ချယ်ဆီးနဲ့ပွဲမှာ ဆာလာကို လူစားလဲခဲ့ရတာနဲ့ ပက်သက်ပြီး ကလော့ပ်က “ လန်းဆန်းနေတဲ့ ကစားသမားတွေကို ထည့်ဖို့ပါ ” လို့ စကိုင်းစပေါ့ကနေ ပြောပါတယ်။

ဒုတိယပိုင်းစပြီး မိနစ် ၂၀ လောက်မှာတောင် ဆာလာကို လူစားလဲခဲ့တာပါ။ ပွဲတစ်လျှောက်မှာ ဆာလာ တစ်ဦးတည်း ခြေပေါ်တဲ့ တိုက်စစ်သမား ဖြစ်နေခဲ့ပြီး အခြားသော တိုက်စစ်သမားတွေထက် သူ့ကို လူစားလဲတဲ့ ကလော့ပ်ရဲ့ လုပ်ရပ်ဟာ ပွဲအပြီးမှာ ဝေဖန်သံတွေ ညံခဲ့ပါတယ်။

ကလော့ပ်ကတော့ သူ လူစားလဲသင့်ပြီလို့ ဆုံးဖြတ်ချိန်မှာ မိုရဲ့ အခြေအနေကို ကြည့်ရတာက တစ်ခုခု ခံစားနေရတယ်လို့ မြင်တာကြောင့် အရဲမစွန့်လိုဘဲ လူလဲခဲ့ရတာလို့ ပြောပါတယ်။

“ မကြာမကြာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် မို ကြည့်ရတာ နည်းနည်း ခံစားနေရတဲ့ပုံ ရပါတယ်။ သူက ပွဲတွေ အများကြီး ကစားထားတာပါ။ ဆာဒီယိုနဲ့ ဘော်ဘီကိုလည်း ကျနော် လူစားလဲလို့ရပါတယ်။ ဒါပေမယ့် အဲ့ အခြေအနေမှာ မိုက ခံစားနေရတဲ့ပုံ အပေါ်ဆုံးသူ ဖြစ်နေလို့ပါ ” ဆိုပြီး ကလော့ပ်က ရှင်းပြခဲ့တယ်။

လူစားလဲခံရတဲ့ အခြေအနေကို ဆာလာက အတော်လေး စိတ်ပျက် ဒေါသထွက်နေခဲ့ပါတယ်။ ဒီကိစ္စက ကွင်းပြင်ပမှာလည်း ရိုက်ခတ်မှု ရှိလာမယ့် အနေအထားဖြစ်ပြီး ဆာလာရဲ့ အေးဂျင့်က တွစ်တာကနေ အစက်ချတဲ့ ပိုစ့်တစ်ခုကို ချက်ခြင်း ကောက်တင်သွားခဲ့တယ်။

ကလော့ပ်ကပဲ ” ဆာလာက စိတ်ပျက်နေခဲ့ပုံရပါတယ်။ အဲ့တာက ပြဿနာ မဟုတ်ပါဘူး။ အခြား အသင်းသားတွေကို လဲလို့လည်း ရပါတယ် ဒါပေမယ့် သူ့ကို ကြည့်ရတာ ပြင်းပြင်းပြပြ ခံစားနေရပုံ ရနေလို့ပါ။

ကျနော် အရဲစွန့်မှုတွေကို မလုပ်ချင်ပါဘူး။ ဆာလာ အကြောင်းကို ကျနော် ကောင်းကောင်းသိပါတယ်။ ပုံမှန်ဆိုရင် သူက လန်းလန်းဆန်းဆန်းဖြစ်ပါတယ်။ အဲ့တာကပဲ သူ့ကို အရဲစွန့် မသုံးဖို့ အကြောင်းရင်း ဖြစ်ခဲ့ပါတယ် ” လို့ ဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးနဲ႔ပြဲမွာ ဆာလာကို လူစားလဲခဲ့ရတာနဲ႔ ပက္သက္ျပီး ကေလာ့ပ္က “ လန္းဆန္းေနတဲ့ ကစားသမားေတြကို ထည့္ဖို႔ပါ ” လို႔ စကိုင္းစေပါ့ကေန ေျပာပါတယ္။

ဒုတိယပိုင္းစျပီး မိနစ္ ၂၀ ေလာက္မွာေတာင္ ဆာလာကို လူစားလဲခဲ့တာပါ။ ပြဲတစ္ေလွ်ာက္မွာ ဆာလာ တစ္ဦးတည္း ေျခေပၚတဲ့ တိုက္စစ္သမား ျဖစ္ေနခဲ့ျပီး အျခားေသာ တိုက္စစ္သမားေတြထက္ သူ႔ကို လူစားလဲတဲ့ ကေလာ့ပ္ရဲ႕ လုပ္ရပ္ဟာ ပြဲအျပီးမွာ ေဝဖန္သံေတြ ညံခဲ့ပါတယ္။

ကေလာ့ပ္ကေတာ့ သူ လူစားလဲသင့္ျပီလို႔ ဆံုးျဖတ္ခ်ိန္မွာ မိုရဲ႕ အေျခအေနကို ၾကည့္ရတာက တစ္ခုခု ခံစားေနရတယ္လို႔ ျမင္တာေၾကာင့္ အရဲမစြန္႔လိုဘဲ လူလဲခဲ့ရတာလို႔ ေျပာပါတယ္။

“ မၾကာမၾကာေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ မို ၾကည့္ရတာ နည္းနည္း ခံစားေနရတဲ့ပံု ရပါတယ္။ သူက ပြဲေတြ အမ်ားၾကီး ကစားထားတာပါ။ ဆာဒီယိုနဲ႔ ေဘာ္ဘီကိုလည္း က်ေနာ္ လူစားလဲလို႔ရပါတယ္။ ဒါေပမယ့္ အဲ့ အေျခအေနမွာ မိုက ခံစားေနရတဲ့ပံု အေပၚဆံုးသူ ျဖစ္ေနလို႔ပါ ” ဆိုျပီး ကေလာ့ပ္က ရွင္းျပခဲ့တယ္။

လူစားလဲခံရတဲ့ အေျခအေနကို ဆာလာက အေတာ္ေလး စိတ္ပ်က္ ေဒါသထြက္ေနခဲ့ပါတယ္။ ဒီကိစၥက ကြင္းျပင္ပမွာလည္း ရိုက္ခတ္မႈ ရွိလာမယ့္ အေနအထားျဖစ္ျပီး ဆာလာရဲ႕ ေအးဂ်င့္က တြစ္တာကေန အစက္ခ်တဲ့ ပိုစ့္တစ္ခုကို ခ်က္ျခင္း ေကာက္တင္သြားခဲ့တယ္။

ကေလာ့ပ္ကပဲ ” ဆာလာက စိတ္ပ်က္ေနခဲ့ပံုရပါတယ္။ အဲ့တာက ျပႆနာ မဟုတ္ပါဘူး။ အျခား အသင္းသားေတြကို လဲလို႔လည္း ရပါတယ္ ဒါေပမယ့္ သူ႔ကို ၾကည့္ရတာ ျပင္းျပင္းျပျပ ခံစားေနရပံု ရေနလို႔ပါ။

က်ေနာ္ အရဲစြန္႔မႈေတြကို မလုပ္ခ်င္ပါဘူး။ ဆာလာ အေၾကာင္းကို က်ေနာ္ ေကာင္းေကာင္းသိပါတယ္။ ပံုမွန္ဆိုရင္ သူက လန္းလန္းဆန္းဆန္းျဖစ္ပါတယ္။ အဲ့တာကပဲ သူ႔ကို အရဲစြန္႔ မသံုးဖို႔ အေၾကာင္းရင္း ျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုသြားတာ ျဖစ္ပါတယ္။