေပ်ာ္ေနပါတယ္။ ကလပ္အသင္း တစ္သင္းကို ေရြးခ်ယ္ရာမွာ မန္ေနဂ်ာက ဘယ္ေလာက္ထိ အေရးၾကီးလဲဆိုတာကို သူသိတယ္ေလ။

ဆယ္ေက်ာ္သက္ ကစားသမားဘဝတုန္းက ေဒါ့မြန္မွာ မန္ေနဂ်ာ ကေလာ့ပ္က က်ေနာ္ကို ဘယ္လို ကိုင္တြယ္ခဲ့တယ္ဆိုတာ သူျမင္ခဲ့တယ္။ မန္ေနဂ်ာ ဂြာဒီယိုလာလက္ေအာက္ ဘိုင္ယန္မွာ က်ေနာ္ ဘယ္လို ကစားခဲ့လဲဆိုတာကိုလည္း သူျမင္ခဲ့တယ္။

က်ေနာ္ရဲ႕ဘဝမွာ မန္ေနဂ်ာကေလာ့ပ္က အေရးပါဆံုး ပုဂၢိဳလ္ေတြထဲက တစ္ဦး ျဖစ္ပါတယ္။ က်ေန္ာတို႔ၾကားမွာ ယံုၾကည္မႈရွိတဲ့ ဆက္ဆံေရးမ်ိဳး ျဖစ္ပါတယ္။ ဂြာဒီယိုလာနဲ႔က်ေတာ့ အလုပ္သေဘာပဲ ဆက္ဆံခဲ့ၾကတာျဖစ္ပါတယ္။

ေဒါ့မြန္ကေန ဘိုင္ယန္ကို ေျပာင္းခဲ့ခ်ိန္မွာ က်ေနာ္ အသက္က ၂၁ ႏွစ္ပဲ ရွိပါေသးတယ္။ လူအမ်ားရဲ႕ အျမင္ေတြကလည္း မုန္တိုင္းလို ျပင္းထန္ခဲ့တာေပါ့။ ျပန္ေတြးၾကည့္ရင္ က်ေနာ္ ကေလာ့ပ္နဲ႔ပဲ ကာလၾကာၾကီး ပိုေနခ်င္ပါတယ္။ ဒါေပမယ့္ ဘိုင္ယန္ကို ေျပာင္းခဲ့တာကလည္း အမွားတစ္ခု မဟုတ္ခဲ့ပါဘူး။ ကိုယ္ဘာသာ စိန္ေခၚမႈကို ရလိုခဲ့ျပီး မန္ေနဂ်ာပပ္ရဲ႕ အေတြးအေခၚကို သိလိုခဲ့တာပါ။

ဘိုင္ယန္မွာ ရွိေနစဥ္ ခ်န္ပီယံလိဂ္ ဆီးမီးဖိုင္နယ္ကို ၃ ၾကိမ္ တက္ေရာက္ႏုိင္ခဲ့တယ္။ ကြင္းထဲမွာ ျခားနားတဲ့ ေနရာေတြအတြက္ ဂြာဒီယိုလာက က်ေနာ္ကို သင္ျပမႈေတြ လုပ္ေပးခဲ့ပါတယ္။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။