လီဗာပူးအသင်းဟာ ဒီကနေ့မှာ အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်တွေနဲ့ တစ်ဦးချင်းအလိုက် လေ့ကျင့်ရေးအစီအစဉ်တွေကို အက်ဆာမှာ စတင်ခဲ့ပြီဖြစ်ပါတယ်။

သတင်းကောင်းအဖြစ် ကာလရှည် ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဗန်ဒိုက်ဟာ လီဗာပူးအသင်း လေ့ကျင့်ရေးကွင်းရဲ့ မြက်ခင်းပြင်ပေါ် ပထမဆုံးအကြိမ်အဖြစ် ပြန်လည် ခြေချလာခဲ့ပါပြီ။ တစ်ဦးချင်းအလိုက် ကြံ့ခိုင်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေကို လုပ်ပြသွားခဲ့တာကို မြင်ရပြီး လာမယ့် မတ်လအတွင်း အနုတ်ဆောင်တဲ့ တိုးတက်မှု ရပ်တန့်တာမျိုး မဖြစ်ဘူးဆိုရင် ရာသီသိမ်းပွဲအချို့ ပြန်ကစားနိုင်မယ်လို့ မျှော်လင့်ရတယ်။

ဗန်ဒိုက်ရဲ့ ကြံ့ခိုင်မှု တိုးတက်မှုဟာ ဒီရာသီအတွက် သက်ရောက်မှု ကြီးမားတော့မှာ မဟုတ်ပေမယ့်လည်း လာမယ့် ရာသီသစ်အတွက် နွေလေ့ကျင့်ရေးမှာ အကောင်းဆုံး ပူးပေါင်းနိုင်ဖို့ရာ မျှော်လင့်လို့ ရလာမှာဖြစ်ပါတယ်။

နောက်ထပ် သတင်းကတော့ တိုက်စစ်မှူး ဂျိုတာဟာ ကြိုတင် သတင်းထွက်နေတဲ့အတိုင်း အသင်းလိုက် လေ့ကျင့်ရေး အစီအစဉ်တွေမှာ ပါဝင်သွားခဲ့ပြီဖြစ်ပါတယ်။ လေ့ကျင့်ချိန်ပြည့် ပါဝင်နိုင်ခြင်းလား သွေးပူလေ့ကျင့်ရေးလောက်တင် ပါဝင်ခြင်းလားဆိုတဲ့ သူဘယ်လောက်ထိ အချိန်ကြာကြာ လေ့ကျင့်ခဲ့သလဲကတော့ မနက်ဖြန်လောက်မှ သိရမှာပါ။

ဂျိုတာဟာ တစ်ဦးချင်းလေ့ကျင့်ရေးတွေကို အကောင်းဆုံး လုပ်ထားနိုင်တယ်လို့ သိထားရတယ်။ ကနဦး သတင်းတွေအရ ဒီကနေ့မှာ အသင်းရဲ့ လေ့ကျင့်ရေးကို အချိန်ပြည့် သူပြန်ပါဖို့ ဆေးအဖွဲ့က မီးစိမ်းပြထားတယ်လို့လည်း ကြားထားရပါတယ်။

ဂျိုတာကို မတ်လ ၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် အမှတ်ပေးပွဲမှာ ပြန်မြင်ဖို့ မျှော်လင့်နေကြဆဲဖြစ်ကာ ဖာဘင်ညို နည်းတူ အခြေအနေ ကောင်းနေပြီလို့ ယုံကြည်ခြင်း ခံနေရတာဖြစ်ပါတယ်။