လီဗာပူး ယူ-၂၃ အသင်း လက်ထောက်နည်းပြ ဂယ်ရီ အိုနေးဟာ ဒီနွေမှာ အဆိုပါ တာဝန်သစ်ကို သူလက်ခံယူခဲ့ပြီး ၆ လ အကြာမှာပဲ အသင်းကနေ နုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ်။

ယူ-၁၈ အသင်းကနေ ယူ-၂၃ အသင်းကို တိုးမြင့် တာဝန်ပေးခြင်းခံရတဲ့ အိုနေးက ဘုန်းမောက်အသင်းရဲ့ ပထမအသင်းနည်းပြ ရာထူးအတွက် လီဗာပူးကို စွန့်ခွာသွားတာလို့လည်း အတည်ပြုနိုင်ခဲ့ပြီဖြစ်တယ်။

အိုနေးဟာ လူငယ်ကစားသမားတွေနဲ့ အလုပ်အများကြီး လုပ်ခဲ့ဖူးသူဖြစ်ကာ အကယ်ဒမီကနေ ပထမအသင်းထံ သူတို့တွေကို ပို့ဆောင်ပေးဖို့ တာဝန်ရှိသူ တစ်ဦးလည်းဖြစ်တယ်။ ဒီ လုပ်နိုင်စွမ်းတွေကြောင့်လည်း ယူ-၂၃ မန်နေဂျာ ဘယ်ရီ လွီတက်ရဲ့ လက်ထောက်အဖြစ် ခန့်အပ်ဖို့ ယုံကြည်ခြင်း ခံခဲ့ရပါတယ်။

ဘုန်းမောက်အသင်း မန်နေဂျာဖြစ်လာတဲ့ ဂျိုနာသန် ဝုဒ်ဂိတ်က အိုနေးကို ခေါ်ယူဖို့ စည်းရုံးနိုင်ခဲ့တာဖြစ်တယ်။ ဝုဒ်ဂတ်ကို လီဗာပူးဘက်က ကင်းထောက်အဖြစ် ၂၀၁၆ ခုနှစ်မှာ တာဝန်ပေးခဲ့ကာ ၂၀၁၇ မှာတော့ မယ်ဒယ်ဘရော့ ပထမအသင်းနည်းပြအဖြစ် အလုပ်လုပ်ကိုင်ဖို့ အသင်းကနေ ထွက်ခွာသွားခဲ့တယ်။

ဒီတစ်ကြိမ်မှာတော့ ဝုဒ်ဂိတ်က အိုနေးကို ပထမအသင်းနည်းပြ ရာထူးဖြင့် ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အိုနေးဟာ ကစားသမားဘဝမှာ ချန်ပီယံရှစ်ကလပ် ၄ သင်းမှာ ကစားခဲ့ဖူးတာကြောင့် သူ့ရဲ့ အတွေ့အကြုံက အကူအညီဖြစ်မယ်လို့ ဝုဒ်ဂိတ်က ယုံကြည်နေပါတယ်။

ဒီထွက်ခွာမှုမှာ လီဗာပူးဘက်က အိုနေးရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြီး လိုလိုလားလား ခွင့်ပြုပေးခဲ့တာလို့ သိရတယ်။ ဝုဒ်ဂိတ်ကိုယ်တိုင်ကတော့ အိုနေးကို ထွက်ခွာခွင့်ပေးတာအတွက် လီဗာပူးအသင်းကို ကျေးဇူးတင်ပါကြောင်း ထုတ်ပြောသွားခဲ့ပါတယ်။

ZAWGYI

လီဗာပူး ယူ-၂၃ အသင္း လက္ေထာက္နည္းျပ ဂယ္ရီ အိုေနးဟာ ဒီေႏြမွာ အဆိုပါ တာဝန္သစ္ကို သူလက္ခံယူခဲ့ျပီး ၆ လ အၾကာမွာပဲ အသင္းကေန ႏုတ္ထြက္သြားခဲ့ျပီျဖစ္ပါတယ္။

ယူ-၁၈ အသင္းကေန ယူ-၂၃ အသင္းကို တိုးျမင့္ တာဝန္ေပးျခင္းခံရတဲ့ အိုေနးက ဘုန္းေမာက္အသင္းရဲ႕ ပထမအသင္းနည္းျပ ရာထူးအတြက္ လီဗာပူးကို စြန္႔ခြာသြားတာလို႔လည္း အတည္ျပဳႏုိင္ခဲ့ျပီျဖစ္တယ္။

အိုေနးဟာ လူငယ္ကစားသမားေတြနဲ႔ အလုပ္အမ်ားၾကီး လုပ္ခဲ့ဖူးသူျဖစ္ကာ အကယ္ဒမီကေန ပထမအသင္းထံ သူတို႔ေတြကို ပို႔ေဆာင္ေပးဖို႔ တာဝန္ရွိသူ တစ္ဦးလည္းျဖစ္တယ္။ ဒီ လုပ္ႏုိင္စြမ္းေတြေၾကာင့္လည္း ယူ-၂၃ မန္ေနဂ်ာ ဘယ္ရီ လီြတက္ရဲ႕ လက္ေထာက္အျဖစ္ ခန္႔အပ္ဖို႔ ယံုၾကည္ျခင္း ခံခဲ့ရပါတယ္။

ဘုန္းေမာက္အသင္း မန္ေနဂ်ာျဖစ္လာတဲ့ ဂ်ိဳနာသန္ ဝုဒ္ဂိတ္က အိုေနးကို ေခၚယူဖို႔ စည္းရံုးႏုိင္ခဲ့တာျဖစ္တယ္။ ဝုဒ္ဂတ္ကို လီဗာပူးဘက္က ကင္းေထာက္အျဖစ္ ၂၀၁၆ ခုႏွစ္မွာ တာဝန္ေပးခဲ့ကာ ၂၀၁၇ မွာေတာ့ မယ္ဒယ္ဘေရာ့ ပထမအသင္းနည္းျပအျဖစ္ အလုပ္လုပ္ကိုင္ဖို႔ အသင္းကေန ထြက္ခြာသြားခဲ့တယ္။

ဒီတစ္ၾကိမ္မွာေတာ့ ဝုဒ္ဂိတ္က အိုေနးကို ပထမအသင္းနည္းျပ ရာထူးျဖင့္ ေခၚယူခဲ့တာျဖစ္ပါတယ္။ အိုေနးဟာ ကစားသမားဘဝမွာ ခ်န္ပီယံရွစ္ကလပ္ ၄ သင္းမွာ ကစားခဲ့ဖူးတာေၾကာင့္ သူ႔ရဲ႕ အေတြ႔အၾကံဳက အကူအညီျဖစ္မယ္လို႔ ဝုဒ္ဂိတ္က ယံုၾကည္ေနပါတယ္။

ဒီထြက္ခြာမႈမွာ လီဗာပူးဘက္က အိုေနးရဲ႕ အနာဂတ္အတြက္ ရည္ရြယ္ျပီး လိုလိုလားလား ခြင့္ျပဳေပးခဲ့တာလို႔ သိရတယ္။ ဝုဒ္ဂိတ္ကိုယ္တိုင္ကေတာ့ အိုေနးကို ထြက္ခြာခြင့္ေပးတာအတြက္ လီဗာပူးအသင္းကို ေက်းဇူးတင္ပါေၾကာင္း ထုတ္ေျပာသြားခဲ့ပါတယ္။