ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင် ကြိုးစားနေရတဲ့ ကြီး ၆ ကြီး စာရင်းဝင် ကလပ်နှစ်သင်းဟာ ဒီတစ်ကြိမ်မှာတော့ အန်ဖီးကွင်းမှာ ထိပ်တိုက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်နဲ့ မန်နေဂျာတူချယ်တို့ အင်္ဂလန်မြေမှာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့လာမယ့် ပွဲလည်းဖြစ်တယ်။ ဒီပွဲမှာတော့ လီဗာပူးရဲ့ လူစာရင်းဟာ ဒီလတွေအတွင်း အတောင့်တင်းဆုံးလို့ ပြောရမယ့် အနေအထားကို မြင်ရတာကတော့ အားတက်စရာပဲဖြစ်ပါတယ်။

ခံစစ်မှူးတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ ဒဏ်ရာကြောင့် ပါဝင်နိုင်မှာ မဟုတ်တာက အထူးအဆန်း မဟုတ်ဘူး။ နောက်ထပ် ဒဏ်ရာရ ကစားသမားအဖြစ်တော့ ဟန်ဒါဆန် တစ်ဦးပဲ ရှိနေမှာဖြစ်ကာ ကျန်ကစားသမားတွေ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပါပြီ။

အယ်လီဆန် ဒီပွဲကို ပြန်တာဝန်ယူနိုင်မှာဖြစ်ကာ ခံစစ်အတွက် ခါဘတ်နဲ့ တွဲပြီး ဘယ်သူ့ကို ထုတ်သုံးမလဲက မေးခွန်းတစ်ခုဖြစ်ပါတယ်။ နက်ဖီးလစ် ထပ်မံ ပွဲထွက်ပြီး ဖာဘင်ညို ကွင်းလယ် တက်ကစားတာမျိုး ပရိသတ် မြင်လိုပေမယ့် ဖြစ်လာဖို့ ခဲပါတယ်။ ဖာဘင်ညိုကို ဗဟိုခံစစ်နေရာ သုံးဖို့ကပဲ ပိုမို ဖြစ်နိုင်ချေရှိတယ်။

ကွင်းလယ်နဲ့ တိုက်စစ်ကတော့ ဒီတလော တည်ငြိမ်နေတဲ့ အတွဲအဘက်အဖြစ် သီယာဂို၊ ဝိုက်နယ်ဒမ်၊ ဂျုံးကို ဆာလာ၊ မာနေး၊ ဖာမင်နိုတို့ကို ထောက်ပံ့ဖို့ သုံးမှာဖြစ်တယ်။ ဒီစာရင်းဟာ ဒီနောက်ပိုင်း ကာလတွေမှာ ကလော့ပ် သုံးနေတဲ့ အတည်ငြိမ်ဆုံး လူစာရင်းလည်း ဖြစ်ပါတယ်။

အရန်မှာတော့ ဂျိုတာ၊ ကိတ်တာ၊ ချိန်ဘာလိန်၊ ရှာကွီရီ၊ မီလ်နာတို့ ရှိနေမှာဖြစ်ပြီး ပွဲ အလှည့်အပြောင်းအတွက်တော့ ဂျိုတာ၊ ရှာကွီရီနဲ့ ကိတ်တာတို့က မျှော်လင့်စရာ ကစားသမားတွေ ဖြစ်ကြပါတယ်။

Liverpool’s XI vs. Chelsea

Alisson; Trent, Fabinho, Kabak, Robertson; Thiago, Wijnaldum, Jones; Salah, Mane, Firmino

ZAWGYI

ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အျပိဳင္ ၾကိဳးစားေနရတဲ့ ၾကီး ၆ ၾကီး စာရင္းဝင္ ကလပ္ႏွစ္သင္းဟာ ဒီတစ္ၾကိမ္မွာေတာ့ အန္ဖီးကြင္းမွာ ထိပ္တိုက္ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္နဲ႔ မန္ေနဂ်ာတူခ်ယ္တို႔ အဂၤလန္ေျမမွာ ပထမဆံုးအၾကိမ္ ထိပ္တိုက္ေတြ႔လာမယ့္ ပြဲလည္းျဖစ္တယ္။ ဒီပြဲမွာေတာ့ လီဗာပူးရဲ႕ လူစာရင္းဟာ ဒီလေတြအတြင္း အေတာင့္တင္းဆံုးလို႔ ေျပာရမယ့္ အေနအထားကို ျမင္ရတာကေတာ့ အားတက္စရာပဲျဖစ္ပါတယ္။

ခံစစ္မွဴးေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ ဒဏ္ရာေၾကာင့္ ပါဝင္ႏုိင္မွာ မဟုတ္တာက အထူးအဆန္း မဟုတ္ဘူး။ ေနာက္ထပ္ ဒဏ္ရာရ ကစားသမားအျဖစ္ေတာ့ ဟန္ဒါဆန္ တစ္ဦးပဲ ရွိေနမွာျဖစ္ကာ က်န္ကစားသမားေတြ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနပါျပီ။

အယ္လီဆန္ ဒီပြဲကို ျပန္တာဝန္ယူႏုိင္မွာျဖစ္ကာ ခံစစ္အတြက္ ခါဘတ္နဲ႔ တြဲျပီး ဘယ္သူ႔ကို ထုတ္သံုးမလဲက ေမးခြန္းတစ္ခုျဖစ္ပါတယ္။ နက္ဖီးလစ္ ထပ္မံ ပြဲထြက္ျပီး ဖာဘင္ညိဳ ကြင္းလယ္ တက္ကစားတာမ်ိဳး ပရိသတ္ ျမင္လိုေပမယ့္ ျဖစ္လာဖို႔ ခဲပါတယ္။ ဖာဘင္ညိဳကို ဗဟိုခံစစ္ေနရာ သံုးဖို႔ကပဲ ပိုမို ျဖစ္ႏုိင္ေခ်ရွိတယ္။

ကြင္းလယ္နဲ႔ တိုက္စစ္ကေတာ့ ဒီတေလာ တည္ျငိမ္ေနတဲ့ အတြဲအဘက္အျဖစ္ သီယာဂို၊ ဝိုက္နယ္ဒမ္၊ ဂ်ံဳးကို ဆာလာ၊ မာေနး၊ ဖာမင္ႏိုတို႔ကို ေထာက္ပံ့ဖို႔ သံုးမွာျဖစ္တယ္။ ဒီစာရင္းဟာ ဒီေနာက္ပိုင္း ကာလေတြမွာ ကေလာ့ပ္ သံုးေနတဲ့ အတည္ျငိမ္ဆံုး လူစာရင္းလည္း ျဖစ္ပါတယ္။

အရန္မွာေတာ့ ဂ်ိဳတာ၊ ကိတ္တာ၊ ခ်ိန္ဘာလိန္၊ ရွာကီြရီ၊ မီလ္နာတို႔ ရွိေနမွာျဖစ္ျပီး ပြဲ အလွည့္အေျပာင္းအတြက္ေတာ့ ဂ်ိဳတာ၊ ရွာကီြရီနဲ႔ ကိတ္တာတို႔က ေမွ်ာ္လင့္စရာ ကစားသမားေတြ ျဖစ္ၾကပါတယ္။