မန်နေဂျာယာဂင်ကလော့ပ်က သူဟာ ဗဟိုခံစစ်မှူးသစ်ကို ခေါ်ယူလိုပေမယ့်လည်း လီဗာပူး တာဝန်ရှိသူတွေဘက်က ငြင်းဆန်ခဲ့ကြောင်း ဝန်ခံခဲ့ပေမယ့် အဲ့အတွက် ငိုကြွေးနေမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဗန်ဒိုက်နဲ့ ဂိုးမက်စ်နေရာမှာ လက်ရှိ ခံစစ်သမားတွေဖြင့် သွားဖို့ မလုံလောက်ဘဲ ကစားသမားသစ် ခေါ်ယူလိုတာကို ကလော့ပ်က နားလည်တယ်။ သူက ခေါ်ယူလိုတဲ့ ကစားသမားနဲ့ ပက်သက်လို့ မှတ်ချက်ပေးမှုတွေပါ လုပ်ပေးခဲ့ပေမယ့် ဆုံးဖြတ်ချက်ကို လုပ်ဆောင်ရတဲ့ ကလပ်ဘက်က ကပ်ဘေးကြောင့် ထိခိုက်နေကာ ခေါ်ယူဖို့ အင်အားမရှိတာဖြစ်ပါတယ်။

ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင်ဖို့တောင်မှ ခက်ခဲတော့မယ့် အခြေအနေအတွက် ကလော့ပ်က ” ကျနော်က ၅ နှစ်သား ကလေးတစ်ယောက် မဟုတ်ပါဘူး။ ကိုယ်မရနိုင်တဲ့ ကိစ္စအတွက် ငိုကြွေးတာတွေကို လုပ်မယ့်သူလည်း မဟုတ်ဘူး။

ကျနော်ရဲ့ဘဝ အချိန်အများစုမှာ ကျနော် လိုချင်တာတွေက မရခဲ့ပါဘူး။ ဒီတော့ ရှိတာနဲ့ပဲ အဆင်ပြေအောင် လုပ်ရတာပါပဲ။ ကျနေ်ာတို့ ဗဟိုခံစစ်မှူးသစ်အကြောင်း ပြောနေတာပါ။ သူက အသင်းအတွက် သိပ်ကို အကျိုးအမြတ်ဖြစ်မှာက ရာနှုန်းပြည့် သေချာပါတယ်။

အခြေအနေတွေနဲ့ ပက်သက်လို့ နေ့စဉ်တိုင်းမှာ ကျနေ်ာတို့ ဆွေးနွေးတယ်။ ကျနော်က ဒီကိစ္စအပေါ် မှတ်ချက်ပေးမှုတွေလည်း လုပ်ထားတယ်။ ဒါပေမယ့် ကျနော်မှာ သုံးဖို ငွေကြေးမရှိပါဘူး။ ဒီလို ခေါ်ယူခဲ့ ကိစ္စတွေက ကျနော် ဆုံးဖြတ်ရတာ မဟုတ်ဘူး။

အပြောင်းအရွှေ့ဆိုင်ရာ ကိစ္စတွေ အားလုံးကို တာဝန်ယူတဲ့သူတွေ သီးသန့်ရှိပါတယ်။ ကျနော်က ဆုံးဖြတ်ချက်တွေကို လုပ်ရတဲ့သူ မဟုတ်ပါဘူး။ ကျနော် ဘယ်တုန်းကမှလည်း လုပ်ခဲ့ရတာ မဟုတ်ဘူး။ ဘာလဲ ဒါက သတင်းထူးများ ဖြစ်သွားလို့လား? ” လို့ ဆိုခဲ့တာဖြစ်တယ်။

အပြောင်းအရွှေ့ ကိစ္စတွေမှာ ယာဂင်ကလော့ပ်က သူ သဘောကျတဲ့ ကစားသမားတွေကို မှတ်ချက်ပေးခွင့်ရှိပေမယ့် တကယ်တမ်း ခေါ်ယူတာကတော့ အပြောင်းအရွှေ့ ကော်မတီရဲ့ သဘောတူညီမှုကြောင့်ဆိုတာ ပရိသတ်တိုင်း သိကြပါတယ်။ ဒီကော်မတီဟာ အသင်းအတွက် မှန်ကန်တဲ့ အချိန်နဲ့ မှန်ကန်တဲ့ ကစားသမား မဟုတ်ဘူးလို့ ယူဆမှုကြောင့် ဇန်နဝါရီမှာ ကစားသမားသစ် ရောက်မလာသေးတာလည်း ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က သူဟာ ဗဟိုခံစစ္မွဴးသစ္ကို ေခၚယူလိုေပမယ့္လည္း လီဗာပူး တာဝန္ရွိသူေတြဘက္က ျငင္းဆန္ခဲ့ေၾကာင္း ဝန္ခံခဲ့ေပမယ့္ အဲ့အတြက္ ငိုေၾကြးေနမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဗန္ဒိုက္နဲ႔ ဂိုးမက္စ္ေနရာမွာ လက္ရွိ ခံစစ္သမားေတြျဖင့္ သြားဖို႔ မလံုေလာက္ဘဲ ကစားသမားသစ္ ေခၚယူလိုတာကို ကေလာ့ပ္က နားလည္တယ္။ သူက ေခၚယူလိုတဲ့ ကစားသမားနဲ႔ ပက္သက္လို႔ မွတ္ခ်က္ေပးမႈေတြပါ လုပ္ေပးခဲ့ေပမယ့္ ဆံုးျဖတ္ခ်က္ကို လုပ္ေဆာင္ရတဲ့ ကလပ္ဘက္က ကပ္ေဘးေၾကာင့္ ထိခိုက္ေနကာ ေခၚယူဖို႔ အင္အားမရွိတာျဖစ္ပါတယ္။

ထိပ္ဆံုး ၄ သင္းထဲ ဝင္ႏုိင္ဖို႔ေတာင္မွ ခက္ခဲေတာ့မယ့္ အေျခအေနအတြက္ ကေလာ့ပ္က ” က်ေနာ္က ၅ ႏွစ္သား ကေလးတစ္ေယာက္ မဟုတ္ပါဘူး။ ကိုယ္မရႏုိင္တဲ့ ကိစၥအတြက္ ငိုေၾကြးတာေတြကို လုပ္မယ့္သူလည္း မဟုတ္ဘူး။

က်ေနာ္ရဲ႕ဘဝ အခ်ိန္အမ်ားစုမွာ က်ေနာ္ လိုခ်င္တာေတြက မရခဲ့ပါဘူး။ ဒီေတာ့ ရွိတာနဲ႔ပဲ အဆင္ေျပေအာင္ လုပ္ရတာပါပဲ။ က်ေန္ာတို႔ ဗဟိုခံစစ္မွဴးသစ္အေၾကာငး္ ေျပာေနတာပါ။ သူက အသင္းအတြက္ သိပ္ကို အက်ိဳးအျမတ္ျဖစ္မွာက ရာႏႈန္းျပည့္ ေသခ်ာပါတယ္။

အေျခအေနေတြနဲ႔ ပက္သက္လို႔ ေန႔စဥ္တိုင္းမွာ က်ေန္ာတို႔ ေဆြးေႏြးတယ္။ က်ေနာ္က ဒီကိစၥအေပၚ မွတ္ခ်က္ေပးမႈေတြလည္း လုပ္ထားတယ္။ ဒါေပမယ့္ က်ေနာ္မွာ သံုးဖို ေငြေၾကးမရွိပါဘူး။ ဒီလို ေခၚယူခဲ့ ကိစၥေတြက က်ေနာ္ ဆံုးျဖတ္ရတာ မဟုတ္ဘူး။

အေျပာင္းအေရႊ႔ဆိုင္ရာ ကိစၥေတြ အားလံုးကို တာဝန္ယူတဲ့သူေတြ သီးသန္႔ရွိပါတယ္။ က်ေနာ္က ဆံုးျဖတ္ခ်က္ေတြကို လုပ္ရတဲ့သူ မဟုတ္ပါဘူး။ က်ေနာ္ ဘယ္တုန္းကမွလည္း လုပ္ခဲ့ရတာ မဟုတ္ဘူး။ ဘာလဲ ဒါက သတင္းထူးမ်ား ျဖစ္သြားလို႔လား? ” လို႔ ဆိုခဲ့တာျဖစ္တယ္။

အေျပာင္းအေရႊ႔ ကိစၥေတြမွာ ယာဂင္ကေလာ့ပ္က သူ သေဘာက်တဲ့ ကစားသမားေတြကို မွတ္ခ်က္ေပးခြင့္ရွိေပမယ့္ တကယ္တမ္း ေခၚယူတာကေတာ့ အေျပာင္းအေရႊ႔ ေကာ္မတီရဲ႕ သေဘာတူညီမႈေၾကာင့္ဆိုတာ ပရိသတ္တိုင္း သိၾကပါတယ္။ ဒီေကာ္မတီဟာ အသင္းအတြက္ မွန္ကန္တဲ့ အခ်ိန္နဲ႔ မွန္ကန္တဲ့ ကစားသမား မဟုတ္ဘူးလို႔ ယူဆမႈေၾကာင့္ ဇန္နဝါရီမွာ ကစားသမားသစ္ ေရာက္မလာေသးတာလည္း ျဖစ္ပါတယ္။