ဒီရာသီ ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ လီဗာပူးက ရေပန်းအစားဆုံး ဖြစ်ပေမယ့် လက်ရှိချန်ပီယံတွေကို အဓိက စိန်ခေါ်သူက ယူနိုက်တက်ဖြစ်လာနိုင်တယ်ဆိုတဲ့ ဖီးနဗီးရဲ့ ပြောဆိုမှုကို လီဗာပူးအခြေစိုက် Echo သတင်းဌာနက ဖော်ပြမှု လုပ်လာပါတယ်။

တူညီတဲ့ ပွဲစဉ်အပြီးမှာ ယူနိုက်တက်ဟာ လီဗာပူးနောက် ၂ မှတ်အကွာအဖြစ် အဆင့် ၂ နေရာကို ရောက်လာခဲ့တယ်။ စပါး၊ ချယ်ဆီးတို့ ရလဒ်တွေ ကျဆင်းနေသလို မန်စီးတီးကလည်း ပုံမှန်စွမ်းဆောင်ရည်အတွက် ရုန်းကန်နေရခြင်းကြောင့် ဒီရာသီ လီဗာပူးကို စိန်ခေါ်မယ့်အသင်းက ယူနိုက်တက်ပါဆိုပြီး အသံတွေ ထွက်လာနေကြတာဖြစ်တယ်။

သရဲနီဟောင်း ဖီးနဗီးက “ လီဗာပူးကို စိန်ခေါ်ဖို့ ယူနိုက်တက်က လုပ်နိုင်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဆုဖလား စိန်ခေါ်ပွဲကို ကြည့်မယ်ဆိုရင် ယူနိုက်တက် လုပ်နိုင်တယ်ဆိုတာကို မြင်ရပါမယ်။ လီဗာပူးက ပိုမို အရေးသာနေတဲ့ အခြေအနေဖြစ်ပြီး သူတို့က အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်းလဲ ဖြစ်ပါတယ်။

ဒါပေမယ့်လို လီဗာပူးကို စိန်ခေါ်နိုင်မယ့် အခြားအသင်းကလည်း မရှိပါဘူး။ ချယ်ဆီးက ခြေချော်နေတယ်၊ စပါးကလည်း လက်တလော ခြေချော်နေတယ်။ အဲဗာတန်ကတော့ အခုတလောမှာ ရလဒ်ကောင်းနေပါတယ်။ အဲ့အသင်းတွေကလွဲရင် မန်စီးတီးကလည်း အပေါ်ကို ပြန်တက်လာဖို့ ကြိုးစားနေတာပါ။

အခုလက်ရှိ ခြေစွမ်းကို ဆက်ထိန်းထားမယ်ဆိုရင် ယူနိုက်တက်က ဆုဖလားစိန်ခေါ်နိုင်မှာပါ။ သူတို့ ကစားတာ ပိုကောင်းလာတယ်၊ ဖျော်ဖြေမှုလည်း ပေးလာနိုင်တယ်၊ အိမ်ကွင်းမှာလည်း နိုင်ပွဲ စရနေပါတယ်။ သူတို့မှာ လူစာရင်းကြီး ရှိထားပြီး ဂိုးတွေလည်း သွင်းနိုင်ပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ဒဏ်ရာနဲ့ ကိုဗစ် ပြဿနာတွေကြောင့် လူစာရင်း ထိခိုက်မှုကြီး ရင်ဆိုင်ထားရပေမယ့် မန်နေဂျာကလော့ပ်က လူငယ်ကစားသမားတွေကို ဆွဲခေါ်လာကာ လိဂ်ကို ဦးဆောင်ထားနိုင်ဆဲဖြစ်တယ်။ ခါးသီးပြိုင်ဘက် ယူနိုက်တက်နဲ့ လာမယ့်လမှာ ထိပ်တိုက်တွေ့ရဖို့ ရှိနေပြီး ဒီတစ်ကြိမ် တွေ့ဆုံမှုက ပြီးခဲ့တဲ့ ရာသီတွေထက် ပိုပြင်းထန်လာဖို့ ရှိနေပါတယ်။

ZAWGYI

ဒီရာသီ ပရီးမီးယားလိဂ္ကို အႏုိင္ရဖို႔ လီဗာပူးက ေရပန္းအစားဆံုး ျဖစ္ေပမယ့္ လက္ရွိခ်န္ပီယံေတြကို အဓိက စိန္ေခၚသူက ယူႏုိက္တက္ျဖစ္လာႏုိင္တယ္ဆိုတဲ့ ဖီးနဗီးရဲ႕ ေျပာဆိုမႈကို လီဗာပူးအေျခစိုက္ Echo သတင္းဌာနက ေဖာ္ျပမႈ လုပ္လာပါတယ္။

တူညီတဲ့ ပြဲစဥ္အျပီးမွာ ယူႏိုက္တက္ဟာ လီဗာပူးေနာက္ ၂ မွတ္အကြာအျဖစ္ အဆင့္ ၂ ေနရာကို ေရာက္လာခဲ့တယ္။ စပါး၊ ခ်ယ္ဆီးတို႔ ရလဒ္ေတြ က်ဆင္းေနသလို မန္စီးတီးကလည္း ပံုမွန္စြမ္းေဆာင္ရည္အတြက္ ရုန္းကန္ေနရျခင္းေၾကာင့့္ ဒီရာသီ လီဗာပူးကို စိန္ေခၚမယ့္အသင္းက ယူႏုိက္တက္ပါဆိုျပီး အသံေတြ ထြက္လာေနၾကတာျဖစ္တယ္။

သရဲနီေဟာင္း ဖီးနဗီးက “ လီဗာပူးကို စိန္ေခၚဖို႔ ယူႏုိက္တက္က လုပ္ႏုိင္ပါတယ္။ ျပိဳင္ဆိုင္မႈျပင္းထန္တဲ့ ဆုဖလား စိန္ေခၚပြဲကို ၾကည့္မယ္ဆိုရင္ ယူႏုိက္တက္ လုပ္ႏိုင္တယ္ဆိုတာကို ျမင္ရပါမယ္။ လီဗာပူးက ပိုမို အေရးသာေနတဲ့ အေျခအေနျဖစ္ျပီး သူတို႔က အဂၤလန္ရဲ႕ အေကာင္းဆံုးအသင္းလဲ ျဖစ္ပါတယ္။

ဒါေပမယ့္လို လီဗာပူးကို စိန္ေခၚႏုိင္မယ့္ အျခားအသင္းကလည္း မရွိပါဘူး။ ခ်ယ္ဆီးက ေျခေခ်ာ္ေနတယ္၊ စပါးကလည္း လက္တေလာ ေျခေခ်ာ္ေနတယ္။ အဲဗာတန္ကေတာ့ အခုတေလာမွာ ရလဒ္ေကာင္းေနပါတယ္။ အဲ့အသင္းေတြကလြဲရင္ မန္စီးတီးကလည္း အေပၚကို ျပန္တက္လာဖို႔ ၾကိဳးစားေနတာပါ။

အခုလက္ရွိ ေျခစြမ္းကို ဆက္ထိန္းထားမယ္ဆိုရင္ ယူႏုိက္တက္က ဆုဖလားစိန္ေခၚႏိုင္မွာပါ။ သူတို႔ ကစားတာ ပိုေကာင္းလာတယ္၊ ေဖ်ာ္ေျဖမႈလည္း ေပးလာႏိုင္တယ္၊ အိမ္ကြင္းမွာလည္း ႏိုင္ပြဲ စရေနပါတယ္။ သူတို႔မွာ လူစာရင္းၾကီး ရွိထားျပီး ဂိုးေတြလည္း သြင္းႏုိင္ပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဒီရာသီမွာ ဒဏ္ရာနဲ႔ ကိုဗစ္ ျပႆနာေတြေၾကာင့္ လူစာရင္း ထိခိုက္မႈၾကီး ရင္ဆိုင္ထားရေပမယ့္ မန္ေနဂ်ာကေလာ့ပ္က လူငယ္ကစားသမားေတြကို ဆြဲေခၚလာကာ လိဂ္ကို ဦးေဆာင္ထားႏုိင္ဆဲျဖစ္တယ္။ ခါးသီးျပိဳင္ဘက္ ယူႏုိက္တက္နဲ႔ လာမယ့္လမွာ ထိပ္တိုက္ေတြ႔ရဖို႔ ရွိေနျပီး ဒီတစ္ၾကိမ္ ေတြ႔ဆံုမႈက ျပီးခဲ့တဲ့ ရာသီေတြထက္ ပိုျပင္းထန္လာဖို႔ ရွိေနပါတယ္။