လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က သူ့ရဲ့ မန်နေဂျာဘဝတစ်လျှောက် တစ်ကြိမ်မှ မရင်ဆိုင်ဖူးတဲ့ ပြဿနာတွေကို ဒီရာသီမှာ ရင်ဆိုင်လာရတာကြောင့် အနာဂတ်မှာ ပိုကောင်းတဲ့ မန်နေဂျာတစ်ဦး ဖြစ်လာနိုင်ကြောင်း ထုတ်ပြောလာပါတယ်။

ဒီရာသီမှာ လီဗာပူးအသင်းဟာ ခံစစ်မှာ မတူညီတဲ့ ဗဟိုခံစစ်အတွဲ အတွဲပေါင်း ၂၀ ထိ သုံးခဲ့ရသလို ကွင်းလယ်အတွဲကိုလည်း အကြိမ်ကြိမ် ပြောင်းလဲခဲ့ရပြီဖြစ်တယ်။ ပွဲနေ့အတွက် အထူးပြင်ဆင်ထားတဲ့ လူစာရင်းက ပွဲနေ့ နီးကပ်လာချိန်မှာ အပြောင်းအလဲ လုပ်လိုက်ရတာက မထူးဆန်းတော့တဲ့ ကိစ္စတောင် ဖြစ်လာခဲ့ပါတယ်။

ကလော့ပ်က ” ပြဿနာတွေ အများစုက ဒဏ်ရာအခြေအနေတွေရဲ့ အကျိုးဆက်ပါပဲ။ ဒီရာသီမှာ ကျနေ်ာတို့က ပြဿနာသစ်တွေကို ရင်ဆိုင်နေရတယ်။ ဒါမျိုးကို ကျနော် မန်နေဂျာဘဝမှာ လုံးဝ ရင်ဆိုင်ဖူးခြင်း မရှိပါဘူး။

ကျနော်ရဲ့ မန်နေဂျာသက်တမ်း နှစ်ပေါင်း ၂၀ အတွင်းမှာ အပတ်တိုင်းမှာ ခံစစ်ကို အပြောင်းအလဲတွေ လုပ်နေရပါတယ်။ ဒီရာသီပြီးရင်တော့ ကျနော်ဟာ အရင်တုန်းကထက် ပိုကောင်းတဲ့ မန်နေဂျာတစ်ယောက် ဖြစ်လာမှာပါ။ ပုံမှန်အားဖြင့် ကျနော် စဉ်းစားဖို့ မလိုအပ်တဲ့ ကိစ္စတွေကို အခုချိန်မှာ ပုံမှန်လို စဉ်းစားလာနေရပြီ ဖြစ်ပါတယ်။

ကျနော်တို့ တစ်ပတ်လုံး အတူ လေ့ကျင့်ကြတယ် မဟုတ်ရင်လည်း ရက်အနည်းငယ်လောက် လေ့ကျင့်ခွင့် ရပါတယ်။ အထူး ရွေးချယ်ထားတဲ့ လူစာရင်းတစ်ခုကို လေ့ကျင့်ပြီး နောက်ရက်မှာပဲ ဒဏ်ရာကြောင့် လူစာရင်းကို ပြောင်းလဲလိုက်ရပြန်တယ်။

ဘောလုံးမှာ ဒါက လုပ်ဆောင်ဖို့ ခက်ခဲတဲ့ ကိစ္စဖြစ်ပြီး ကျနေ်ာတို့ကတော့ လုပ်နေရပါတယ်။ ဒါက ဆင်ခြေပေးတာပါလို့ လူတွေက ပြောကြပါလိမ့်မယ်။ ကျနေ်ာတို့ ဆင်ခြေပေးတာ မဟုတ်ပါဘူး။ မင်းတို့တွေ မေးခွန်းမေးမယ်ဆိုရင် ဘာကြောင့် အပြောင်းအလဲတွေ လုပ်နေရတယ်ဆိုတာအတွက် အဖြေက ဒါပါပဲ ” လို့ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ခံစစ်သမားတွေအပြင် ဖာဘင်ညို၊ ဂျိုတာ၊ ကိတ်တာတို့ကလည်း ကြံ့ခိုင်မှုတွေ ရုန်းကန်လာရချိန်မှာတော့ လူစာရင်း တည်ငြိမ်ဖို့အတွက် ခက်ခဲမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က သူ႔ရဲ႕ မန္ေနဂ်ာဘဝတစ္ေလွ်ာက္ တစ္ၾကိမ္မွ မရင္ဆိုင္ဖူးတဲ့ ျပႆနာေတြကို ဒီရာသီမွာ ရင္ဆိုင္လာရတာေၾကာင့္ အနာဂတ္မွာ ပိုေကာင္းတဲ့ မန္ေနဂ်ာတစ္ဦး ျဖစ္လာႏုိင္ေၾကာင္း ထုတ္ေျပာလာပါတယ္။

ဒီရာသီမွာ လီဗာပူးအသင္းဟာ ခံစစ္မွာ မတူညီတဲ့ ဗဟိုခံစစ္အတြဲ အတြဲေပါင္း ၂၀ ထိ သံုးခဲ့ရသလို ကြင္းလယ္အတြဲကိုလည္း အၾကိမ္ၾကိမ္ ေျပာင္းလဲခဲ့ရျပီျဖစ္တယ္။ ပြဲေန႔အတြက္ အထူးျပင္ဆင္ထားတဲ့ လူစာရင္းက ပြဲေန႔ နီးကပ္လာခ်ိန္မွာ အေျပာင္းအလဲ လုပ္လိုက္ရတာက မထူးဆန္းေတာ့တဲ့ ကိစၥေတာင္ ျဖစ္လာခဲ့ပါတယ္။

ကေလာ့ပ္က ” ျပႆနာေတြ အမ်ားစုက ဒဏ္ရာအေျခအေနေတြရဲ႕ အက်ိဳးဆက္ပါပဲ။ ဒီရာသီမွာ က်ေန္ာတို႔က ျပႆနာသစ္ေတြကို ရင္ဆိုင္ေနရတယ္။ ဒါမ်ိဳးကို က်ေနာ္ မန္ေနဂ်ာဘဝမွာ လံုးဝ ရင္ဆိုင္ဖူးျခင္း မရွိပါဘူး။

က်ေနာ္ရဲ႕ မန္ေနဂ်ာသက္တမ္း ႏွစ္ေပါင္း ၂၀ အတြင္းမွာ အပတ္တိုင္းမွာ ခံစစ္ကို အေျပာင္းအလဲေတြ လုပ္ေနရပါတယ္။ ဒီရာသီျပီးရင္ေတာ့ က်ေနာ္ဟာ အရင္တုန္းကထက္ ပိုေကာင္းတဲ့ မန္ေနဂ်ာတစ္ေယာက္ ျဖစ္လာမွာပါ။ ပံုမွန္အားျဖင့္ က်ေနာ္ စဥ္းစားဖို႔ မလိုအပ္တဲ့ ကိစၥေတြကို အခုခ်ိန္မွာ ပံုမွန္လို စဥ္းစားလာေနရျပီ ျဖစ္ပါတယ္။

က်ေနာ္တို႔ တစ္ပတ္လံုး အတူ ေလ့က်င့္ၾကတယ္ မဟုတ္ရင္လည္း ရက္အနည္းငယ္ေလာက္ ေလ့က်င့္ခြင့္ ရပါတယ္။ အထူး ေရြးခ်ယ္ထားတဲ့ လူစာရင္းတစ္ခုကို ေလ့က်င့္ျပီး ေနာက္ရက္မွာပဲ ဒဏ္ရာေၾကာင့္ လူစာရင္းကို ေျပာင္းလဲလိုက္ရျပန္တယ္။

ေဘာလံုးမွာ ဒါက လုပ္ေဆာင္ဖို႔ ခက္ခဲတဲ့ ကိစၥျဖစ္ျပီး က်ေန္ာတို႔ကေတာ့ လုပ္ေနရပါတယ္။ ဒါက ဆင္ေျခေပးတာပါလို႔ လူေတြက ေျပာၾကပါလိမ့္မယ္။ က်ေန္ာတို႔ ဆင္ေျခေပးတာ မဟုတ္ပါဘူး။ မင္းတို႔ေတြ ေမးခြန္းေမးမယ္ဆိုရင္ ဘာေၾကာင့္ အေျပာင္းအလဲေတြ လုပ္ေနရတယ္ဆိုတာအတြက္ အေျဖက ဒါပါပဲ ” လို႔ ေျဖဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ခံစစ္သမားေတြအျပင္ ဖာဘင္ညိဳ၊ ဂ်ိဳတာ၊ ကိတ္တာတို႔ကလည္း ၾကံ႕ခိုင္မႈေတြ ရုန္းကန္လာရခ်ိန္မွာေတာ့ လူစာရင္း တည္ျငိမ္ဖို႔အတြက္ ခက္ခဲမႈေတြ ရွိလာေနတာ ျဖစ္ပါတယ္။