လီဗာပူးအသင်းက လိုက်ဇစ်နဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ၁၆ သင်းပြိုင်ပွဲ ရံှူးထွက်အဆင့် ဒုတိယအကျော့ကို ဟန်ဂေရီနိုင်ငံ ဘူဒါပက်ခ်မှာ ပြန်လည် ရင်ဆိုင်ဖို့အား အတည်ပြုလိုက်ပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်ဆိုင်ရာ ကန့်သတ်ချက်တွေအတိုင်း လိုက်နာ ကျင်းပမယ့် အဆိုပါပွဲအကြောင်း ဟန်ဂေရီ ဘောလုံးအဖွဲ့ချုပ်နဲ့ ယူအီးအက်ဖ်အေကလည်း အတည်ပြုခဲ့ပြီဖြစ်တယ်။ ဒါကြောင့် လီဗာပူးနဲ့ လိုက်ဇစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲက တူညီတဲ့ ကွင်းအတွင်းမှာပဲ နှစ်ကျော့လုံး ကစားမှု ဖြစ်လာပါလိမ့်မယ်။

ပထမအကျော့တုန်းက လီဗာပူးက ၂-၀ ဖြင့် အနိုင်ထားခဲ့တာဖြစ်ကာ ဒုတိယအကျော့က မတ်လ ၁၀ ရက်နေ့မှာ တူညီတဲ့ အချိန်မှာပဲ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေဘက်က ပွဲစဉ်နဲ့ ပက်သက်လို့ ကြေညာချက်မှာ ကလပ်နှစ်သင်းကော ဟန်ဂေရီ ဘောလုံးအဖွဲ့ချုပ်ကပါ အဆိုပါ ကိစ္စကို သဘောတူညီခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။

ဂျာမနီနဲ့ အင်္ဂလန်တို့ဟာ ကိုဗစ်ကပ်ဘေးမှာ ခရီးသွားလာခွင့်တွေနဲ့ ပက်သက်လို့ ကန့်သတ်မှုတွေ ရှိရာက ကြားကွင်းကစားဖို့ ဖြစ်လာခဲ့တာပါ။ ဂျာမနီအစိုးရဘက်က ပထမအကျော့ပွဲအဖြစ် လီဗာပူးကို ဂျာမနီတွင်း ဝင်လာဖို့ကို ကန့်သတ်မှုတွေ လုပ်ခဲ့သလို ဒုတိယအကျော့ပွဲအဖြစ် လိုက်ဇစ်ကလည်း ကန့်သတ်မှုတွေကို ရင်ဆိုင်နေရတယ်။

နှစ်သင်းလုံး အဆင်ပြေမယ့် နည်းလမ်းအဖြစ် အခုလို ကြားကွင်းကစားဖို့ သဘောတူညီမှု ရခဲ့တာဖြစ်တယ်။ ဟန်ဂေရီရဲ့ ပူးစကတ်စ်ကွင်းမှာတော့ မန်စီးတီးနဲ့ မွန်ချန်ဂလာဘတ်တို့ရဲ့ ပွဲကိုလည်း ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက လိုက္ဇစ္နဲ႔ ယွဥ္ျပိဳင္မယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းျပိဳင္ပြဲ ရံွဴးထြက္အဆင့္ ဒုတိယအေက်ာ့ကို ဟန္ေဂရီႏုိင္ငံ ဘူဒါပက္ခ္မွာ ျပန္လည္ ရင္ဆိုင္ဖို႔အား အတည္ျပဳလိုက္ျပီျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြအတိုင္း လိုက္နာ က်င္းပမယ့္ အဆိုပါပြဲအေၾကာင္း ဟန္ေဂရီ ေဘာလံုးအဖြဲ႔ခ်ဳပ္နဲ႔ ယူအီးအက္ဖ္ေအကလည္း အတည္ျပဳခ့ဲျပီျဖစ္တယ္။ ဒါေၾကာင့္ လီဗာပူးနဲ႔ လိုက္ဇစ္တို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲက တူညီတဲ့ ကြင္းအတြင္းမွာပဲ ႏွစ္ေက်ာ့လံုး ကစားမႈ ျဖစ္လာပါလိမ့္မယ္။

ပထမအေက်ာ့တုန္းက လီဗာပူးက ၂-၀ ျဖင့္ အႏုိင္ထားခဲ့တာျဖစ္ကာ ဒုတိယအေက်ာ့က မတ္လ ၁၀ ရက္ေန႔မွာ တူညီတဲ့ အခ်ိန္မွာပဲ ယွဥ္ျပိဳင္သြားမွာ ျဖစ္ပါတယ္။ ယူအီးအက္ဖ္ေအဘက္က ပြဲစဥ္နဲ႔ ပက္သက္လို႔ ေၾကညာခ်က္မွာ ကလပ္ႏွစ္သင္းေကာ ဟန္ေဂရီ ေဘာလံုးအဖြဲ႔ခ်ဳပ္ကပါ အဆိုပါ ကိစၥကို သေဘာတူညီခဲ့ျပီလို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဂ်ာမနီနဲ႔ အဂၤလန္တို႔ဟာ ကိုဗစ္ကပ္ေဘးမွာ ခရီးသြားလာခြင့္ေတြနဲ႔ ပက္သက္လို႔ ကန္႔သတ္မႈေတြ ရွိရာက ၾကားကြင္းကစားဖို႔ ျဖစ္လာခဲ့တာပါ။ ဂ်ာမနီအစိုးရဘက္က ပထမအေက်ာ့ပြဲအျဖစ္ လီဗာပူးကို ဂ်ာမနီတြင္း ဝင္လာဖို႔ကို ကန္႔သတ္မႈေတြ လုပ္ခဲ့သလို ဒုတိယအေက်ာ့ပြဲအျဖစ္ လိုက္ဇစ္ကလည္း ကန္႔သတ္မႈေတြကို ရင္ဆိုင္ေနရတယ္။

ႏွစ္သင္းလံုး အဆင္ေျပမယ့္ နည္းလမ္းအျဖစ္ အခုလို ၾကားကြင္းကစားဖို႔ သေဘာတူညီမႈ ရခဲ့တာျဖစ္တယ္။ ဟန္ေဂရီရဲ႕ ပူးစကတ္စ္ကြင္းမွာေတာ့ မန္စီးတီးနဲ႔ မြန္ခ်န္ဂလာဘတ္တို႔ရဲ႕ ပြဲကိုလည္း ယွဥ္ျပိဳင္ကစားသြားမွာ ျဖစ္ပါတယ္။