လီဗာပူးအသင်းဟာ ဗန်ဒိုက်နဲ့ ပက်သက်တဲ့ သတင်းတွေအားလုံးကို ဖုံးကွယ်ထားပြီး ခံစစ်မှူးရဲ့ ဒဏ်ရာအခြေအနေ တိုးတက်မှုတွေကအစ သတင်းထုတ်ပြန်ပေးခြင်း မရှိပါဘူး။

ဥပမာအားဖြင့် အတော်များများသော လီဗာပူးပရိသတ်တွေက ဗန်ဒိုက် ဘယ်မှာရှိနေတယ်ဆိုတာတောင် မသိကြဘူး။ ကျနေ်ာတို့ နောက်ဆုံးရထားတဲ့ သတင်းအရ ဗန်ဒိုက်ဟာ မာဆေးဆိုဒ်က အက်ဆာလေ့ကျင့်ရေးမှာ ရှိနေတာ မဟုတ်ဘဲ ဒူဘိုင်းက ကမ္ဘာအဆင့် လေ့ကျင့်ရေး စင်တာမှာ ကုသမှု ခံယူနေတာဖြစ်ပါတယ်။

ဗန်ဒိုက် သွားရောက်လေ့ကျင့်နေတဲ့ စင်တာက ဒူဘိုင်းမှာရှိတဲ့ Nad Al Sheba Sports Complex ဖြစ်ပါတယ်။ NAS လို့ခေါ်တဲ့ အဆိုပါ စင်တာကို ပရီးမီးယားလိဂ်ကလပ်တွေနဲ့ ကစားသမာားတွေ အသွားများပြီး စပါးကစားသမား အလီကလည်း သူ့ရဲ့ တံကောက်ကြောဒဏ်ရာကနေ သက်သာလာဖို့ အဆိုပါ စင်တာမှာ သွားရောက် လေ့ကျင့်ခဲ့တာဖြစ်တယ်။

ကမ္ဘာကျော် ဖိုက်တာကြီး ခါဘစ်နဲ့ ပေါ်တူဂီစတား ရော်နယ်ဒိုကလည်း အဆိုပါ စင်တာမှာ သွားရောက် လေ့ကျင့်ခဲ့ဖူးတယ်လို့ သိရတယ်။ ဒါဆိုရင် NAS Sports Complex က ဘယ်လောက်တောင် ကောင်းမွန်တဲ့ နေရာဖြစ်နေမလဲ?

အားကစားသမားတစ်ယောက် ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့နဲ့ လေ့ကျင့်ရေးတွေ လုပ်ဖို့အတွက် လိုအပ်တဲ့ ကမ္ဘာအဆင့် အထောက်အကူပြု ပစ္စည်းအားလုံးကို အဆိုပါ စင်တာမှာ ရနိုင်ပါတယ်။ အကောင်းဆုံးဆိုတဲ့ ခန်းမတွေနဲ့ သင်းတန်းပြဆရာတွေလည်း ရှိသလို နွေးထွေးတဲ့ ရာသီဥတုရှိတာကလည်း အရေးကြီးတဲ့ အားသာချက်ပါ။

ဘောလုံးသမားတွေအတွက် ကမ္ဘာအဆင့် ကွင်းတွေနဲ့ အထောက်ကူပြု ပစ္စည်းတင် မဟုတ်ပါဘူး။ ဘော်လီဘော၊ ဘက်စ်ကတ်ဘော၊ ကြက်တောင်၊ ဘောက်ဆင်၊ အသက်အပုတ် အစရှိသဖြင့် အဓိက အားကစား အတော်များများအတွက် လိုအပ်တဲ့ အသုံးအဆောင်တွေလည်း ရှိတဲ့ အားကစားစင်တာကြီးဖြစ်ပါတယ်။

အဆိုပါစင်တာကြီးဟာ ကြံ့ခိုင်မှု ပြန်လည်ရှာဖွေနေတဲ့ ကစားသမားတွေ အတွက်ကော လေ့ကျင့်ရေး လုပ်လိုတဲ့ အားကစားအသင်းတွေအတွက် သိပ်ကောင်းတဲ့နေရာဖြစ်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လီဗာပူးရဲ့ အက်ဆာလေ့ကျင့်ရေး စင်တာထက် ပိုကောင်းပြီး ကမ္ဘာအဆင့် စင်တာတစ်ခုဖြစ်ပါတယ်။

လီဗာပူးအသင်းက ဗန်ဒိုက်ရဲ့ အခြေအနေကို အသင်းမှာပဲ ဂရုစိုက်မယ့်အစား အခုလို အကောင်းဆုံး စင်တာကြီးထံ စေလွှတ်ပေးပြီး လေ့ကျင့်စေတာက သူ့အပေါ် ဘယ်လောက်ထိ တန်ဖိုးထားသလဲဆိုတာကို သိမြင်နိုင်ပါတယ်။

ဒါကြောင့် လီဗာပူးမှာ မဟုတ်သလို လီဗာပူးရဲ့ အားကစားနည်းပြတွေ ဂရုစိုက်ပေးခြင်း ခံနေရတဲ့ ဗန်ဒိုက်ဟာ ဘယ်အချိန်မှာ ဘောလုံး ပြန်ကစားနိုင်မယ် မပြောနိုင်သေးပါဘူး။ ဒါပေမယ့်လို့ သူ့အတွက် အကောင်းတကာ့ အကောင်းဆုံးတွေဖြစ်ဖို့ အသင်းဘက်က စီစဉ်ပေးနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဗန္ဒိုက္နဲ႔ ပက္သက္တဲ့ သတင္းေတြအားလံုးကို ဖံုးကြယ္ထားျပီး ခံစစ္မွဴးရဲ႕ ဒဏ္ရာအေျခအေန တိုးတက္မႈေတြကအစ သတင္းထုတ္ျပန္ေပးျခင္း မရွိပါဘူး။

ဥပမာအားျဖင့္ အေတာ္မ်ားမ်ားေသာ လီဗာပူးပရိသတ္ေတြက ဗန္ဒိုက္ ဘယ္မွာရွိေနတယ္ဆိုတာေတာင္ မသိၾကဘူး။ က်ေန္ာတို႔ ေနာက္ဆံုးရထားတဲ့ သတင္းအရ ဗန္ဒိုက္ဟာ မာေဆးဆိုဒ္က အက္ဆာေလ့က်င့္ေရးမွာ ရွိေနတာ မဟုတ္ဘဲ ဒူဘိုင္းက ကမၻာအဆင့္ ေလ့က်င့္ေရး စင္တာမွာ ကုသမႈ ခံယူေနတာျဖစ္ပါတယ္။

ဗန္ဒိုက္ သြားေရာက္ေလ့က်င့္ေနတဲ့ စင္တာက ဒူဘိုင္းမွာရွိတဲ့ Nad Al Sheba Sports Complex ျဖစ္ပါတယ္။ NAS လို႔ေခၚတဲ့ အဆုိပါ စင္တာကို ပရီးမီးယားလိဂ္ကလပ္ေတြနဲ႔ ကစားသမာားေတြ အသြားမ်ားျပီး စပါးကစားသမား အလီကလည္း သူ႔ရဲ႕ တံေကာက္ေၾကာဒဏ္ရာကေန သက္သာလာဖို႔ အဆိုပါ စင္တာမွာ သြားေရာက္ ေလ့က်င့္ခဲ့တာျဖစ္တယ္။

ကမၻာေက်ာ္ ဖိုက္တာၾကီး ခါဘစ္နဲ႔ ေပၚတူဂီစတား ေရာ္နယ္ဒိုကလည္း အဆိုပါ စင္တာမွာ သြားေရာက္ ေလ့က်င့္ခဲ့ဖူးတယ္လို႔ သိရတယ္။ ဒါဆိုရင္ NAS Sports Complex က ဘယ္ေလာက္ေတာင္ ေကာင္းမြန္တဲ့ ေနရာျဖစ္ေနမလဲ?

အားကစားသမားတစ္ေယာက္ ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔နဲ႔ ေလ့က်င့္ေရးေတြ လုပ္ဖို႔အတြက္ လိုအပ္တဲ့ ကမၻာအဆင့္ အေထာက္အကူျပဳ ပစၥည္းအားလံုးကို အဆိုပါ စင္တာမွာ ရႏိုင္ပါတယ္။ အေကာင္းဆံုးဆိုတဲ့ ခန္းမေတြနဲ႔ သင္းတန္းျပဆရာေတြလည္း ရွိသလို ေႏြးေထြးတဲ့ ရာသီဥတုရွိတာကလည္း အေရးၾကီးတဲ့ အားသာခ်က္ပါ။

ေဘာလံုးသမားေတြအတြက္ ကမၻာအဆင့္ ကြင္းေတြနဲ႔ အေထာက္ကူျပဳ ပစၥည္းတင္ မဟုတ္ပါဘူး။ ေဘာ္လီေဘာ၊ ဘက္စ္ကတ္ေဘာ၊ ၾကက္ေတာင္၊ ေဘာက္ဆင္၊ အသက္အပုတ္ အစရွိသျဖင့္ အဓိက အားကစား အေတာ္မ်ားမ်ားအတြက္ လိုအပ္တဲ့ အသံုးအေဆာင္ေတြလည္း ရွိတဲ့ အားကစားစင္တာၾကီးျဖစ္ပါတယ္။

အဆိုပါစင္တာၾကီးဟာ ၾကံ႕ခိုင္မႈ ျပန္လည္ရွာေဖြေနတဲ့ ကစားသမားေတြ အတြက္ေကာ ေလ့က်င့္ေရး လုပ္လိုတဲ့ အားကစားအသင္းေတြအတြက္ သိပ္ေကာင္းတဲ့ေနရာျဖစ္တယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ လီဗာပူးရဲ႕ အက္ဆာေလ့က်င့္ေရး စင္တာထက္ ပိုေကာင္းျပီး ကမၻာအဆင့္ စင္တာတစ္ခုျဖစ္ပါတယ္။

လီဗာပူးအသင္းက ဗန္ဒိုက္ရဲ႕ အေျခအေနကို အသင္းမွာပဲ ဂရုစိုက္မယ့္အစား အခုလို အေကာင္းဆံုး စင္တာၾကီးထံ ေစလႊတ္ေပးျပီး ေလ့က်င့္ေစတာက သူ႔အေပၚ ဘယ္ေလာက္ထိ တန္ဖိုးထားသလဲဆိုတာကို သိျမင္ႏုိင္ပါတယ္။

ဒါေၾကာင့္ လီဗာပူးမွာ မဟုတ္သလို လီဗာပူးရဲ႕ အားကစားနည္းျပေတြ ဂရုစိုက္ေပးျခင္း ခံေနရတဲ့ ဗန္ဒိုက္ဟာ ဘယ္အခ်ိန္မွာ ေဘာလံုး ျပန္ကစားႏုိင္မယ္ မေျပာႏုိင္ေသးပါဘူး။ ဒါေပမယ့္လို႔ သူ႔အတြက္ အေကာင္းတကာ့ အေကာင္းဆံုးေတြျဖစ္ဖို႔ အသင္းဘက္က စီစဥ္ေပးေနတာ ျဖစ္ပါတယ္။