လီဗာပူးသတင်းထောက် ဂျိမ်းပီရက်ဇ်က ဒီနွေမှာ အသင်းဟာ တိုက်စစ်သမား အိုရီဂီကို သေချာပေါက် ရှင်းထုတ်သွားမှာဖြစ်ကာ တိုက်စစ်သမားသစ် ခေါ်ယူလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အသင်းမှာ ဆာလာ၊ မာနေး၊ ဖာမင်နိုနဲ့ ဂျိုတာတို့ ရှိပေမယ့်လည်း ဒီနွေမှာ နံပါတ် ၉ တိုက်စစ်သမား တစ်ဦး ခေါ်ယူရေးကို ဦးစားပေးအဖြစ် ရွေးချယ်လိမ့်မယ်လို့ သူက ယုံကြည်တယ်။ ဂျိုတာဟာ ဘယ်တောင်ပံကို အားပြုကစားသူဖြစ်ကာ တိုက်စစ်ပိုင်း နေရာစုံမှာလည်း ကစားနိုင်ပေမယ့် အထောင်တိုက်စစ်သမား စစ်စစ်ကို ခေါ်ယူရေးက လီဗာပူးရဲ့ ဦးတည်မှု ဖြစ်လာနိုင်တယ်။

ပီရက်ဇ်ကပဲ လီဗာပူးရဲ့ တိုက်စစ်သမားတွေထဲက ရှာကွီရီနဲ့ ချိန်ဘာလိန်တို့ရဲ့ အနေအထားကလည်း မေးခွန်းထုတ်စရာ အခြေအနေလို့ ဆိုလာခဲ့တယ်။ ရှာကွီရီဟာ ပြီးခဲ့တဲ့ ဈေးကွက် နှစ်ခုမှာ ကမ်းလှမ်းခံရမှုတွေ ရှိပေမယ့်လည်း ငြင်းဆန်ခဲ့သူဖြစ်ပြီး လီဗာပူးမှာ ဆက်နေဖို့ကိုပဲ ရွေးချယ်ခဲ့သူဖြစ်တယ်။

“ ဒီနွေမှာ လီဗာပူးက ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကို ပြုလုပ်သွားဖို့ ရှိနေပါတယ်။ အိုရီဂီ ထွက်ခွာသွားမှာဖြစ်ပြီး ရှာကွီရီနဲ့ ချိန်ဘာလိန်တို့ရဲ့ အနာဂတ်နဲ့ ပက်သက်လို့လည်း မေးခွန်း ထုတ်လာကြတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

အိုရီဂီနေရာမှာ အရည်အချင်းရှိ နံပါတ် ၉ တိုက်စစ်သမားတစ်ဦးနဲ့ အစားထိုးဖို့ဆိုတာက သေချာပေါက် ဖြစ်လာနိုင်မယ့် ကိစ္စပဲ ဖြစ်ပါတယ် ” လို့ ပီရက်ဇ်က ဆိုသွားခဲ့တာဖြစ်တယ်။

မနှစ်ကနွေမှာ ကိုဗစ်ကြောင့်ကော ဈေးကိုင်မှုအရပါ ကစားသမား ရောင်းထုတ်မှုတွေကိုလည်း ပြတ်သားစွာ မလုပ်နိုင်ခဲ့ပါဘူး။ လာမယ့် နွေမှာတော့ ဝဲလ်ဆန်၊ ဂရုဂျစ် အပါအဝင် ကစားသမား ရှင်းထုတ်မှုတွေတင် မကဘဲ စာချုပ်သစ်ကိစ္စတွေနဲ့ပါ မိုက်ကယ်အတ်ဝပ်နဲ့အဖွဲ့ အတော်လေး အလုပ်များရဖွယ် ရှိနေပါတယ်။

ZAWGYI

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္ဇ္က ဒီေႏြမွာ အသင္းဟာ တိုက္စစ္သမား အိုရီဂီကို ေသခ်ာေပါက္ ရွင္းထုတ္သြားမွာျဖစ္ကာ တိုက္စစ္သမားသစ္ ေခၚယူလိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။

အသင္းမွာ ဆာလာ၊ မာေနး၊ ဖာမင္ႏိုနဲ႔ ဂ်ိဳတာတို႔ ရွိေပမယ့္လည္း ဒီေႏြမွာ နံပါတ္ ၉ တိုက္စစ္သမား တစ္ဦး ေခၚယူေရးကို ဦးစားေပးအျဖစ္ ေရြးခ်ယ္လိမ့္မယ္လို႔ သူက ယံုၾကည္တယ္။ ဂ်ိဳတာဟာ ဘယ္ေတာင္ပံကို အားျပဳကစားသူျဖစ္ကာ တိုက္စစ္ပိုင္း ေနရာစံုမွာလည္း ကစားႏုိင္ေပမယ့္ အေထာင္တိုက္စစ္သမား စစ္စစ္ကို ေခၚယူေရးက လီဗာပူးရဲ႕ ဦးတည္မႈ ျဖစ္လာႏုိင္တယ္။

ပီရက္ဇ္ကပဲ လီဗာပူးရဲ႕ တိုက္စစ္သမားေတြထဲက ရွာကီြရီနဲ႔ ခ်ိန္ဘာလိန္တို႔ရဲ႕ အေနအထားကလည္း ေမးခြန္းထုတ္စရာ အေျခအေနလို႔ ဆိုလာခဲ့တယ္။ ရွာကီြရီဟာ ျပီးခဲ့တဲ့ ေစ်းကြက္ ႏွစ္ခုမွာ ကမ္းလွမ္းခံရမႈေတြ ရွိေပမယ့္လည္း ျငင္းဆန္ခဲ့သူျဖစ္ျပီး လီဗာပူးမွာ ဆက္ေနဖို႔ကိုပဲ ေရြးခ်ယ္ခဲ့သူျဖစ္တယ္။

“ ဒီေႏြမွာ လီဗာပူးက ၾကီးမားတဲ့ ဆံုးျဖတ္ခ်က္ေတြကို ျပဳလုပ္သြားဖို႔ ရွိေနပါတယ္။ အိုရီဂီ ထြက္ခြာသြားမွာျဖစ္ျပီး ရွာကီြရီနဲ႔ ခ်ိန္ဘာလိန္တို႔ရဲ႕ အနာဂတ္နဲ႔ ပက္သက္လို႔လည္း ေမးခြန္း ထုတ္လာၾကတာေတြကို ျမင္ေတြ႔ရမွာ ျဖစ္ပါတယ္။

အိုရီဂီေနရာမွာ အရည္အခ်င္းရွိ နံပါတ္ ၉ တိုက္စစ္သမားတစ္ဦးနဲ႔ အစားထိုးဖို႔ဆိုတာက ေသခ်ာေပါက္ ျဖစ္လာႏုိင္မယ့္ ကိစၥပဲ ျဖစ္ပါတယ္ ” လို႔ ပီရက္ဇ္က ဆိုသြားခဲ့တာျဖစ္တယ္။

မႏွစ္ကေႏြမွာ ကိုဗစ္ေၾကာင့္ေကာ ေစ်းကိုင္မႈအရပါ ကစားသမား ေရာင္းထုတ္မႈေတြကိုလည္း ျပတ္သားစြာ မလုပ္ႏုိင္ခဲ့ပါဘူး။ လာမယ့္ ေႏြမွာေတာ့ ဝဲလ္ဆန္၊ ဂရုဂ်စ္ အပါအဝင္ ကစားသမား ရွင္းထုတ္မႈေတြတင္ မကဘဲ စာခ်ဳပ္သစ္ကိစၥေတြနဲ႔ပါ မိုက္ကယ္အတ္ဝပ္နဲ႔အဖြဲ႔ အေတာ္ေလး အလုပ္မ်ားရဖြယ္ ရွိေနပါတယ္။