လီဗာပူးအသင်းဟာ အဝေးကွင်းပွဲအဖြစ် နယူးကာဆယ်ထံ သွားရောက် ယှဉ်ပြိုင်ရာမှာ သွင်းဂိုး မရှိခဲ့ဘဲ ဝ-၀ ရလဒ်ဖြင့် ပြီးဆုံးခဲ့ပါတယ်။

ဒီပွဲမှာ အသင်းက အပိုင်အခွင့်အရေးတွေ ရခဲ့ပေမယ့် အဆုံးမသတ်နိုင်ခြင်းကပဲ အနိုင်ရလဒ်နဲ့ ဝေးကွာစေခဲ့တာပါ။ ပွဲအပြီးမှာ မန်နေဂျာကလော့ပ်က ရလဒ်ကလွဲရင် စွမ်းဆောင်ရည်နဲ့ ပက်သက်လို အကောင်းမြင်ပါတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က ” ပရီးမီးယားလိဂ်က အသင်းကောင်းတွေပဲ ရှိတာပါ။ ကျနေ်ာတို့ အခွင့်အရေးကောင်းတွေ ရခဲ့တယ်။ ပြိုင်ဘက်ကလည်း ကောင်းပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်ကိုတော့ သဘောကျတယ်။ တကယ်ကို ကောင်းကောင်း ကစားနိုင်ခဲ့တယ် ဒီပွဲမှာ အနိုင်ရဖို့ လုံလောက်အောင်လည်း ကစားနိုင်ခဲ့ပါတယ်။

အခွင့်အရေးကြီး ၄ ကြိမ်လောက်ရခဲ့တယ်။ အခွင့်အရေး နည်းနည်းနဲ့တောင်မှ နယူးကာဆယ်ကို နိုင်ခဲ့တာတွေ ရှိပါတယ်။ ဒီနေ့တော့ မနိုင်ခဲ့ဘူး ဒါပေမယ့် ရလဒ်ကို လက်ခံပါတယ်။ ဒီည မြင်ခဲ့ရတာတွေအတွက် ကျနော် ပျော်ပါတယ်၊ အလုပ် ဆက်လုပ်သွားမှာပါ။

ကောင်လေးတွေက စိတ်ပျက်ခဲ့ကြတာတွေ ရှိပေမယ့် စွမ်းဆောင်ရည်အတွက်တော့ မဟုတ်ပါဘူး။ ဒါတွေက လာမယ့် ရက်တွေ၊ သီတင်းပတ်တွေနဲ့ လတွေအထိ တည်ဆောက်သွားရမယ့် ကိစ္စတွေပါ။

သူဘယ်လောက်ထိ ကောင်းတယ်ဆိုတဲ့ အခိုက်အတန့်တွေကို ကျနော်တို့ မြင်ခွင့်ရခဲ့တယ်။ သူ့ရဲ့ တုန့်ပြန်မှုတွေကိုလည်း မြင်ခဲ့ရပါတယ်။ လာမယ့် ၄ ရက်အတွင်းမှာ ကျနေ်ာတို့ နောက်ထပ် ပွဲရှိပါတယ်။ မီလ်နာကလည်း ဒဏ်ရာက ပြန်သက်သာလာပြီး အတော်လေး ကောင်းခဲ့သလို နက်ဖီးလစ်ကလည်း တိုက်စစ်သမားတွေကို ရင်ဆိုင်ကစားနိုင်ခဲ့တယ်။ ရလဒ်ဆိုတဲ့ ချွင်းချက်ကလွဲရင် အတော်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ် ” လို့ ဆိုသွားခဲ့တာဖြစ်တယ်။

ZAWGYI

လီဗာပူးအသင္းဟာ အေဝးကြင္းပြဲအျဖစ္ နယူးကာဆယ္ထံ သြားေရာက္ ယွဥ္ျပိဳင္ရာမွာ သြင္းဂိုး မရွိခဲ့ဘဲ ၀-၀ ရလဒ္ျဖင့္ ျပီးဆံုးခဲ့ပါတယ္။

ဒီပြဲမွာ အသင္းက အပိုင္အခြင့္အေရးေတြ ရခဲ့ေပမယ့္ အဆံုးမသတ္ႏုိင္ျခင္းကပဲ အႏုိင္ရလဒ္နဲ႔ ေဝးကြာေစခဲ့တာပါ။ ပြဲအျပီးမွာ မန္ေနဂ်ာကေလာ့ပ္က ရလဒ္ကလြဲရင္ စြမ္းေဆာင္ရည္နဲ႔ ပက္သက္လို အေကာင္းျမင္ပါတယ္လို႔ ထုတ္ေျပာခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ပရီးမီးယားလိဂ္က အသင္းေကာင္းေတြပဲ ရွိတာပါ။ က်ေန္ာတို႔ အခြင့္အေရးေကာင္းေတြ ရခဲ့တယ္။ ျပိဳင္ဘက္ကလည္း ေကာင္းပါတယ္။ အသင္းရဲ႕ စြမ္းေဆာင္ရည္ကိုေတာ့ သေဘာက်တယ္။ တကယ္ကို ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္ ဒီပြဲမွာ အႏုိင္ရဖို႔ လံုေလာက္ေအာင္လည္း ကစားႏုိင္ခဲ့ပါတယ္။

အခြင့္အေရးၾကီး ၄ ၾကိမ္ေလာက္ရခဲ့တယ္။ အခြင့္အေရး နည္းနည္းနဲ႔ေတာင္မွ နယူးကာဆယ္ကို ႏုိင္ခဲ့တာေတြ ရွိပါတယ္။ ဒီေန႔ေတာ့ မႏုိင္ခဲ့ဘူး ဒါေပမယ့္ ရလဒ္ကို လက္ခံပါတယ္။ ဒီည ျမင္ခဲ့ရတာေတြအတြက္ က်ေနာ္ ေပ်ာ္ပါတယ္၊ အလုပ္ ဆက္လုပ္သြားမွာပါ။

ေကာင္ေလးေတြက စိတ္ပ်က္ခဲ့ၾကတာေတြ ရွိေပမယ့္ စြမ္းေဆာင္ရည္အတြက္ေတာ့ မဟုတ္ပါဘူး။ ဒါေတြက လာမယ့္ ရက္ေတြ၊ သီတင္းပတ္ေတြနဲ႔ လေတြအထိ တည္ေဆာက္သြားရမယ့္ ကိစၥေတြပါ။

သူဘယ္ေလာက္ထိ ေကာင္းတယ္ဆိုတဲ့ အခိုက္အတန္႔ေတြကို က်ေနာ္တုိ႔ ျမင္ခြင့္ရခဲ့တယ္။ သူ႔ရဲ႕ တုန္႔ျပန္မႈေတြကိုလည္း ျမင္ခဲ့ရပါတယ္။ လာမယ့္ ၄ ရက္အတြင္းမွာ က်ေန္ာတို႔ ေနာက္ထပ္ ပြဲရွိပါတယ္။ မီလ္နာကလည္း ဒဏ္ရာက ျပန္သက္သာလာျပီး အေတာ္ေလး ေကာင္းခဲ့သလို နက္ဖီးလစ္ကလည္း တိုက္စစ္သမားေတြကို ရင္ဆိုင္ကစားႏုိင္ခဲ့တယ္။ ရလဒ္ဆိုတဲ့ ခၽြင္းခ်က္ကလြဲရင္ အေတာ္ေကာင္းတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုသြားခဲ့တာျဖစ္တယ္။