လီဗာပူးအသင်းရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဟန်ဒါဆန်၊ မီလ်နာ၊ ဗန်ဒိုက်တို့ ဒဏ်ရာတွေ ရနေတာကြောင့် လာမယ့်ပွဲတွေမှာ အသင်းခေါင်းဆောင်အဖြစ် ဝိုက်နယ်ဒမ်က တာဝန်ယူသွားဖွယ် ရှိနေပါတယ်။

နယ်သာလန်သားဟာ လီဗာပူးနဲ့ စာချုပ် ၆ လပဲ ကျန်ရှိတာဖြစ်ပြီး ဒီနွေမှာ အလွတ်ဖြင့် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။ ဝိုက်နယ်ဒမ်ဟာ လယ်လာနာ၊ ကလိုင်း၊ စတားရစ်၊ မိုရီနို၊ ချန်နဲ့ မာကိုဗစ်တို့ လမ်းစဉ်အတိုင်းပဲ စာချုပ်အလွတ်ဖြင့် အန်ဖီးကနေ ထွက်ခွာသွားမှာဖြစ်တယ်။

သူ့ကို ခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနေပေမယ့်လည်း မန်နေဂျာကိုးမန်းရဲ့ အနာဂတ် မရေရာမှုနဲ့အတူ ဝေဝါးနေဆဲအဆင့်မှာပဲ ရှိနေပါတယ်။ အသက် ၃၀ အရွယ် ကွင်းလယ်လူကို ခေါ်ယူဖို့အတွက် ပြင်သစ်ကလပ် ပီအက်စ်ဂျီနဲ့ စီးရီးအေကလပ် အင်တာမီလန်တို့က အတော်လေး စိတ်ဝင်စားလာတယ်လို့ သိရတယ်။

ပီအက်စ်ဂျီအသင်းဟာ နောက်ပိုင်း ဘောလုံးရာသီတွေမှာ ဂျူဗင်တပ်အသင်း လမ်းစဉ်အတိုင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်တဲ့ ကစားသမားတွေကို ခေါ်ယူလေ့ရှိတယ်။ ရာဖင်ဟာ၊ ဟာရဲရာ၊ ဘူဖွန်၊ ဒန်နီအဲဗက်စ် အစရှိတဲ့ ကစားသမားတွေက ပီအက်စ်ဂျီအသင်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားရသူတွေ ဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား၊ ပရီးမီးယားလိဂ်ဖလားတွေ အောင်မြင်ထားတဲ့ ဝိုက်နယ်ဒမ်ဟာ နယ်သာလန်လက်ရွေးစင်အသင်းရဲ့ စီနီယာတစ်ဦးလည်းဖြစ်တယ်။ သူ့ရဲ့ အသက်အရွယ်အရ နောက်ထပ် ၃ နှစ်လောက်ထိ အကောင်းဆုံး ကစားနိုင်သေးလို့ ထိပ်သီးအသင်းတွေက စိတ်ဝင်စားလာခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဘက်ကတော့ ကစားသမားရဲ့ ကြံ့ခိုင်မှုကို နှစ်သက်ပေမယ့်လည်း တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ပေးနေရတဲ့ လုပ်ခကို အများကြီး တိုးမြင့်ပေးလိုခြင်း မရှိတာကြောင့် စာချုပ်သစ်ကိစ္စ သွေးအေးသွားခဲ့တာလို့ သိထားရပါတယ်။

ZAWGYI

လီဗာပူးအသင္းရဲ႕ ေခါင္းေဆာင္ေတြျဖစ္တဲ့ ဟန္ဒါဆန္၊ မီလ္နာ၊ ဗန္ဒိုက္တို႔ ဒဏ္ရာေတြ ရေနတာေၾကာင့္ လာမယ့္ပြဲေတြမွာ အသင္းေခါင္းေဆာင္အျဖစ္ ဝိုက္နယ္ဒမ္က တာဝန္ယူသြားဖြယ္ ရွိေနပါတယ္။

နယ္သာလန္သားဟာ လီဗာပူးနဲ႔ စာခ်ဳပ္ ၆ လပဲ က်န္ရွိတာျဖစ္ျပီး ဒီေႏြမွာ အလြတ္ျဖင့္ ထြက္ခြာသြားမွာ ျဖစ္ပါတယ္။ ဝိုက္နယ္ဒမ္ဟာ လယ္လာနာ၊ ကလိုင္း၊ စတားရစ္၊ မိုရီႏို၊ ခ်န္နဲ႔ မာကိုဗစ္တို႔ လမ္းစဥ္အတိုင္းပဲ စာခ်ဳပ္အလြတ္ျဖင့္ အန္ဖီးကေန ထြက္ခြာသြားမွာျဖစ္တယ္။

သူ႔ကို ေခၚယူဖို႔ ဘာစီလိုနာက စိတ္ဝင္စားေနေပမယ့္လည္း မန္ေနဂ်ာကိုးမန္းရဲ႕ အနာဂတ္ မေရရာမႈနဲ႔အတူ ေဝဝါးေနဆဲအဆင့္မွာပဲ ရွိေနပါတယ္။ အသက္ ၃၀ အရြယ္ ကြင္းလယ္လူကို ေခၚယူဖို႔အတြက္ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီနဲ႔ စီးရီးေအကလပ္ အင္တာမီလန္တို႔က အေတာ္ေလး စိတ္ဝင္စားလာတယ္လို႔ သိရတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ေနာက္ပိုင္း ေဘာလံုးရာသီေတြမွာ ဂ်ဴဗင္တပ္အသင္း လမ္းစဥ္အတိုင္း အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ရႏုိင္တဲ့ ကစားသမားေတြကို ေခၚယူေလ့ရွိတယ္။ ရာဖင္ဟာ၊ ဟာရဲရာ၊ ဘူဖြန္၊ ဒန္နီအဲဗက္စ္ အစရွိတဲ့ ကစားသမားေတြက ပီအက္စ္ဂ်ီအသင္း အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေခၚယူထားရသူေတြ ျဖစ္ပါတယ္။

လီဗာပူးအသင္းနဲ႔အတူ ခ်န္ပီယံလိဂ္ဖလား၊ ပရီးမီးယားလိဂ္ဖလားေတြ ေအာင္ျမင္ထားတဲ့ ဝိုက္နယ္ဒမ္ဟာ နယ္သာလန္လက္ေရြးစင္အသင္းရဲ႕ စီနီယာတစ္ဦးလည္းျဖစ္တယ္။ သူ႔ရဲ႕ အသက္အရြယ္အရ ေနာက္ထပ္ ၃ ႏွစ္ေလာက္ထိ အေကာင္းဆံုး ကစားႏုိင္ေသးလို႔ ထိပ္သီးအသင္းေတြက စိတ္ဝင္စားလာခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဘက္ကေတာ့ ကစားသမားရဲ႕ ၾကံ႕ခိုင္မႈကို ႏွစ္သက္ေပမယ့္လည္း တစ္ပတ္လုပ္ခ ေပါင္ ၇၅၀၀၀ ေပးေနရတဲ့ လုပ္ခကို အမ်ားၾကီး တိုးျမင့္ေပးလိုျခင္း မရွိတာေၾကာင့္ စာခ်ဳပ္သစ္ကိစၥ ေသြးေအးသြားခဲ့တာလို႔ သိထားရပါတယ္။