မန်နေဂျာကလော့ပ်က စနေနေ့ အသင်းရဲ့ လေ့ကျင့်ရေးမှာ ဖာဘင်ညို၊ ဂျိုတာ၊ မီလ်နာတို့ ပြန်လည် ပါဝင်လာမယ့် အနေအထားရှိကြောင်း ထုတ်ပြောလာခဲ့ပေမယ့် ပွဲနေ့မှာတော့ တစ်ဦးတည်း ကစားနိုင်မယ် အခြေအနေပါလို့ ဆိုလာပါတယ်။

ဂျိုတာဟာ အသင်းရဲ့ လေ့ကျင့်ရေးမှာ ပုံမှန် ပြန်ပါဝင်လာနိုင်ခဲ့ပြီဖြစ်ပေမယ့် ဖာဘင်ညိုနဲ့ မီလ်နာတို့ကတော့ စနေနေ့မှ ပထမဆုံး ပါဝင်ရမှာပါ။ ဒါကြောင့် ပွဲ့နေ့မှာ ဂျိုတာက လူစာရင်းအတွင်း ပါဝင်နိုင်မှာဖြစ်ပြီး ဖာဘင်ညို၊ မီလ်နာတို့ ပါနိုင်မလားက မပြောနိုင်သေးပါဘူး။ ကွင်းလယ်လူ ဟန်ဒါဆန်ကလည်း ကာလအတန်ကြာ အနားယူရဦးမှာ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က “ ဖာဘင်ညိုက အသင်းနဲ့အတူ လေ့ကျင့်ရေး မဆင်းနိုင်သေးပါဘူး။ မနက်ဖြန်မှာတော့ အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းနိုင်ပါတယ်။ ကျနော် ထင်ထားတာ မှန်မယ်ဆိုရင်ပေါ့။ အဲ့တာကပဲ သူ အသင်းနဲ့အတူ ပထမဆုံး ပြန်လုပ်နိုင်မယ့် လေ့ကျင့်ရေး ဖြစ်ပါလိမ့်မယ်။ မီလ်နာအတွက်လည်း အတူတူပါပဲ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

သတင်းကောင်းကတော့ ဂျိုတာဟာ ပွဲနေ့ လူစာရင်းထဲ ပြန်ပါဝင်လာမယ်လို့ ကလော့ပ်က ဆိုခဲ့တယ်။ လေ့ကျင့်ရေးမှာ အခြေအနေ ကောင်းနေတဲ့ ဂျိုတာကို ပွဲထွက်လူစာရင်းကနေ ထည့်မလားဆိုတာကို အာမခံခဲ့ခြင်းတော့ မရှိပေမယ့် ပွဲကစားခွင့်ပေးဖို့ စီစဉ်ပေးသွားမယ်လို့ ဆိုပါတယ်။

ကလော့ပ်က “ ဂျိုတာက အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းနိုင်ခဲ့တာ နှစ်ကြိမ်ထိ ရှိခဲ့ပါပြီ။ ကြည့်ရတာ အတော်လေး အခြေအနေကောင်းပါတယ်၊ သိပ်ကောင်းပါတယ်။ ဒါပေမယ့် သူက ကာလရှည် လွဲချော်ထားခဲ့သူဆိုတော့ သူနဲ့ ပက်သက်ပြီး ဘာတွေ လုပ်နိုင်မလဲဆိုတာကို ကြည့်ရမှာဖြစ်ပါတယ်။

လေ့ကျင့်ရေးမှာတော့ ဂျိုတာရဲ့ အခြေအနေက အတော်လေး ကောင်းပါတယ်။ သူပြန်လာတာက အကောင်းမြင်စရာပဲ ဖြစ်ပါတယ်။ အဲ့တာကတင်ပဲ အကောင်းမြင်စရာ မဟုတ်ဘဲ အခြားသော ကစားသမားတွေက အကြာကြီး အနားယူနေရရာက ပြန်မလာနိုင်သေးချိန်မှာ ဂျိုတာ ပြန်လာနိုင်တာကပဲ အရမ်းကို အကောင်းမြင်စရာ ဖြစ်ပါတယ်။

လေ့ကျင့်ရေးတွေကို သူပြန်လုပ်လာနိုင်တယ်ဆိုတော့ သူ့အတွက် ဘာလုပ်ပေးရမလဲ ဆိုတာကို ကျနေ်ာတို့ ဆုံးဖြတ်သွားရမှာပါ။ သူ့ကို ဘယ်လိုအချိန်မှာ ကစားခွင့်ပေးတာက အဓိပ္ပာယ် ရှိမလဲ အဲ့လို ကိစ္စတွေကိုပေါ့ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာကေလာ့ပ္က စေနေန႔ အသင္းရဲ႕ ေလ့က်င့္ေရးမွာ ဖာဘင္ညိဳ၊ ဂ်ိဳတာ၊ မီလ္နာတို႔ ျပန္လည္ ပါဝင္လာမယ့္ အေနအထားရွိေၾကာင္း ထုတ္ေျပာလာခဲ့ေပမယ့္ ပြဲေန႔မွာေတာ့ တစ္ဦးတည္း ကစားႏုိင္မယ္ အေျခအေနပါလို႔ ဆိုလာပါတယ္။

ဂ်ိဳတာဟာ အသင္းရဲ႕ ေလ့က်င့္ေရးမွာ ပံုမွန္ ျပန္ပါဝင္လာႏုိင္ခဲ့ျပီျဖစ္ေပမယ့္ ဖာဘင္ညိဳနဲ႔ မီလ္နာတို႔ကေတာ့ စေနေန႔မွ ပထမဆံုး ပါဝင္ရမွာပါ။ ဒါေၾကာင့္ ပြဲ႔ေန႔မွာ ဂ်ိဳတာက လူစာရင္းအတြင္း ပါဝင္ႏုိင္မွာျဖစ္ျပီး ဖာဘင္ညိဳ၊ မီလ္နာတို႔ ပါႏုိင္မလားက မေျပာႏုိင္ေသးပါဘူး။ ကြင္းလယ္လူ ဟန္ဒါဆန္ကလည္း ကာလအတန္ၾကာ အနားယူရဦးမွာ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က “ ဖာဘင္ညိဳက အသင္းနဲ႔အတူ ေလ့က်င့္ေရး မဆင္းႏုိင္ေသးပါဘူး။ မနက္ျဖန္မွာေတာ့ အသင္းနဲ႔အတူ ေလ့က်င့္ေရး ဆင္းႏုိင္ပါတယ္။ က်ေနာ္ ထင္ထားတာ မွန္မယ္ဆိုရင္ေပါ့။ အဲ့တာကပဲ သူ အသင္းနဲ႔အတူ ပထမဆံုး ျပန္လုပ္ႏုိင္မယ့္ ေလ့က်င့္ေရး ျဖစ္ပါလိမ့္မယ္။ မီလ္နာအတြက္လည္း အတူတူပါပဲ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

သတင္းေကာင္းကေတာ့ ဂ်ိဳတာဟာ ပြဲေန႔ လူစာရင္းထဲ ျပန္ပါဝင္လာမယ္လို႔ ကေလာ့ပ္က ဆိုခဲ့တယ္။ ေလ့က်င့္ေရးမွာ အေျခအေန ေကာင္းေနတဲ့ ဂ်ိဳတာကို ပြဲထြက္လူစာရင္းကေန ထည့္မလားဆိုတာကို အာမခံခဲ့ျခင္းေတာ့ မရွိေပမယ့္ ပြဲကစားခြင့္ေပးဖို႔ စီစဥ္ေပးသြားမယ္လို႔ ဆိုပါတယ္။

ကေလာ့ပ္က “ ဂ်ိဳတာက အသင္းနဲ႔အတူ ေလ့က်င့္ေရး ဆင္းႏုိင္ခဲ့တာ ႏွစ္ၾကိမ္ထိ ရွိခဲ့ပါျပီ။ ၾကည့္ရတာ အေတာ္ေလး အေျခအေနေကာင္းပါတယ္၊ သိပ္ေကာင္းပါတယ္။ ဒါေပမယ့္ သူက ကာလရွည္ လြဲေခ်ာ္ထားခဲ့သူဆိုေတာ့ သူနဲ႔ ပက္သက္ျပီး ဘာေတြ လုပ္ႏုိင္မလဲဆိုတာကို ၾကည့္ရမွာျဖစ္ပါတယ္။

ေလ့က်င့္ေရးမွာေတာ့ ဂ်ိဳတာရဲ႕ အေျခအေနက အေတာ္ေလး ေကာင္းပါတယ္။ သူျပန္လာတာက အေကာင္းျမင္စရာပဲ ျဖစ္ပါတယ္။ အဲ့တာကတင္ပဲ အေကာင္းျမင္စရာ မဟုတ္ဘဲ အျခားေသာ ကစားသမားေတြက အၾကာၾကီး အနားယူေနရရာက ျပန္မလာႏုိင္ေသးခ်ိန္မွာ ဂ်ိဳတာ ျပန္လာႏုိင္တာကပဲ အရမ္းကို အေကာင္းျမင္စရာ ျဖစ္ပါတယ္။

ေလ့က်င့္ေရးေတြကို သူျပန္လုပ္လာႏုိင္တယ္ဆိုေတာ့ သူ႔အတြက္ ဘာလုပ္ေပးရမလဲ ဆိုတာကို က်ေန္ာတို႔ ဆံုးျဖတ္သြားရမွာပါ။ သူ႔ကို ဘယ္လိုအခ်ိန္မွာ ကစားခြင့္ေပးတာက အဓိပၸာယ္ ရွိမလဲ အဲ့လို ကိစၥေတြကိုေပါ့ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။